Sunday, June 24, 2012

တောင်ကိုရီးယား၊ ဂျပန်နှင့်အမေရိကန်နိုင်ငံတို့သည် စစ်ရေးလေ့ကျင့်ခန်းများကို စတင်ပြုလုပ်လျက်ရှိခြင်း

Posted by drmyochit Sunday, June 24, 2012, under | No comments

တောင်ကိုရီးယား၊ဂျပန်နှင့်အမေရိကန်နိုင်ငံတို့သည် ရန်စမှုတစ်ရပ်အဖြစ် မြောက်ကိုရီးယားနိုင်ငံက ပြစ်တင်ရှုတ်ချထားသည့် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်ကို ဇွန်လ ၂၁ ရက်နေ့မှစ၍ ရက်ကြာ
ပြုလုပ် လျက်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု AFP သတင်းတစ်ရပ် အရသိရှိရ ပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် ဖျက်သင်္ဘောများ၊ ထောက်ပံ့ရေး သင်္ဘောများနှင့်ရဟတ်ယာဉ်များ ပါဝင်မည်ဖြစ်ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးမစ်ရှင်များကဲ့သို့သော လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများကို လက်တွေ့ လေ့ကျင့်မှု ပြုလုပ် သွားမည်ဖြစ်သော်လည်း ကျည်စစ်ကျည်မှန် များဖြင့်ပစ်ခတ်သောလေ့ကျင့်ခန်းများကို ထည့်သွင်းပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း အဆိုပါဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။ အဆိုပါ နိုင်ငံကပြုလုပ်နေသော စစ်ရေး လေ့ကျင့်ခန်းသည် အရှေ့မြောက်အာရှဒေသတွင် စစ်ပွဲတစ်ရပ်ဖြစ်စေရန်ခြိမ်းခြောက် နေပြီး မြောက်ကိုရီးယားပြည်သူ များနှင့်စစ်ဘက်သည် အဆိုပါ လေ့ကျင့်ခန်းကိုစောင့်ကြည့်လျက်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပြိုင် Rodong Sinmun သတင်းစာတွင်ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်သည့် George Washington သည် ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပင်လယ်ဝါတွင် တောင်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်မည့် သီးခြားလေ့ကျင့်ခန်း တစ်ခု၌ ပါဝင်လေ့ကျင့်မှုမပြုမီ ဇွန်လ ၂၂ ရက်နေ့လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် တောင်ကိုရီးယားလေတပ်သည် သြစတြေးလျနှင့်စင်ကာပူလေတပ် တပ်ဖွဲ့ဝင်များ အပါအဝင် ဂျပန်နိုင်ငံ၌ ဇူလိုင်လအစောပြိုင်းတွင်ပြုလုပ်မည့် ကြားဖြတ်တိုက်ခိုက်ရေးလေ့ကျင့်ခန်းတစ်ရပ် တွင်လည်း ပါဝင်လေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်