
သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ
ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ၀န်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး...