Sunday, June 24, 2012

တရုတ်နှင့်ဘူတန်တို့သည် တရားဝင်သံတမန်ဆက်ဆံရေးများခိုင်မာအောင်ကြိုးပမ်းရန် အသင့်ရှိသည်ဟုဆို

Posted by drmyochit Sunday, June 24, 2012, under | No comments


            တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် ဘူတန်ဝန်ကြီးချုပ် ဂျစ်မီသင်လေတို့သည် Rio+20 ထိပ်သီးဆွေးနွေးပွဲ၌ ဇွန်လ ၂၁ ရက်နေ့က သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံကြား တရားဝင်သံတမန် ဆက်ဆံရေးများထူထောင်ရန် ဆွေးနွေး ခဲ့ကြောင်း Xinhua
သတင်း တစ်ရပ်အရသိရှိရပါသည်။ ထိုင်ဝမ်နှင့်တိဘတ်အရေးတို့နှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ဘူတန်နိုင်ငံက အခိုင်အမာထောက်ခံပေးမှုအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်အား အခြေခံ၍ ဘူတန်နိုင်ငံနှင့်တရားဝင်ဆက်ဆံရေးများခိုင်မာအောင် ကြိုးပမ်းရန် အသင့်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဘူတန်နိုင်ငံနှင့်နယ်နိမိတ်သတ်မှတ်မှု အမြန်ဆုံးပြီးမြောက်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာကောင်းမွန်ရန်အတွက် ကဏ္ဍမျိုးစုံအပြန်အလှန် ဆက်ဆံရေးများ တိုးမြှင့်ပြုလုပ်ရန်လိုလားကြောင်း ဝမ်ကြားပေါင်ကပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံက ဒေသတွင်းနှင့်နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအ စီးပွားများ ကာကွယ်စောင့်ရှောက်ရေးကြိုးပမ်းအားထုတ်မှုအား ဘူတန်အနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း၊ ဘူတန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာထောက်ခံပြီး တရုတ်နိုင်ငံနှင့်နားလည်မှုခိုင်မာပြီး ရင်းနှီးစွာ ဆက်ဆံသွားရန် အထူးလိုလားကြောင်း၊ ဘူတန်နိုင်ငံအနေဖြင့် နယ်နိမိတ်ကိစ္စများတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်ရေး ပုံစံတစ်ရပ်ချမှတ်သွားရန်၊ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့်ပြည်သူ အချင်းချင်းအပြန်အလှန်ဆက်ဆံမှုတို့ကောင်းမွန်လာစေရန်နှင့်ဒေသတွင်းနှင့်နိုင်ငံတကာရေးရာများတွင် နီးကပ်သော ဆက်ဆံရေးနှင့်ညှိနှိုင်းဆောင်ရွက်ရေးတို့ ဆက်လက်လုပ်ဆောင်သွားရန်ဆန္ဒရှိပါကြောင်း သင်လေက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်