(၁၆)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာဖိုရမ်အား
ဇွန်လ ၂၁ ရက်နေ့က ရုရှားနိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးပြန်လည်ဦးမော့လာစေရေးကိစ္စရပ်များနှင့်ပတ်သက်၍
ဆွေးနွေးခဲ့ကြကြောင်း Xinhua သတင်းတစ်ရပ်အရ
သိရှိရပါသည်။ အဆိုပါအစည်းအဝေး၌ အလည်အပတ်ရောက်ရှိ
နေသော တရုတ်ကွန်မြူနစ် ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟီကျိုကျင်းတက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း၊
တရုတ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုများအားလုံးကို ဖြေရှင်းနိုင်ရေးအတွက် အခြားသောနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်
သွားရန်ဆန္ဒ ရှိပါကြောင်းနှင့်တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အခြားသောနိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုအား
အခွင့်အလမ်း တစ်ရပ်အဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ရုရှားနိုင်ငံအနေဖြင့်လည်း တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကိုထိန်းသိမ်း၍ နိုင်ငံ၏ဈေးကွက်အတွင်း
ပြိုင်ဆိုင်မှုများကို အထောက်အကူဖြစ်စေမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါသည်။ အဆိုပါ စီးပွားရေးပြုပြင် ပြောင်းလဲမှုသည်
နိုင်ငံအတွင်းရှိ လူမှုအဖွဲ့အစည်းနှင့်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုစနစ်ကို ထိရောက်မှု ဖြစ်စေခြင်း၊
တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့်ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၌ ပြိုင်ဆိုင်လုပ်ကိုင်မှု
များတိုးတက်လာစေရေး အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဆိုပါပြုပြင်ပြောင်းလဲမှုများသည်
ရုရှားပြည်သူအားလုံးနှင့်စီးပွားရေးအဖွဲ့အစည်းများအတွက် လွန်စွာအရေးကြီးကြောင်း ပူတင်ကထပ်လောင်း
ပြောကြားခဲ့ပါသည်။ ရုရှား နိုင်ငံအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏအား
GDP ၏ ၂၇ ရာခိုင်နှုန်းတိုးမြှင့်သွား
မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံတွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကမ္ဘာ့အဆင့်
၈ ရှိကြောင်း ပူတင်က ပြောကြားခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်အတွင်းက ရုရှားနိုင်ငံ၏ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ
အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံရှိပြီး ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဖိုရမ်သို့
ကမ္ဘာတစ်ဝန်းမှကိုယ်စားလှယ် ၅ဝဝဝ ကျော် တက်ရောက်ခဲ့ကြကြောင်း၊ ၄င်းဖိုရမ်အား ၁၉၉၇ ခုနှစ်က
စတင်တည်ထောင်ခဲ့ကြောင်းနှင့်နောက်ပြိုင်းတွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဲ့သို့သောကိစ္စရပ်များကိုဆွေးနွေးသည့်
ဖိုရမ်တစ်ရပ်ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။
Sunday, June 24, 2012
(၁၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာဖိုရမ်အား စတင်ကျင်းပခဲ့ခြင်း
Posted by drmyochit
Sunday, June 24, 2012, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment