ကမ္ဘောဒီးယားနိုင်ငံ၏
စစ်ပွဲအကြွင်းအကျန်မိုင်းနှင့် ဖောက်ခွဲရေးဆိုင်ရာ အဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်
ပထမ ၅ လအတွင်း မြေမြှုပ်မိုင်းများ ကြောင့်
လူ ၂၀ ဦးသေဆုံးခဲ့ပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ဖနွမ်းပင်မြို့၏အနောက်မြောက်ဘက်
ကီလိုမီတာ ၄၀၀ အကွာ Banteay Meanchey ပြည်နယ်၌ ဖေဖော်ဝါရီလတွင် တင့်ဖျက်မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ
လူ ၈ ဦး သေဆုံးခဲ့ပါသည်။ ၁၉၇၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် မေလအတွင်း မြေမြှုပ်မိုင်းများကြောင့်
လူပေါင်း၁၉,၆၃၉ ဦး သေဆုံးခဲ့ပြီး ၄၄, ၄၇၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါအစီရင်ခံစာအရ
သိရှိရပါသည်။
0 comments:
Post a Comment