ရန်ကုန်၊ မေ ၁၈။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စစ်ကိုင်းတိုင်း တရားသူကြီး၏ မတရား စွပ်စွဲမှု များ ခံရပြီး ရာထူးမှ ခေတ္တရပ်ဆိုင်းခံ ထားရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံရသော ဒုတရားသူကြီး ကိုသော် မင်းထွေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
“အစ်ကိုက အရာတော်မှာ အမှုစစ်တဲ့အခါ မှန်ကန်တယ်။ လာဘ်မယူဘူး။ အဲ့ဒါကို တိုင်းတရားသူကြီးက ကြည့်မ ရတော့ အပြစ်ရှာတယ်။ နောက်တော့ကျွန်တော့ကို ပါတီနိုင်ငံရေး မကင်းဘူးဆိုပြီး ဘယ်ပါတီမှ မပါဘဲ နဲ့ အတိုင်ခံရတယ်။ သူ့မိန့်နဲ့ ခရိုင်က လာစစ်တယ်။ နေပြည် တော်က စာကျလာတော့ ခရိုင်ဒု ဦးစီးမှူး အဖြစ်...