Wednesday, August 28, 2013

SSPP/SSA အဖွဲ့မှ ကျေးသီးမြို့နယ်တွင် အရွယ်မရောက်သေးသော ဒေသခံကလေးများအား လူသစ်စုဆောင်း လျက်ရှိ

Posted by drmyochit Wednesday, August 28, 2013, under | No comments

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ရှိ ကျေးရွာအုပ်စုများ၌ ရှမ်းပြည်တိုးတက် ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)SSPP/SSA အဖွဲ့မှ ဇူလိုင်လအတွင်းကစ၍ အရွယ်မရောက်သေးသော ဒေသခံကလေးများအား လူသစ်စုဆောင်းလျက်ရှိရာ သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းတွင် ၎င်းကျေးရွာများသို့ လူသစ်ထပ်မံစုဆောင်းရန် ရောက်ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကလေးတွေကို လာခေါ်နေတာပါ။ အသက် ၈ နှစ်နဲ့အထက် ယောကျာင်္း လေးတွေကို ရွေးခေါ်ပြီး ၀မ်ဟိုင်းဌာနချုပ်မှာ လူငယ်ပရဟိတစာသင်ကျောင်းဖွင့်ထားတဲ့အတွက်...

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အိုဘားမား ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိ

Posted by drmyochit Wednesday, August 28, 2013, under | No comments

ဆီးရီးယားကို စစ်ရေးအရ မည်မျှအတိုင်းအတာအထိ တိုက်ခိုက်ရန်အတွက် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရေး အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ပြင်ဆင်နေပြီး မဟာမိတ်နိုင်ငံများကိုလည်း စည်းရုံးထားကြောင်း သိရ အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိ အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်သွားဖွယ်ရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြေကြားလိုက်သည်။ အစောဆုံး ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) တွင် ဆီးရီးယားကို အကန့်အသတ်ထားရှိသော စစ်ရေးတိုက်ခိုက်မှု စတင်ပြုလုပ်ရန်...

မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမီးများ အများဆုံးပါဝင်

Posted by drmyochit Wednesday, August 28, 2013, under | No comments

မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ် ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။ ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ် တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။  ''ဒီနှစ်လာရောက်ဆေးဖြတ်...

အနုပညာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးမရှိဟု အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး အိချောပို ပြော

Posted by drmyochit Wednesday, August 28, 2013, under | No comments

ဒါရိုက်တာဝင်းထွန်း ထွန်းရိုက်ကူးနေတဲ့ 'ကျွန် တော် နဲ့အဖေ' ဇာတ် ကားမှာ အိချောပိုက လူမင်း၊ မြင့်မြတ်၊ လှမျိုးသဉ္ဇာနွယ်၊ ယုသန္တာတင်၊ မေပန်းချီတို့နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုက ပန်းရံအလုပ်သမားတစ်ယောက် ဖြစ်ပြီး မြင့်မြတ်ရဲ့ ချစ်သူအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဒရာမာ ဇာတ်ကားလေးဖြစ် တယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပရိသတ်ရဲ့ အမြင်မရိုး သွားအောင် အတတ်နိုင်ဆုံး ပြင်ဆင် ဖြစ် တယ်လို့ ဆိုလာတဲ့ အိချောပိုက ......

Real Bokeh v2.0 for Android

Posted by drmyochit Wednesday, August 28, 2013, under | No comments

ဖုန်းနဲ့ဓာတ်ပုံရိုက်ဝါသနာပါတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ဆောင်ထားသင့်တဲ့ application လေးဖြစ်တဲ့ Real Bokeh ကိုတင်ပေးလိုက်ပါတယ်။ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Romatic ဆန်ဆန် ရွှေရောင် Colour နဲ့အခြား effect လေးတွေထည့်ပေးနိုင်ပါတယ်။ ဒီဆော့ဝဲလေးနဲ့ ပြင်လိုက်တဲ့ ဓာတ်ပုံလေးတွေက အရောင်အသွေးတော်တော်လေးကို လှသွားလို့ တော်တော်နှစ်သက်ဖို့ကောင်းတဲ့ application လေးတစ်ခုပါပဲ။ Real Bokeh v2.0 for Android ကို Google Play မှာ ၂ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို Myanmar...

ဆက်သွယ်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု

Posted by drmyochit Wednesday, August 28, 2013, under | No comments

ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အကြား သဘောကွဲလွဲချက် ၁၀ချက်ကို သြဂုတ်လ ၂၇ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဆန္ဒမဲခံယူ၍ အတည်ပြုလိုက်ပြီဖြစ်သည်ဟု သိရသည်။ ဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်၏ သဘောကွဲလွဲချက်များ အပိုဒ် ၁၀ပိုဒ်ရှိရာ တစ်ပိုဒ်ချင်းစီကို ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက်များ ဖြည့်စွက်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောဆန္ဒခံယူကာ ယင်းအပိုဒ်များကိ ဥပဒေကြမ်း၏...

