အီဂျစ်သမ္မတရွေးကောက်ပွဲ
တရားဝင်ရလဒ်များအား ဇွန်လ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ၁၇၀၀ နာရီ(ဂရင်းနစ်စံတော်ချိန်
၁၃၀၀ နာရီ)တွင် ကြေညာမည်ဖြစ်ကြောင်း အီဂျစ်ရုပ်/သံက ဇွန်လ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့
ပါသည်။ ဇွန်လ ၁၆-၁၇ ရက်နေ့များတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲရလဒ်များ အား ယခင်က ၁၉
ရက်နေ့တွင်ထုတ်ပြန်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ ဆိုင်ရာ ချိုးဖောက်မှုသတင်း ပေးပို့ချက်
၄၀၀ ခန့်အား စိစစ်ရန် ပိုမိုလိုအပ် ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်နေ့တွင်
ထုတ်ပြန်ခဲ့ ပါသည်။ မွတ်စလင်ညီအစ်များအဖွဲ့မှ မိုဟာမက်မာဆီနှင့် မူဘာရက်လက်ထက် တွင်
ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ အာမက်ရှာပစ်တို့ နှစ်ဦးစလုံးက အနိုင်ရရှိကြောင်း
အခိုင်အမာပြောကြားလျက်ရှိပါသည်။
Time in Rangoon

0 comments:
Post a Comment