Saturday, May 18, 2013

၁၅၀၀ ဖုန်းပျောက်လျှင်တိုင်းဒေသကြီး၊ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာရုံးများတွင်ပြန်လျှောက်နိုင်

Posted by drmyochit Saturday, May 18, 2013, under | No comments


၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်  မှာစတင်ရောင်းချခဲ့သော MECTEL အမှတ်တံဆိပ်ပါ CDMA-800 MAz (1500) တန် ဆင်းကတ်ပျောက်ဆုံးပါက မြန်မာ့  ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသ ကြီး၊ ပြည်နယ်မန်နေဂျာရုံးခန်းများ  မှာ ပြန်လည်လျောက်ထားနိုင်ကြောင်း   သိရသည်။ MECTEL CDMA- 800 MHz မိုဘိုင်းတယ်လီဖုန်း ကတ်ပျောက်ဆုံးပါက ကျပ် (၂၀၀၀၀) ပေးသွင်း ၍ ပြန် လည် လျှောက်ထား ရမှာဖြစ်ပြီးMECTEL မိုဘိုင်း တယ်လီဖုန်းကတ်  ပျက်စီးပါကတိုင်းဒေသကြီး ပြည် နယ်မန်နေဂျာရုံးခန်းများမှ အခမဲ့ လျှောက်ထား ရယူနိုင်သည်။

အဆိုပါ တန်ဖိုးနည်းCDMA- 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ်   သည်လက်ရှိမိုဘိုင်းတယ်လီဖုန်း  များကဲ့ သို့အတွက်ခေါ် ဆိုမှုအတွက်   တစ်မိနစ် (၅၀) ကျပ်ဖြစ်ပြီးအ၀င်  ခေါ်ဆိုမှုအတွက်ငွေပေးဆောင်ရန်   မလိုပေ။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ် လီဖုန်းများအားကြိုတင်ငွေဖြည့်  ကတ် အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ သို့ဖုန်းခေါ်ဆိုနိုင်ပြီး ပြည်ပသို့ တယ်လီ ဖုန်းခေါ် ဆိုလိုပါကMECTELအမှတ်တံဆိပ်ပါနိုင်ငံ ခြားငွေကြိုတင်ငွေဖြည့်ကတ်များကို   အသုံးပြုခေါ်ဆိုနိုင်သည်။ အင်တာ နက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA-800 MHz မိုဘိုင်း   တယ်လီ ဖုန်းများ ကဲ့သို့တစ်မိနစ် အသုံးပြုခ (၄) ကျပ်ဖြစ်သည်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်များရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတိုင်းဒေသကြီးပြည်နယ်   မန်နေဂျာရုံးမှာ အင်တာ နက် စနစ်ဆက်သွယ်မှုကနဦးတပ်ဆင်  ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်   ထားနိုင်ကြောင်း သိရသည်။


ယဉ်ပပထွန်း
The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်