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

Posted by drmyochit Wednesday, August 28, 2013, under | No comments

ကဲ...အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ။ လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ရဲ့ကြောချင်းကြောထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်။ ကျန်တဲ့လက်ချောင်းများက ထိပ်ချင်းထိပ်ထိနေပါစေ။ ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။ လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ။ လက်မဆိုတာ မိဘကိုဆိုလိုတာပါ။ လက်မကိုခွါလို့ ရပါတယ်။ လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ် ဒါကြောင့် ခွါလို့ရတာပါ။ နောက်လက်မကိုပြန်ထိလိုက်ပြီး...

Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာ ယှဉ်ပြိုင်မည်

Posted by drmyochit Wednesday, August 28, 2013, under | No comments

ရှရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလအတွင်း (၆၁) ကြိမ်မြောက်အဖြစ် ကျင်းပမည် ဖြစ်သော Miss Universe အလှမယ် ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Miss Myanmar Universe Organization တာဝန်ယူထားသော Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ်က ပြောကြားသည်။ အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း...

သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ်ဒီဇိုင်းအတွက် နယူးဇီလန်ဝန်ကြီးချုပ် ဂုဏ်ယူ

Posted by drmyochit Wednesday, August 28, 2013, under | No comments

နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗ လာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲ တခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စ ကေးဟာ ကိုယ့် ကိုယ်ကိုယ် အ၀တ်ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့...

" ကလေးသူငယ်တွေအတွက် မိခင်တွေရဲ့စာနာစကားသံ "

Posted by drmyochit Wednesday, August 28, 2013, under | No comments

ကလေးသူငယ်တွေဆိုတာ အနာဂတ်အတွက် ခွန်အားတွေလို့ ပြောလို့ရပါတယ်။ လောကကို အလှ ဆင်ကြမယ့် ကလေး သူငယ်လေးတွေဟာ အရွယ်နဲ့မလိုက်အောင် ခက်ထန်ကြမ်းတမ်းပြီး အန္တရယ်ကြီးမားတဲ့ ဘဝမျိုးတွေ၊လူ့အဖွဲ့အစည်းအတွင်းမှာ ရော၊ မိခင်တွေကပါ အပစ်ပယ်ခံ ဘဝမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။အဲဒီလိုတွေ့ဆုံမှုတွေကို စာနာနားလည်ပေးတဲ့ မိခင်များရဲ့ စကားသံ များကိုဖော်ပြလိုက်ပါတယ်။ထွန်းအိန္ဒြာဗို" ကလေးတွေက သူ့ ပတ်ဝန်းကျင်က သူ့ကို တကယ် ချစ်တယ်ဆိုတာ ယုံကြည်အောင် ကိုယ်က တည်ဆောက် ပေးရမှာလေ။...

အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက်ပံ့ပေးတယ်ဆိုရင်ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ (ပိုးအိဖြူဇင် နှင့်တွေဆုံခြင်း)

Posted by drmyochit Wednesday, August 28, 2013, under | No comments

မော်ဒယ်လောကတွင် နာမည်တစ်ခုရဖို့ဆိုတာ အင်မတန်မှခက်ခဲသည့် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ အလှကမ္ဘာလို့ တင်စားခေါ်ဝေါ် ကြသည့် မော်ဒယ်လောကတွင် ရှိုးပွဲများအများဆုံးလျှောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်ကိုကူးပြောင်းမည့် ပိုးအိဖြူဇင်နှင့် အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ မေး - မော်ဒယ်လောကကို စဝင်ဖြစ်တဲ့အကြောင်း ကရော။ ဖြေ - ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်က စတင် ပြီး ဝင်ရောက်ခဲ့တယ်။ နောက်ပိုင်းမှာ မော်ဒယ် ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်။ Miss People...

အမျိုးသမီး၏ပါးကို သံပြားဝိုင်းဖြင့် လှီးခဲ့သူများ၏ပုံတူများ ရဲကရရှိထားပြီ

Posted by drmyochit Wednesday, August 28, 2013, under | No comments

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးကို သံပြားဝိုင်းဖြင့် လှီးခြစ်ပြီး ထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် အမြန်စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းလွင်က ဆိုသည်။ ပြစ်မှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအနက် တစ်ဦးသည် နှာတံချွန်ပြီး အသားညိုကာ အရပ်မှာ ငါးပေငါးလက်မ ခန့် ရှိကြောင်း၊ ကျန်တစ်ဦးမှာ မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အရပ်ပုပြီး အရပ်ငါးပေ နှစ်လက်မခန့် ရှိသည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရန်ကုန်တိုင်းရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။ ထိုသို့...

