ဇွန်လ ၂၁ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှ ပစ်ခတ်လိုက်သော
ဒုံးကျည် ၂ စင်းသည် အစ္စရေးနိုင်ငံ တောင်ပြိုင်း Ashkelon ကမ်းရိုးတန်းဒေသတွင်းသို့ ကျရောက်ခဲ့ကြောင်းနှင့်အဆိုပါဒုံးကျည်ကျရောက်ပေါက်ကွဲမှု
ကြောင့် သေဆုံးဒဏ်ရာရရှိမှုမရှိကြောင်း Xinhua
သတင်းတစ်ရပ်အရသိရှိရပါသည်။ အဆိုပါပစ်ခတ် တိုက်ခိုက်မှုသည်
အစ္စရေးနှင့်ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ်တို့အကြား ပဋိပက္ခဖြစ်နေစဉ် လတ်တလော ပေါ်ပေါက်လာခြင်းဖြစ်ပြီး
ဒုံးပျံတစ်စင်းအား အစ္စရေးနိုင်ငံ၏ Iron Dome ဒုံးခွင်းဒုံးစနစ်ဖြင့် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးနိုင်ငံသည် လွန်ခဲ့သောရက်များက ဂါဇာ ကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံ
တောင်ပြိုင်းအတွင်းသို့ ဒုံးကျည်ပစ်ခတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂသို့ တရားဝင်တိုင်ကြားမှုပြုလုပ်ခဲ့ပါသည်။
အစ္စရေးပြည်သူ ၁ သန်းခန့်သည် ထိုကဲ့သို့ ဒုံးကျည်များဖြင့်ပစ်ခတ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍
စိတ်သောက ရောက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီး Ron Prosor က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့
တိုင်ကြားခဲ့ ကြောင်းသိရှိရပါသည်။
Sunday, June 24, 2012
ဂါဇာဒေသမှပစ်ခတ်လိုက်သောဒုံးကျည် ၂ စင်း အစ္စရေးနိုင်ငံတောင်ပြိုင်းသို့ ကျရောက်ခဲ့ခြင်း
Posted by drmyochit
Sunday, June 24, 2012, under နိုင်ငံတကာသတင်းများ | No comments
0 comments:
Post a Comment