Wednesday, August 28, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝါတိုင် ၄၀၀ ထပ်တိုးမည်

Posted by drmyochit Wednesday, August 28, 2013, under | No comments


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝါတိုင် ၄၀၀ ထပ်တိုးမည်မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပိုမိုချဲ့ထွင် လုပ်ကိုင်နိုင်ရန်နှင့် ပိုမိုကောင်းမွန်ရန် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆက်သွယ်ရေး တာဝါတိုင် ၄၀၀ ခန့် ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
“တည်ဆောက်ဖို့ တင်ဒါခေါ်ထား ပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ကတော့ နယ်မြေအနေအထား လိုအပ်ချက်အရ တာဝါတိုင် များရင်များမှာပေါ့” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာ ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ရေဒီယိုဆက်သွယ်ရေး စခန်းများ တည်ဆောက်ရန် အတွက် မြေအနေအထား တိုင်းထွာခြင်း၊ အဆောက် အအုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ခြင်း၊ ဓာတ်အားပေးစနစ် တည်ဆောက်ခြင်းနှင့် မိုးကြိုးလွှဲစနစ် တပ်ဆင်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူထားသည်။

“တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်ဖို့ လုပ်တာ ကောင်းတဲ့ကိစ္စပဲ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း ပြည်ပ ကုမ္ပဏီတွေနဲ့ ပြိုင်ရတော့မှာဆိုတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရတော့မှာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။ တင်ဒါရွေးချယ်မှု ပြီးဆုံးပါက လုပ်ငန်းတည်ဆောက်မှု များကို အမြန်ဆုံးစတင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ အရေအတွက် ၅ ဒသမ ၂ သန်းကျော်ရှိပြီး မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါ တိုင်ပေါင်း ၂၀၀၀ ကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

BY THE VOICE JOURNAL

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်