ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေ သကြီး ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောကြားခဲ့သည်။
ဒေသခံများ၏ လယ်ယာမြေ ပြန်လည်ရရှိရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ ၁နာရီက ခရိုင်အုပ်ချုပ်ရေး မှူး၏ အမိန့်ဖြင့် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ပြီး ယင်းညတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၆ဦး ဒေသခံ ၁၅ဦး ဒဏ်ရာများ ရရှိခဲ့ကြ သည်။ ဖေဖော်ဝါရီလ ၂၈ရက် ညနေပိုင်းတွင်မူ နှစ်ဖက်အကြား ပြေလည်မှုရရှိခဲ့ရာ ယင်းည၌ပင် ရဲတပ်ဖွဲ့ ၀င် ၂၀၀ ၀န်းကျင်မှာ ၎င်းတို့၏ မူလဌာနေများသို့ ပြန်လည်ထွက်ခွာခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားသည့်နေ ရာ၌ လုံခြုံရေးရယူရန် ရဲတပ်ဖွဲ့ဝင် ၈၀ ၀န်းကျင်သာ ကျန်ရှိခဲ့သည်။