ပရိသတ်ကို ပါးစပ်အဟောင်းသားဖြစ်အောင် ဖျော်ဖြေခဲ့တဲ့ မိုင်လီဆိုင်းရပ်စ်

Posted by drmyochit Wednesday, August 28, 2013, under | No comments

VMA ဂီတ ဆုပေးပွဲမှာ ကြည့်နေတဲ့ ပရိသတ်ကို ပါးစပ်အဟောင်းသားနဲ့ အံ့သြစရာဖြစ်အောင်ဖျော်ဖြေခဲ့တဲ့ ကောင်မလေး မိုင်လီဆိုင်းရပ်စ်ပါ.. တစ်ခါမှ မမြင်တွေ့ဖူးတဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ Sexy ထက် လွန်ကဲတဲ့ကကြိုးကကွက်တွေကြောင့် ၀ီလ်စမစ်တို့.. ရီနားဟားတို့လို ကမ္ဘာကျော်ကြီးတွေတောင် ..မယုံနိုင်ဖွယ်ငေးကြောင်ခဲ့ရပါသတဲ့..။ လျှာတန်းလန်းထုတ်ပြီး လုပ်ခဲ့တဲ့ ပါဖော့မန့်တွေနဲ့ လွန်ကဲစွာ ဖျော်ဖြေမှုတွေ က သူ့ကို အကောင်းဆီ..ခေါ်သွားမလား၊ အဆိုးဆီ ခေါ်သွားမလား စောင့်ကြည့်ရမှာပါပဲ..။...

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အုတ်ဂူအား မြေးများက ပြုပြင်ရန် တောင်ကြီးစည်ပင်သို့ ခွင့်ပြုချက်တောင်းခံ

Posted by drmyochit Wednesday, August 28, 2013, under | No comments

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အုတ်ဂူအား တွေ့ရစဉ်။ ဓာတ်ပုံ - မြဝန်းရံ တောင်ကြီး ၊ သြဂုတ် ၂၇ ။         ။ ဦးကျော်သူ (နာရေး ကူညီမှု အသင်း၊ ရန်ကုန်)က စော်ဘွားကြီး အုတ်ဂူသို့ သွားရောက်ကာ မှတ်တမ်း တင်သည့် ဩဂုတ် ၂၄ ရက်ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာ (စာ-၁၇) သတင်းကို ဖတ်ပြီးနောက် တောင်ကြီးမြို့ ချမ်းသာ ရပ်ကွက်အတွင်း တည်ရှိ နေသော ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် အုတ်ဂူအား မြေး တော်စပ်သူ များက ဝိုင်းဝန်း...

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး

Posted by drmyochit Wednesday, August 28, 2013, under | No comments

နေပြည်တော်၊ သြဂုတ် ၂၇ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့်...

မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသားများကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့်ပြု

Posted by drmyochit Wednesday, August 28, 2013, under | No comments

မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း များကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် မွေးဖွားပြီး ပြည်ပ နိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသား များနှင့် မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ ပြည်ပ နိုင်ငံသား များသည် လူမှုရေး ပြည်ဝင် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ပြီး အချိန် ကြာမြင့်စွာ နေထိုင်လိုပါက...

ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများကို ပြန်လည်သိမ်းဆည်း

Posted by drmyochit Wednesday, August 28, 2013, under | No comments

ဖူရှင်းဘရားသား(စ်)ကုမ္ပဏီကရွှေတိဂုံစေတီတော်ပုံရိုက်နှိပ်အသုံးပြုထားသော လက်ဖက် ခြောက်ဘူးများ ကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည် သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သည့် စီးကရက် ဘူးပုံ လက်ဖက်ခြောက်ဘူးပေါ် တွင်လည်းကောင်း၊ ပစ္စည်းထည့်ဘူးပေါ်တွင် လည်းကောင်းရွှေတိဂုံစေတီတော်ပုံ ရိုက်နှိပ်ဖြန့်ချိထားခြင်းနှင့်ပတ် သက်၍ သာသနာရေး ဝန်ကြီးဌာနမှ ယနေ့တွင် ကမ္ဘာအေးရှိ သာသနာရေးဝန်ကြီးဌာန၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ ရာတွင်အဆိုပါဝန်ကြီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးစိုးမင်းထွန်းက...

ဒီမိုကရေစီကို ဖင်ခုထိုင်ပြီး သရုပ်ပျက်ဝတ်စားလာသော မြန်မာ မော်ဒယ်များ

Posted by drmyochit Wednesday, August 28, 2013, under | No comments

အမြင်မတော်တော့လည်း ရေးကြည့်ချင်သည်။ သို့ပေမယ့် ဤလောကသားအားလုံးကို တိုက်ခိုက်ခြင်းလည်း မဟုတ်သလို အပြစ်ဆို၍ တမင်ရေးသားခြင်းလည်းမဟုတ်ပါဘူး။ မျိုးဆက်သစ် လူငယ်လေးတွေ လမ်းမှားတွေနောက်မလိုက်မိစေလိုသောကြောင့်ရေးသားခြင်းသာဖြစ်ပါတယ်။ ဒီနေ့Facebook စာမျက်နှာနှင့် ဘလော့ဂါတစ်ချို့မှာ အကျယ် တ၀င့်ဖေါ်ပြပြီး ဝေဖန် မှုပေါင်းများ စွာနဲ့ကြုံရတဲ့ Myanmar Model Show တစ်ခုကြောင့် မြန်မာပြည်ကြီး ဤသို့ဖြစ် ကုန်ပြီလား..မြန်မာ့ ယဉ်ကျေး မှု ဆိုတာကကော စာအုပ်ထဲ မှာ...

Bagan Keyboard Pro v1.6.8 for Android (New Update)

Posted by drmyochit Wednesday, August 28, 2013, under | No comments

Android ဖုန်း/Tablet တွေအတွက် အခမဲ့ရယူအသုံးပြုနိုင်တဲ့ မြန်မာကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro version အသစ် v1.6.8 ထပ်မံထွက်ရှိလာပါတယ်။ အခု version မှာတော့ ၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။ ၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။ ၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။ ၄။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင်...

သွေးနှင့် ကင်ဆာရောဂါကြောင့် ကိုယ်ခံအား လျော့ကျသူများ ခိုချေးအနံ့ကို ရှောင်ရန်လို

Posted by drmyochit Wednesday, August 28, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၆ ။           ။ သွေးရောဂါများနှင့် ကင်ဆာ ရောဂါ ကုထုံးများကြောင့် ကိုယ်ခံအား လျော့ကျ နေသူများ ခိုချေး အနံ့ကို အထူး သတိထား ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း သွေးရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ရဲမြက ပြောသည်။  သွေးဖြူဥ နည်းခြင်း၊ ချဉ်ဆီ အားနည်းခြင်းနှင့် ကင်ဆာ ကုထုံးများကြောင့် ကိုယ်ခံအား လျော့ကျ နေသော လူနာ များ၌  ကိုယ်ခံအား လျော့ကျ နေလေ့ ရှိရာ ခန္ဓာကိုယ် အတွင်း ပြင်ပမှ ပိုးများ...

လွဲမှားနေသော ခံတွင်းသန့်ရှင်းရေးစနစ်များ

Posted by drmyochit Wednesday, August 28, 2013, under | No comments

၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း မကြာခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့် သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက်လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။ ၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့...

ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူများမှ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် ဆန္ဒပြ

Posted by drmyochit Wednesday, August 28, 2013, under | No comments

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမြင့်အောင်) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသော လူအများစု ပါဝင်သည့် လူ ၃၀ ခန့်သည် သြဂုတ် ၂၇ ရက်၊ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ လယ်သမားအရေး လှုပ်ရှားမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူများ၊ အလုပ်သမားအရေး လှုပ်ရှားမှုကြောင့် တရားစွဲဆို ခံထားရသူများ၊ လက်ပံတောင်းတောင်အရေး...

Xperia Z Pro All in one pack v1.0 Apk 11MB

Posted by drmyochit Wednesday, August 28, 2013, under | No comments

Xperia Z Pro Theme အလန်းလေးပါ ပုံကိုကြည့်လိုက်တာနဲ့ အကြိုက်တွေ့မှာပါ သူရဲ့ Wallpaper တွေကလည်း မျက်စိအေး ကြည့်လိုက်ရင် စိတ်ချမ်းသာစေတဲ့ Wallpaper တွေအများကြီးထည့်ပေးထားပါတယ် သူကို အသုံးပြုဖို့အတွက် မိမိဖုန်းမှာ launchers တစ်မျိုးမျိုးရှိရပါမယ် အသုံးပြုမယ်ဆို အောက်မှာရယူနိုင်ပါတယ် Download>>>mirrorcreator (or)zippyshare https://play.google.com/store/apps/details?id=com.gtp.nextlauncher.theme.servo.xperiapro From: မောင်စွယ်စုံကျ...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်