Saturday, March 02, 2013

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်အား ခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ခဲ့သည့်တိုင်ကြားချက်အပေါ် အရေးယူဆောင် ရွက်လျက်ရှိ

Posted by drmyochit Saturday, March 02, 2013, under | No comments

နေပြည်တော်၊ မတ် ၂

၁၅-၁-၂၀၁၃ ရက်စွဲပါစာဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နေ ဒေါ်တင်ထွေးက ၎င်းင်း၏သမီးဖြစ်သူ မxxxxx (၁၂)နှစ်အား ၂၀၁၀ ခုနှစ်တွင် တစ်မြို့တည်းနေ မသန်းရီမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်ချိုမာ၏ ““ချယ်ရီ””စားသောက်ဆိုင်တွင် တစ်လလျှင် ငွေကျပ်(၁၅၀၀၀ိ/-)ဖြင့် အလုပ် လုပ်ရန် စေလွှတ်ခဲ့ကြောင်း၊ (၃)လတစ်ကြိမ် လစာသွားထုတ်ခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဧပြီလထိ လစာ ထုတ်ယူခဲ့ပြီး မေလတွင် မxxxxx ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် လိုက်လံစုံ စမ်းရှာဖွေခဲ့ကြောင်း၊ ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်နေ မောင်ကေးရယ်နှင့် ခိုးရာလိုက်ပြေး သည်ဟုပြော ဆိုသော်လည်း တိကျစွာ ပြောဆိုနိုင်ခြင်းမရှိသည့်အပြင် လူပျောက် တိုင်တန်း ခဲ့ခြင်းမ ရှိကြောင်း၊ ဒေါ်ချိုမာတို့ကရောင်းစားခဲ့သည်ဟု ယုံကြည်၍ စုံစမ်းဖော်ထုတ်ပေးရန် လူကုန် ကူးတား ဆီးနှိမ်နင်းရေး အဖွဲ့သို့ တိုင်ကြားခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်းလူကုန်ကူးတားဆီးနှိမ်နင်းရေးအထူးအဖွဲ့က အမှုနှင့်ဆက်စပ်နေသူများအား စုံစမ်း စစ်ဆေးဖော် ထုတ်ခဲ့ရာ မxxxxxသည် ဒေါ်ချိုမာ၏ ““ချယ်ရီ””စားသောက်ဆိုင်တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလခန့်တွင် ပျောက်ဆုံးသွားကြောင်း၊ ချစ်သူနှင့်လိုက်သွားသည်ဟု ရေးသားခဲ့သောစာအား တွေ့ရှိသော် လည်း မxxxxxxx သည် စာမရေးတတ်ကြောင်း၊ ၂၉-၁၀-၂၀၁၂ ရက်နေ့တွင် မြောက် ဥက္ကလာပ ရဲစခန်း၌ လူပျောက်အမှတ်စဉ် ၄၉/၂၀၁၂ ဖြင့် လူပျောက်တိုင်ကြားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ မေလ ခန့်က မxxxxx အား ဒေါ်ချိုမာ၏ခင်ပွန်း မြင့်အောင်(ခ)အောင်လေးက ဘိလိယက်ခုံခန်းတွင် သားမယား အဖြစ် ၆ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ သားမယားအဖြစ် ပြုကျင့်ခံရပြီးနောက် အောင်မင်္ဂလာ အဝေးပြေးရှိ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ အလုပ်လုပ်ရန် ပို့ဆောင်ရာမှတစ်ဆင့် သန့်စင်ခန်း သို့ ပြောင်းရွှေ့လုပ်ကိုင် ခဲ့စဉ် မင်းလှမြို့ရှိ အစ်မဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ ၁၁-၁-၂၀၁၃ ရက်နေ့တွင် မxxxxx က မြောက်ဥက္ကလာပရဲစခန်းသို့ သွားရောက်တိုင်တန်းသဖြင့် မြောက် ဥက္ကလာပ ရဲစခန်း(ပ)၃၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် မြင့်အောင်(ခ)အောင်လေးအား အမှုဖွင့်အရေး ယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မxxxxxx အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ မြင့်အောင်(ခ)အောင်လေးအား ၈-၂-၂၀၁၃ ရက်နေ့တွင် အရှေ့ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားရှိသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်အား ၈-၂-၂၀၁၃ ရက်နေ့တွင် ဒေါ်ချိုမာက ခိုးမှုဖြင့် တိုင်ကြားလာသဖြင့် မြောက်ဥက္ကလာပရဲစခန်း(ပ)၁၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိတွင် အရွယ်မရောက်သေးသူ မxxxxx အား ကလေးသူငယ်ဥပဒေအရ လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်အသက်မွေးပညာသင်ကျောင်းသို့ ပို့ဆောင်ထားရှိကြောင်းသိရှိရသည်။ အဆိုပါအမှုအား ဖြစ်စဉ်မှန် ပေါ်ပေါက်လာရေးအတွက် ရဲတပ်ဖွဲ့က ဂရုတစိုက် စစ်ဆေးကြပ်မတ် ဆောင် ရွက်ပေးနေကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်