Friday, May 31, 2013

KIO/ KIA ကိုမတရားအသင်းက ဖယ်ရှားမည်

Posted by drmyochit Friday, May 31, 2013, under | 1 comment


သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ
ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ၀န်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြစ်ကြီးနားက မနောကွင်းထဲမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို တို့ တွေ့ဆုံအပြီး ၁ ရက်ကြာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မြစ်ကြီးနား ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို အာဏာပိုင်တွေဘက်က မတရားအသင်း သတ်မှတ်ထားတာကို တစ်ပတ်အတွင်း ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သူနဲ့အတူ ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်မှာလိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။

ကေအိုင်အို၊ ကေအိုင်အေကို မတရားအသင်းက ပယ်ဖျက်ပေးဖို့ လွှတ်တော်ထဲမှာရှိတဲ့ ကချင်ဘက်ကလွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုပေးမှုတွေကို မကြခဏဆိုသလို တင်ပြခဲ့သလို၊ အခုအခါမှာ ၀န်ကြီး ဦးအောင်မင်းက မတရားအသင်းအမှုနဲ့ ဖမ်းဆီးထားတဲ့သူတွေကိုလည်း တစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ သူမကပြောပါတယ်။

“ဖြစ်စေတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့၊ မတရားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဘာမှ ၀င်စွက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ အမိန့်ချပြီးတဲ့အခါမှာတော့၊ မတရားအသင်း ပယ်ဖျက်ပြီးတဲ့အခါမှာတော့ သူတို့အထဲမှာရှိတဲ့သူတွေကို တစ်ပတ်အတွင်း၊ ဒုက္ခသည်စခန်းကလည်း တစ်ယောက် ပါတာကိုး။ ပြန်ပို့ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။ အဲဒီတော့ မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”

အခုလို ကေအိုင်အို ကေအိုင်အေ ကိုသာ မတရားအသင်းကနေ တကယ်ပယ်ဖျက်ပေး လိုက်ရင် အစိုးရနဲ့ ကေအိုင်အို အကြား နာလည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက် လာနိုင်တယ်လို့လည်း ကေအိုင်အေ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က ပြောပါတယ်။

“ဒီလိုပြောတာ အင်မတန်ကောင်းပါတယ်။ အခုဟာ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးတည်နေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးနေတယ်။ မယုံကြည်မှုတွေ ပပျောက်ပြီးတော့မှ အချင်းချင်းယုံကြည်မှုရှိရှိနဲ့ စားပွဲဝိုင်းကို အတူတူ ချီတက်သွားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ရှိတာကိုး။ ဒါကြောင့်မိုလို့ ဒီလိုပြောဆိုတဲ့ဥစ္စာက ကျနော်ကတော့ အတိုင်းထက်အလွန် ၀မ်းသာတာပေါ့။ ကချင်တွေက တနည်းနဲ့မဟုတ်တနည်းတော့ အမျိုးတွေဖြစ်နေကြတာကိုး။ အမျိုးတွေဖြစ်နေကြတော့ မြို့ပေါ်ကလူတွေနဲ့ တောကလူတွေ၊ အဖွဲ့အစည်းကလူတွေ ဆိုတာကလည်း နိုင်ငံရေးမပါပေါ့။ တော်လှန်ရေးသဘော အသွင်မဆောင်ဘဲနဲ့ လူမှုရေးအရ ဆက်သွယ်နေတာလည်း ရှိတာပဲ။ အဲဒါကို တခါတည်း ဟိုဘက်ကနေ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေလည်း ဒုက္ခသည်စခန်းမှာလည်း ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးက အဲဒီလို သဘောထားကြီးကြီး ပြောဆိုတယ်ဆိုတာကတော့ ဒါ အင်မတန်ကောင်းပါတယ်။ ဒါမှလည်း ဒုက္ခသည်စခန်းကလူတွေ လည်း နေရထိုင်ရတာ သူတို့ချောင်လည်မယ်လေ။ ပိုပြီး စိတ်ပျော်ကြမှာပေါ့။ မဟုတ်ရင် သံသယစိတ်တွေနဲ့ လွှမ်းမိုးထားလို့ရှိရင် သူတို့ နေရထိုင်ရတာ ပိုပြီးတော့ ကျပ်တည်းတယ်ဗျ။”

အာဏာပိုင်တွေဘက်က မတရားအသင်းလို့ သတ်မှတ်ထားတဲ့ ကေအိုင်အို ကို
မတရားအသင်းက ပယ်ဖျက်လိုက်ရင် ကေအိုင်အေနဲ့ဆက်နွယ်မှု အပါအ၀င် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ ထောင်ကျနေသူ အားလုံး ပြန်လွတ်လာနိုင် တယ်လို့ လည်း ကချင်အရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အရင်စစ်အစိုးရလက်ထက်က
မတရားအသင်း၊ တရားမ၀င်အသင်းလို့ သတ်မှတ်ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး
နိုင်ငံရေးလုပ်တဲ့သူတွေကို ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းနဲ့ဆက်နွယ်မှု၊
၁၃/၁ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ နယ်စပ်ဖြတ်ကျော်မှု ဆိုတဲ့ အမှုတွေနဲ့ တရားဆွဲဆို ထောင်ချလေ့ရှိတယ်လို့လည်း နိုင်ငံရေး အမှုတွေကိုလိုက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၁၇ နှစ်ကြာ တဘက်နဲ့တဘက်အကြား အပစ်အခတ်တွေမရှိဘဲ နေထိုင် လာခဲ့ရာကနေ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ ကေအိုင်အေ ကို အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားရာကနေ နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို အစိုးရက လည်း ကေအိုင်အို ကေအိုင်အေ ကို မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသခံတွေကလည်း စိတ်အားထက်သန်စွာနဲ့
ကြိုဆိုတာတွေ့ရသလိုပဲ၊ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲက ဒုက္ခသည်တွေရော၊ ကချင်ဘက်က ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဘက်က ဒုက္ခသည်တွေရောကပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။

VOA Burmese


ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်များ။ (မေလ ၂၈ ရက်၊ ၂၀၁၃)

ရဲတိုက်မှနောက်နောင်အလားတူကိစ္စများမဖြစ်ပွားရန်ခံဝန်ရေးထိုး

Posted by drmyochit Friday, May 31, 2013, under | No comments


၂၀၁၃ ခုနှစ်၊ မေလ (၂၈) ရက်နေ့ နေ့လည်ပိုင်းက ၊ ရန်ကုန်မြို့  စိန်မေရီကာသီဒြယ် ဘုရားကျောင်း ၀င်းအတွင်း ၀င်ရောက်ပြီး တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်ခြင်းအတွက်ထို့နေ့  နေ့လယ် ၃ နာရီ ၄၅ မိနစ် တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ လာေ၇ာက်ထိန်းသိမ်းခဲ့ပြီးဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံ အစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူ ခံခဲ့ရသူ သရုပ်ဆောင် ရဲတိုက်မှာယနေ့ တွင်စိန်မေရီကာသီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး၊သာ့သနာ့အကျိုးဆောင်အဖွဲ့ နှင့်ဘာသာဝင်များကိုအနူးအညွတ်တောင်းပန်ကြောင်း၊နောက်နောင် အလားတူ ကိစ္စများ မဖြစ်ပွားရန်တာဝန်ယူကြောင်းခံဝန်ကတိရေးထိုးကာစိန်မေရီကာသီဒြယ် သာသနာ့ အကျိုးဆောင် ဥက္ကဌ နှင့် လည့်း လက်ဆွဲနှုတ်ဆက်ကျေအေးခဲ့ကြောင်းသိရသည်။

သတင်း ဓါတ်ပုံနှင့်ကိုးကား-St.Mary Cathedral Popular Journal




လားရှိုးမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည် တစ်ထောင်ကျော် ခိုလှုံနေ

Posted by drmyochit Friday, May 31, 2013, under | No comments


လားရှိုးမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တစ်မြို့လုံးရှိ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များအား လားရှိုး မြို့ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ခေတ္တခိုလှုံခွင့်ပြုထားရာ လူဦးရေ ၁,ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း ဒုက္ခသည်စခန်းဖွင့်ထားသည့် လားရှိုး အမှတ်(၈)ရပ်ကွက်က မန်ဆူကျောင်း (သီရိမင်္ဂလာ ရှမ်းကျောင်း) ဆရာတော်ဦးကောလိန္ဒက မိန့်ကြားသည်။

ဒုက္ခသည်စခန်းတွင် ငါးရက်သာထားမည်

ထိုဒုက္ခသည်များအား ဘုန်းကြီးကျောင်းတွင် ငါးရက်သာထားမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရကယ်ဆယ်ရေး အဖွဲ့များထံ ပြန်လည်အပ်နှံသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။ ကျောင်းတိုက်ရှိ ဥပုသ်သည် ဇရပ်ငါးဆောင်တွင် လေးဆောင်အပြည့်ဒုက္ခသည်များ ရှိနေသည်။

လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက ''ဒုက္ခသည်တွေကတော့ မူဆလင်တွေပေါ့။ ကျွန်တော်တို့ဒီမနက်မှာ လုံခြုံရေးနဲ့ သူတို့ကို ဘုန်းကြီး ကျောင်းကို ခေါ်လာတာပါ'' ဟု ပြောသည်။

ယင်းကျောင်းတွင် မူဆလင်ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်ရှိပြီး (၇) ရပ်ကွက်ရှိ စိတ္တသုခကျောင်းတွင် ၂၅ ဦးရှိပြီး ဒုက္ခသည်များ၏ စားသောက်ရေးအတွက် ဆရာတော်နှင့် ရပ်ကွက်မှ လှူဒါန်းထားသည်။ ပြန်ကြားရေး ဝန်ကြီးဌာနက မေလ ၃ဝ ရက် ညနေ ၄ နာရီက ထုတ်ပြန်သော စာရင်း များအရ ဘုန်းတော်ကြီးကျောင်းများ သို့ ရောက်ရှိနေသော ဒုက္ခသည်ဦးရေသည် မန်ဆူကျောင်းတွင် ၄၁၄ ဦးနှင့် စိတ္တသုခကျောင်းတွင် ၂၅ ဦး စုစုပေါင်း ၄၃၉ ဦးဖြစ်သည်။

ယခုကဲ့သို့ မူဆလလင်ဒုက္ခသည်များအား ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံခွင့်ပြု ရခြင်းနှင့်ပတ်သက်၍ လားရှိုးမြို့ ကျားဖြူပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ''အုပ်ချုပ်ရေးမှူးရုံးမှာ သတင်း (အစ္စလာမ်ဘာသာဝင်များက ဒုက္ခသည်စခန်းများ ဖွင့်ပေးစေလိုခြင်း) ရောက်လာတယ်။ အဲဒီ့ရပ်ကွက်က သူတို့အတွက် နည်းနည်းစိုးရိမ်ရတယ်လို့လေ''ဟုပြောသည်။

လုံခြုံရေးအပြည့် ချထား

ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ကျောင်းတိုက်များတွင် ရဲတပ်ဖွဲ့အင်အား ၂ဝ၊ စစ်တပ်အင်အား ၂ဝ နှင့် သံဃာ ၁ဝ ပါး၊ သာသနာရေးဌာနမှ အရာရှိတစ်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိ တစ်ဦး လုံခြုံရေးယူပေးထားကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ ဦးဝေလင်း က ပြောသည်။

လားရှိုးမြို့ လုံခြုံရေးအတွက်လည်း မြို့အဝင်၊ အထွက်နေရာများနှင့် မြို့ထဲရှိ အချက်အချာကျသော နေရာများ တွင် လုံခြုံရေးများချထားသည်ဟု ဦးဝေလင်း က ဆိုသည်။ ယမန်နေ့ညနေကလည်း လုံခြုံရေးအင်အားအဖွဲ့ ငါးဖွဲ့ဖွဲ့ကာ ထပ်မံဖြည့်တင်းမှုပြုလုပ်ခဲ့သေးသည်။

လားရှိုးမြို့တွင် မေလ ၂၉ ရက်က အကြမ်းဖက်မှုတွင် ပါဝင်သောသူ ၃၅ ဦးအား လားရှိုးရဲစခန်းများတွင် ဖမ်းဆီးထားသည်။

အခြေအနေ တည်ငြိမ်နေ

မေလ ၃ဝ ရက်တွင် လားရှိုးမြို့တွင် အခြေအနေတည်ငြိမ်နေပြီဖြစ်သော်လည်း မြို့မဈေးနှင့် ဈေးဆိုင်တချို့ ပိတ်ထားဆဲ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းစံမင်းက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် မန္တလေးတိုင်း ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့မှ သံဃာများက ဒုက္ခသည်စခန်းများသို့ လာရောက်လေ့လာခဲ့သည်ဟုဆိုသည်။

မုန်းမြို့တွင်လည်း ပဋိပက္ခများဖြစ်အလားတူ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် မုန်းမြို့အတွင်းရှိ သုံးတောကျေးရွာ တွင်လည်း မေလ ၂၉ ရက်ညနေက လူငယ်လေးဦး အရက်သောက်ပြီး ရန်ဖြစ်ရာမှ အစပြုကာ နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သံဃာ ၁၅ ပါးခန့်ရောက်လာကာ ဗလီနှင့် အိမ်တစ်လုံး ပျက်စီးခဲ့သည်။

From: Mizzmia

ဝန်ကြီးဌာနများ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လက်ခံခြင်းများ အစား ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်

Posted by drmyochit Friday, May 31, 2013, under | No comments


နေပြည်တော် မေ ၃၀

နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်း ခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့် မားစေ သည့် အပြင် ပြည်တွင်းသုံးကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကို လည်း လျော့ကျစေသည့် အ တွက် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေးဝန်ကြီးဌာနမှအပ

ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲ ပြောင်းခြင်း များ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံ ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဝန်ကြီး ဌာနများ အား လုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ အားလုံးသို့ ညွှန်ကြား ချက် ထုတ်ပြန် ထားကြောင်း သိရှိရသည်။

From: နိုင်ငံတော်သမ္မတရုံး

ကလေးမွေးနှုန်း ကန့်သတ်ချက် ရုတ်သိမ်းဖို့ ကုလတောင်းဆို

Posted by drmyochit Friday, May 31, 2013, under | No comments



အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောမြို့နယ်တွေမှာ တစ်အိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ညွှန်ကြားချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဒီကန့်သတ်ချက်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးပဋိဥာဉ်ပါ အခြေခံအခွင့်အရေးတွေကို ချိုးဖေါက်ရာရောက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ မစ္စတာ Edurado Buey က ပြောပါတယ်။

ဘူးသီးတောင်-မောင်တောဒေသမှာ တချို့မွတ်စလင်တွဟာ ဇနီးတစ်ယောက်ထက်ပိုယူကြသလို သားသမီးတွေကိုလဲ အထိန်းအကွပ်မရှိ မွေးဖွားနေကြတဲ့အတွက် လူဦးရေထိန်းချုပ်ဖို့ ၁၉၉ဝ လွန် စစ်အစိုးရအုပ်ချုပ်စဉ်ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

RFA Burmese

အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ

Posted by drmyochit Friday, May 31, 2013, under | No comments


အိန္ဒိယနိုင်ငံတွင်း အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ
အိန္ဒိယနိုင်ငံတောင် ပိုင်းက Andhra Pradesh  ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့်  ကြာသပတေးနေ့ အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြော ကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းမှာ  အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသဆေးဝန်ထမ်းတွေက ပြောပါတယ်။

အပူချိန်ဟာ မကြုံဘူးအောင်တက်နေပြီး ၄၅ ဒီဂရီ Celsius အထက်မှာရှိသလို၊ ဖါရင်ဟိုက်နဲ့ ဆိုရင် ၁၁၃ ဒီဂရီ ဖါရင်ဟိုက်အထက်မှာ ရှိနေပါတယ်။  ဒီအပူလှိုင်းဟာ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကိုပါ ဆက်ပြီး ရိုက်ခတ်ဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုတ်သုန်မိုးဟာ မေလမှာ ဝင်လေ့ရှိပေမယ့် အခုထိ မိုးမရွာသေးတဲ့အတွက် အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ ရဲဝန်ထမ်းတွေ က အဆိုးဆုံးဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံတောင်ပိုင်း Andhra Pradesh  ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုခံရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး ကြာသပတေးနေ့အထိ အပူဒဏ်ကြောင့် သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ Andhra Pradesh  ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မရှင်က ပြောပါတယ်။

အိန္ဒိယ နိုင်ငံမှာ အပူဆုံးလဟာ ဇွန်လဖြစ်ပြီး မုတ်သုန်မိုးမရွာသေးသမျှ  အပူချိန်လည်း မကျပဲ အပူလှိုင်းဒဏ်ကို ဆက်ပြီး ခံကြရမှာ ဖြစ်ပါတယ်။

From: VOA

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား

Posted by drmyochit Friday, May 31, 2013, under | No comments


ရန်ကုန် (မဇ္ဈိမ)။   ။ မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာ သူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့က လုံခြုံရေးယူထားသော တပ်မတော်သား တဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP ၊ ရဲအောင်သူ)

မေလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် မှုများတွင် လူအုပ်များက ဗလီတခု၊ မိဘမဲ့ ကလေးဂေဟာတခုနှင့် ဆိုင်အများအပြား ဖျက်ဆီး ခဲ့ကြသည်။

ထိုဖမ်း ဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီး ထိန်းသိမ်း မှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။

“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူး က မဇ္ဈိမကို ပြောသည်။

ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။

သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။

ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။

“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။

 ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။

ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။

“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ် ၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

From: Mizzmia

လားရှိုးမှ မီးရှို့ခံရသည့် အမျိုးသမီး ကျန်းမာရေး စိုးရိမ်စရာမရှိ

Posted by drmyochit Friday, May 31, 2013, under | No comments



လားရှိုး ပဋိပက္ခကို စတင်ဖြစ်ပွားစေခဲ့သော ဓာတ်ဆီလောင်း မီးရှို့ခံရသည့် မှုခင်းဖြစ်စဉ်တွင် မီးရှို့ ခံခဲ့ ရသည့် အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းမှာ လားရှိုးခရိုင်ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေး ကောင်းမွန် လျက် ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့မှ လာရောက်သည့် ကိုနေ၀င်းဆိုသူက မအေးအေးဝင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပြီးနောက် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားပြီး တဦးသေဆုံး၍ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လားရှိုး မြို့ပေါ်ရှိ ဗလီ၊ နေအိမ်နှင့် ဆိုင်ခန်းများ အပါအ၀င် အဆောက်အအုံ၊ ကား၊ ဆိုင်ကယ်များ မီးရှို့ဖျက်ဆီး ခံခဲ့ ရကြောင်း၊ သတင်းဌာနတချို့နှင့် အင်တာနက်လူမှု ကွန်ရက် facebook စာမျက်နှာများတွင် မအေးအေး ၀င်း သေဆုံးပြီ၊ ကျန်းမာရေး အလွန်ဆိုးရွားနေပြီ ဆိုသော သတင်းများ ရေးသားဖော်ပြလျှက် ရှိသော်လည်း လက် ရှိတွင် လူနာ မအေးအေးဝင်းမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း လားရှိုးခရိုင် ပြည်သူ့ဆေး ရုံအုပ်ကြီး ဒေါက်တာဒီပါတ်က ဧရာဝတီသို့ ပြောသည်။

“လူနာက စိုးရိမ်ရတဲ့ အနေအထားမှာ မရှိဘူး။ ကျန်းမာရေး ကောင်းနေတယ်။ ဆီးကောင်းကောင်း သွား တယ်။ ဆီး ကောင်းတယ် ဆိုတာက သူ့ရဲ့ ကျန်းမာရေးပဲ။ မီးလောင် ဒဏ်ရာတွေရဲ့ သဘာဝက ရေဓာတ် ဆုံးရှုံး တာ၊ ရေဓာတ်ကို ကျနော်တို့ က ဖြည့်ပေးနေရတာ။ ဒီမနက် ဆီး ၁၂၀၀ စီစီလောက် ကောင်းကောင်း သွား တယ်ဆိုတော့ လူနာရဲ့ အနေအထား ကောင်းတယ်လို့ ပြောလို့ ရတယ်။ အဖျားဝင်တာ မရှိဘူး။ အရည်မျိုလို့ ရတယ်” ဟု ဒေါက်တာ ဒီပါတ်က ဧရာဝတီကို ပြောသည်။

မအေးအေးဝင်း၏ မိသားစုဝင်များက မအေးအေးဝင်း၏ ကျန်းမာရေး တိုးတက်မှုရှိပြီး အနည်းငယ် သက်သာစ ပြုလာပြီဟု ဧရာဝတီသို့ ပြောဆိုကြသည်။

“သူ စကားမပြောနိုင်ဘူး။ အစာ မစားနိုင်ဘူး။ အရည်တိုက်လို့ ရပေမယ့် တခါတလေ ပြန်အန်တယ်။ အော်ပရေးရှင်း ၀င်ပြီးကာစ အခြေအနေနဲ့ စာရင်တော့ အခုနည်းနည်း သက်သာလာတယ်လို့ ထင်ပါတယ်” ဟု မိသားစုဝင် တဦးက ဆိုသည်။

လားရှိုးမြို့တွင် မေ ၂၈ ရက်နေ့ ကျိုင်းတုံမြို့နယ်မှ ရောက်ရှိလာသော အသက် ၄၀ အရွယ် ကိုနေ၀င်းဆိုသူက အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းကို ဓာတ်ဆီနှင့်ပက်ပြီး မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့မှုကြောင့် ဗလီ၊ နေအိမ်များ မီးရှို့ခြင်း၊ ဘာသာခြား အုပ်စုနှစ်ခုအကြား တိုက်ခိုက်မှုများဖြစ်ပွားပြီး ပဋိပက္ခစတင်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ယနေ့အချိန်အထိ လူတဦး သေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိထားပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ မွတ်စလင်များ ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ၊ ဗလီအဆောက်အအုံများ ဈေးဆိုင်များ မီးရှို့ဖျက်ဆီးခံခဲ့ရရာ လူနေအိမ် ၈ လုံး၊ ဆိုင်ခန်း ၁၇ ခန်း၊ ဗလီ ၁ လုံး၊ ဘာသာရေး ကျောင်း ၃ ကျောင်း၊ ကား ၃ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လားရှိုးခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


From:ဧရာဝတီ

Thursday, May 30, 2013

နံရံတွင် သမ္မတပုံ ဆွဲသူ ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ

Posted by drmyochit Thursday, May 30, 2013, under | No comments


သမ္မ တဦးသိန်းစိန်ရဲ့ ပုံကို နံရံမှာ ဂရပ်ဗတီ ပန်းချီ ရေးဆွဲခဲ့တဲ့ ကိုအာကာကျော် ဒဏ်ငွေ ၁ သိန်း ပေးဆောင် လိုက်ရပါတယ်။

သမ်မတ ဦးသိန်းစိန်ရဲ့ပုံကို ချော်တွင်းကုန်း မီးပွိုင့်အနီးက အုတ်နံရံမှာ ဂရပ်ဗတီ လို့ အမည်တွင်တဲ့ နံရံပေါ်ပန်း ချီရေး ဆွဲခဲ့တဲ့ ကိုအာကာကျော်ကို လှိုင်မြို့နယ် စည်ပင် တရားရုံးက ဒီကနေ့ဒဏ်ငွေ ၁ သိန်း ချမှတ် လိုက်ပါတယ်။

ခြံ နံရံ ပိုင်ရှင်က ဘာမှ မပြောပေမယ့် စည်ပင်သာယာက အရေးယူခဲ့တာ ဖြစ်တဲ့အတွက် နောက် အဲဒီလိုနေ ရာတွေမှာ မေရးဆွဲတော့ဘူးလို့ ကိုအာကာကျော်က ပြောပါတယ်၊
Photo_ Arker Kyaw Facebook

“သမ္မတမွေးနေ့တုန်းက ချော်တွင်းကုန်း မီးပွိုင့်နားမှာဆွဲတာ။ ဆိုဒ်တော့ မခန့်မှန်းတတ်ဘူး။ နည်းနည်းကြီး တယ်၊ ပုဂ္ဂလိက နံရံမှာ ဆွဲတယ်။ အဲဒီ အိမ်ကလည်း ဘာမှမ ပြောပါဘူး။ စည်ပင်က ထုတ်ထားတဲ့ ဥပဒေ အရက ပြည်သူပိုင် နံရံတွေမှာ ဆွဲရင် ပြည်သူတွေ အမြင်ဆိုးစေတာ ဆွဲရင် ဥပေဒ အရ အရေးယူ မယ်တဲ့။ အဲလိုနေရာတွေမှာ ကျနော်မ ဆွဲတော့ဘူး။ နံရံရှိတဲ့ ခြံထဲတို့မှာတော့ ဆွဲခွင့်ရှိတယ်။ အရင် ဖျက်ဆီးခံရတာ အ ကြောင်း အမျိုး မျိုးနဲ့ ပေါ့။ ဒါပေမယ့် အင်တာနက်မှာ ပုံက တက်သွားပြီး ပေါက်သွားတော့ စိတ်သက် သာရာ ရပါတယ်။ ရှေ့ဆက်လုပ်နေ တာလည်း ရှိပါတယ်။ ကျနော် ပုံတွေလည်း ဆွဲမယ်။ Solo Show လုပ်ဖို့လည်း ကြိုးစားနေတယ်။ ပန်းချီပြပွဲ လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ပန်းချီကား ငယ်ငယ် ကတည်းက ရေးပါတယ်။”

ကိုအာကာကျော်က လွန်ခဲ့တဲ့လပိုင်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်စဉ်က အိုဘားမားပုံ ဂရပ်ဗတီကိုလည်း ရေးဆွဲခဲ့ ပါသေးတယ်။

ရေးဆွဲပြီး နာရီပိုင်းအတွင်းမှာ ဖျက်ဆီး ခံလိုက် ရပေမယ့် အင်တာနက် စာမျက်နှာ တွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကိုအာကာကျော်ဟာ လူသိများလာခဲ့ပါတယ်။

ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ အခမ်း အနားကို တက်ရောက်ဖို့ ကို အာကာကျော် ကိုလည်း ရန်ကုန် အမေရိကန် သံရုံး ကနေ ဖိတ်စာနဲ့တကွ ဖိတ်ခဲ့ ဖူးပါတယ်။

IDM မလိုဘဲ Youtube က Video တွေ အလွယ်ဒေါင်းနည်း (For Firefox)

Posted by drmyochit Thursday, May 30, 2013, under | No comments

Youtube က နေ ဗီဒီယိုတွေကို အလွယ်ဒေါင်းချင်လို့ပါ IDM မသုံးဘဲဒေါင်းရနည်းလေး
ပြောပေးပါ ဆိုလို့ ကျွန်တော်လည်း အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခု 
တင်ပေး လိုက်တယ် ထွေထွေထူးထူးမဟုတ်ပါဘူး firefox addon တစ်ခုသုံးပြီး
ဒေါင်းတာ ပါ မခဲယဉ်းပါ ကဲစလိုက်ကြစို့ဘော်ဒါတို့ရေ

အရင်ဆုံး ဒီလင့်လေးကို သွားလိုက်ပါ  Link Click

ဒါဆိုရင် အောက်ပုံလေးအတိုင်း ပေါ်လာရင် Add to Firefox ဆိုတာကိုနှိပ်လိုက်ပါ
Add-on ဆိုလို့ မကြောက်ကြပါနဲ့  User 1,215,098  လောက်ရှိပြီး
4Star ရထားတာပါ... ကျွန်တော်ဆို ဒါပဲသုံးတယ် 


အဲဒါဆိုရင် firefox မှာ add on လေးက ဒေါင်းလုတ်လုပ်နေပါလိမ့်မယ်
သတိ-ဒေါင်းနေစဉ်အတွင်း ဘာမှ မလုပ်ပဲ ငြိမ်နေပါ... ခဏလေးပဲကြာမှာပါ 


ဒေါင်းလို့ အစိမ်းတန်းလေးပြည့်သွားရင် သူ့အလိုလိုအောက်ကပုံစံမျိုး တက်လာမှာပါ
အဲဒီအခါကျရင် Flash Video downloader ဆိုတာလေးကို တစ်ချက်နှိပ်ပါ ပြီးတော့
Install Now ဆိုတာလေးကိုနှိပ်ပေးပါ 


ဒါဆိုရင် Firefox ကို restart လုပ်ဖို့တောင်းပါမယ်
restart ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ


ပြီးတော့ Youtube ကနေ ဗီဒီယိုတစ်ခုကို ဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပဲ
ဗီဒီယိုရဲ့ အောက်မှာ အပြာရောင်လေးနဲ့ Download ဆိုတာကိုနှိပ်လိုက်ပါ
အဲဒီမှာ Down ဖို format မျိုးစုံကျလာပါလိမ့်မယ်
ကိုကြိုက်တဲ့ format တစ်ခုခုကိုနှိပ်ပေးလိုက်ရင် ဒေါင်းလုတ်
လုပ်ငန်း စပါလိမ့်မယ်။။


အားလုံး လုပ်တတ်ကြမယ်ထင်ပါတယ် လွယ်ကူစွာပဲဒေါင်းနိုင်မှာပါ
တကယ်တော့ မသိရင်ခတ်တာပါ သိသွားရင် လွယ်ကူပါတယ်

မှတ်ချက် - firefox Browser အရမ်းနိမ့်လျှင် Add-on က အလုပ်မလုပ်ပါ

ငြိမ်းချမ်းရေးဆွေးနွေးမှုကာလတွင်း အပစ်ခတ်ရပ်စဲမည်မဟုတ်ဟူသည့်အချက် ကချင်လူထု ထောက်ခံ

Posted by drmyochit Thursday, May 30, 2013, under | No comments


မြစ်ကြီးနား၊ မေ ၃၀။

လက်ရှိငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးနေချိန်ကာလတွင် အပစ် အခတ် မရပ်စဲရေး ကိစ္စအား ကချင်လူထုမှ သဘော တူညီကြကြောင်း ကချင်လူထုနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားသည်။

“ဒီလိုမျိုး ဗိုလ်ချုပ်ဂွမ်မော်နဲ့က ပြောဖြစ်တာက အဓိကအကြောင်းအရင်းက လက်ရှိ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ် သက်ပြီး ပြောကြားတာပေါ့။ လက်ရှိမှာတော့ အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးမှုက အရေး အကြီး ဆုံးပဲ”ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယင်း သို့ ကချင်လူထုနှင့် တွေ့ဆုံမှုတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပါအဝင် ဗမာစာအားကျောင်း သုံးပြဋ္ဌာန်းမှု အဖြစ် ထည့်သွင်းရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး ယခုလက်ရှိအချိန်အထိ ဆွေးနွေး မှု ၈ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း သိရကာ ယခုကဲ့သို့ ပထမဦးဆုံး အကြိမ်အဖြစ် ပြည်တွင်း၌ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကချင်လူထုနှင့် ဗိုလ်ချုပ်ဂွမ်မော်သည် မေလ ၂၉ရက်နေ့ မနောကွင်း၌ တွေ့ဆုံခြင်းဖြစ်ကာ ပူပေါင်းဆွေးနွေး မှုများ ပြုလုပ်၍ မေးခွန်း မေးမြန်းခြင်းများနှင့် ပြန်လည်ဖြေကြားခြင်းတို့ ပြုလုပ်ကြောင်း သိရသည်။

TMA
မြန်မာ့ခေတ်

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

Posted by drmyochit Thursday, May 30, 2013, under | No comments


ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းလိုက်သည့် လုံခြုံရေးအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရဲမှူး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သံဃာတော်များ ပါဝင်ပြီး ''လုံခြုံရေးအဖွဲ့ ငါးဖွဲ့ချထားတယ်။ ညနေကမှ အစည်းအဝေးလုပ်တာဆိုတော့ ကျွန်တော်တို့လည်း အသေးစိတ်ကိုတော့မသိရသေးဘူး'' ဟု ဦးဝေလင်းက ပြောသည်။ ရိုက်နှက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် အခြေအနေကို ထိန်းသိမ်းရန် ဖွဲ့စည်းခြင်းဟုလည်း သူက ဆိုသည်။

ပဋိပက္ခများအတွင်း လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်တွင် ယမန်နေ့ညနေက မီးရှို့မှုဖြစ်ပွားခဲ့ပြီး ဗလီတစ်လုံး၊ အစ္စလာမ် မိဘမဲ့ ကျောင်းနှင့် ပြန်/ဆက်ဌာနပိုင်ဆိုင်ခန်း နှစ်ခန်းအပါအဝင် ပုဂ္ဂလိက ဆိုင်ခန်းများနှင့် ဂိုထောင်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး အတိအကျမှာ ၅၈၃ ဒသမ ၈ သိန်း ဖြစ်သည်ဟုလည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။

ထို့အပြင် မေလ၂၉ရက်နေ့လည်တွင် အမှတ် (၇) ရပ်ကွက်၌ လူတစ်စုက အကြမ်းဖက်ရိုက်နှက်မှုကြောင့် အစ္စလာမ်ဘာသာ ဝင်တစ်ဦးသေဆုံးကာ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့
ပြည်သူ့ဆေးရုံတွင် ဆေးကုခံယူနေသည်။ တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရကာ ခွဲစိတ်ခန်းသို့ ပို့ထားရကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ သိရသည်။

ထိုရပ်ကွက်တွင်ပင် သတင်းထောက် နှစ်ဦးအား ရိုက်နှက်မှုဖြစ်ပွားရာ တစ်ဦးမှာ ဦးခေါင်းကွဲခဲ့ပြီး တစ်ဦးမှာ သံတုတ်ဖြင့် နောက်ကျောကို ရိုက်နှက်ခြင်းခံခဲ့ရသည်။ ''ကျွန်တော်တောင် အခုပဲ အရိုက်ခံလိုက်ရတယ်။ ကျွန်တော်က ခေါင်းကွဲသွားတယ်။ ကျွန်တော့်သူငယ်ချင်းကိုလည်း နောက်ကနေ သံတုတ်နဲ့ ရိုက်လိုက်တယ်။ ခုထိမထနိုင်ဘူး။ ကင်မရာထဲက မန်မိုရီကတ် (Memory Card) ကိုလည်း ယူထားလိုက်တယ်။ ဆေးခန်းတွေ လည်း ပိတ်တယ်'' ဟု လားရှိုးဒေသခံ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ည ၈ နာရီမှာလည်း ညကိုးနာရီကျော်လျှင် မထွက်ရအမိန့် ပုဒ်မ ၁၄၄ ချက်ချင်းထုတ်ပြန်ခဲ့ရပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အားများ ချထားခဲ့သေးသော်လည်း နေ့လည်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သည်။

''မြို့ကကျယ်တော့ လုံခြုံရေးယူနိုင်တဲ့ နေရာတော့ အေးချမ်းပေမယ့် မြို့ပြင်တွေမှာတော့ နေ့လည်ပိုင်းမှာ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေတုန်းပဲ'' ဟု ကျားဖြူပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း စံမင်းကပြောသည်။

မေလ ၂၉ ရက်တွင် လားရှိုးမြို့ရှိ မြို့မဈေးနှင့် ဈေးဆိုင်များအားလုံး ပိတ်ထားကြပြီး မနက်ပိုင်းတွင် အခြေအနေ တည်ငြိမ် မှုရှိကြောင်းဒေသခံများကပြောကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့သည် လားရှိုးမြို့ သာသနာ့ဗိမာန်တွင် သံဃာတော်များ၊ အစ္စာလာမ်ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။

Mizzima News


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့က လုံခြုံရေးယူထားသော တပ်မတော်သားတဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP ၊ ရဲအောင်သူ)

ယုသန္တာတင်ရဲ့ ဓါတ်ပုံ Album

Posted by drmyochit Thursday, May 30, 2013, under | No comments

ကလေး ဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ် အစိုးရ ရှင်းလင်းချက်

Posted by drmyochit Thursday, May 30, 2013, under | No comments


ရခိုင်ပြည်နယ် မောင်တော ခရိုင်မှာ ရှိတဲ့ မူဆလင် လူမှု အသိုင်း အ၀ိုင်း အနေနဲ့ ကလေး ၂ ဦးပဲ ယူရမယ် ဆိုတဲ့ ဒေသန္တရ အမိန့်ကို လူ့အခွင့် အရေး အဖွဲ့ အစည်း တွေက ဝေဖန် တာဟာ တဘက်စောင်းနင်း ကျပြီးတော့ ပကတိ အခြေ အနေ တွေကို မသိလို့ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ အတွင်း ရေးမှူး ဦးဝင်းမြိုင်ကို ဒီအမိန့် ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီဥစ္စာက အခုမှ ထွက်တဲ့ဥစ္စာ မဟုတ်ဘူး။ ၉၂၊ ၉၃၊ ၉၄ လောက်ကတည်းက ရှိနေခဲ့တဲ့ အမိန့်လို့ ပြောပါတယ်။ အဲ့ဒီ ဥစ္စာတွေကို အကောင် အထည် ဖော်တာက UN အဖွဲ့ အစည်းနဲ့ AZT ဆိုတဲ့ INGO အဖွဲ့တွေ ပါခင်ဗျ။ သူတို့ အကောင် အထည် ဖော်တယ်။ ၉၂၊ ၉၃၊ ၉၄ ကစပြီး အကောင် အထည်ဖော်တာ အခု ရခိုင် အရေး အခင်း ဖြစ်တဲ့ အချိန်မှာ ပြန်ကြည့်တော့ လူဦးရေက အင်မတန် များပြား လာပါတယ်။ သူတို့ကတော့ သားဆက်ခြား အောင်မြင်တယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ လူဦးရေ ပေါက်ဖွားနှုန်းက တအားများတဲ့အတွက် အခုလို ပြဿနာ ဖြစ်လာတဲ့ အခါ ရခိုင်ကိစ္စကို စုံစမ်း စစ်ဆေးရေး ကော်မရှင် ကလည်း အကြံပြု ထားတာတွေ ရှိပါတယ်။ အဲ့ဒါ တွေကို ပြန်ပြီးတော့ အကောင် အထည် ဖော်တဲ့သဘောမျိုးနဲ့ ဒေသန္တရ အမိန့်နဲ့ ထုတ်တာ ပါခင်ဗျ။

မေး။          ။ ဟုတ်ကဲ့ခင်ဗျ။ ၉၂၊ ၉၃ တုန်းက ထုတ်တဲ့အမိန့်က ဒီအစိုးရအနေနဲ့ ထုတ်ပြန် တာလား။ အမိန့်လား ဥပဒေလား အဲ့ဒါက။

ဖြေ။           ။ “အမိန့်ပါပဲခင်ဗျ။ ဒေသန္တရအမိန့်လို့ ခေါ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တော တစ်ခုတည်း ပါပဲ။ ကျန်တဲ့ နေရာတွေတောင် မပါပါဘူး။

မေး။          ။ ဟုတ်ကဲ့။ အခု ရခိုင်အစိုးရကနေပြီးတော့ ထုတ်လိုက်တဲ့သဘောကရော အမိန့် လား ဥပဒေလား။

ဖြေ။           ။ “အမိန့်လို့ ပြောပါတယ်ခင်ဗျ။ ဥပဒေ အပိုင်းမှာတော့ ကျနော်တို့က သိပ် နားမလည် ပါဘူး။ ဒီဥစ္စာက အရင်တုန်းက ရှိခဲ့တဲ့ဟာကို ပြန်ပြီးတော့ တည်မြဲအောင် အမိန့် ထုတ်တာ ပါပဲ ခင်ဗျ။ ပြည်နယ်အစိုးရအနေနဲ့တောင် မဟုတ်ပါဘူးခင်ဗျ။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ် ရေးမှူးနဲ့ အဲ့ဒီမှာကိုင်တဲ့ နကစအဖွဲ့ကနေပြီး ထပ်ပြီး အတည်ပြုပြီး ထုတ်ပေးတာပါ။ အဲ့ဒီမောင်တော ခရိုင် တစ်ခုတည်း ပါပဲခင်ဗျ။

မေး။          ။ ရခိုင်စုံစမ်းရေးကော်မရှင်ကနေပြီးတော့ အကြံပြုထားတဲ့အတိုင်းဆိုတာ ရခိုင်စုံစမ်းရေး ကော်မရှင် ကရော ဒီကိစ္စနဲ့ပတ်သက်လို့ 2 Child Policy ဆိုပြီးတော့ပဲ အကြံပြု တာလား။

ဖြေ။           ။ “2 Child Policy လို့တော့ မပြောပါဘူးခင်ဗျ။ သူက ပထမစာမျက်နှာမှာတော့ ဒီလို လူဦးရေ ထိန်းချုပ်ဖို့ လိုတယ်။ အဲ့လို ထိန်းချုပ်တဲ့အခါမှာလည်း ကိုယ့်ဘာသာရေးအရ ကန့်ကွက် နိုင်တယ်။ ဒီလိုမျိုးလေး ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်စာမျက်နှာမှာတော့ ရခိုင်တိုင်းရင်းသား တွေကလည်း တောင်းဆို ထားပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ ဒီလို လူဦးရေ ထိန်းချုပ် တာလည်း အရင်ထဲက ရှိတဲ့အတွက် လုပ်သင့်ပါတယ်လို့ သူတို့က အဲ့ဒီမှာ အကြံပြု ထားတာ ရှိပါတယ်။

မေး။          ။ 2 Child Policy နဲ့ပတ်သက်ပြီးတော့ ရခိုင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက် ပြီးတော့ အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြန်ပြီး Review လုပ်နေတယ် ဆိုပြီးတော့ ပြောနေလို့ပါ။ အထက်ကရော ဘာများပြော

ဖြေ။           ။ “အဲ့ဒါကတော့ ကျနော် မသိဘူးခင်ဗျ။ ဒီဥစ္စာက ကျနော်တို့ ပြည်နယ် အစိုးရ အနေနဲ့လည်း ထုတ်တာမဟုတ်ဘူး။ ဒေသန္တရအမိန့်ဆိုတာ သူတို့ ထုတ်ခွင့်ရှိတယ်လေ။ ရန်ကုန်မှာ ပုဒ်မ ၁၄၄ အစား ၁၈၈ ထုတ်တဲ့ပုံစံမျိုးပေါ့။

မေး။          ။ အဲ့တော့ အဲ့ဒီအထဲမှာ ကလေး ၂ ယောက်အပြင် အမျိုးသမီး မိန်းမ တစ်ယောက် ပဲ ယူရမယ်ဆိုတဲ့ ဟာမျိုးရော ပါပါသလား။

ဖြေ။           ။ “ပါပါတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် သူတို့က ၄ ယောက် ယူတဲ့အခါကျမှ စောစော ကလည်း ကျနော် ပြောပြီးပြီ။ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး သူ တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီမှာ မေးတယ်။ ယောကျာ်း တစ်ယောက်က မိန်းမ ၄ ယောက်က တရားဝင်ယူတယ်။ တရားမ၀င် မိန်းမတွေကလည်း ရှိတယ်။ အဲ့ဒီက မွေးလာတဲ့ ကလေးတွေနဲ့ အားလုံး မိသားစု ပေါင်းလိုက်ရင် ၈၂ ယောက်ရှိတယ်။ အဲ့လိုမျိုး မိသားစု ၁၀ ဆိုရင် လူဦးရေ ဘယ်လောက် ရှိမလဲ။ အဲ့ဒါလေးတွေ ကျနော်တို့ ပြန်တွက်ပြီးတော့ ရခိုင်တိုင်းရင်းသား တွေ ကလည်း အဲ့ဒါကို စိုးရိမ်တဲ့အတွက် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း မောင်တောတစ်ခုတည်းကို ကျနော် တို့က ဒေသန္တရအမိန့် ထုတ်တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော - မောင်တော ခရိုင်ဆိုရင် ဘူးသီးတောင်၊ မောင်တော ပါပါတယ်ခင်ဗျ။

မေး။          ။ အခု ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေ ထွက်လာပါတယ်ခင်ဗျ။ ဒါက ခွဲခြား ဆက်ဆံတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဝေဖန်သံတွေ ထွက်လာ ပါတယ်။ ဒီဝေဖန်ချက်တွေအပေါ်မှာ ဦးဝင်းမြိုင်တို့ ဘာများ တုံ့ပြန်ချင်ပါသလဲ။

ဖြေ။           ။ “သူတို့ကတော့ ဘယ်လို ဝေဖန် ဝေဖန်လေ။ လူ့အခွင့်အရေး ချိုးဖောက် တယ်လို့ ပြောလို့ ရှိရင် အဲ့ဒီလူတွေက ဒီမှာ လာမကြည့်ဘဲနဲ့ ပြောတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြော မယ်လေ ၁၀ ပေပတ်လည် ရှိတဲ့အိမ်ထဲမှာ လူ ၂၀၊ ၃၀ ဘယ်လို လုပ် နေမလဲ။ နောက်ပြီးတော့ အဲ့လိုမျိုး လူဦးရေ ပေါက်ဖွားနှုန်း များလာတဲ့အတွက် ဒီမှာ ရခိုင်တိုင်းရင်းသား တွေကလည်း စိုးရိမ် စိတ်တွေ များလာပါတယ်။ အဲ့ဒီအတွက် ရေရှည်အတွက် ကြည့်ပြီး ကျနော်တို့ နိုင်ငံတော်အနေနဲ့ ဒီလို အမိန့် ထုတ်ပြန် တယ်လို့ပဲ ကျနော် တို့က ယူဆပါတယ်။ အမိန့်ထုတ်တာကလည်း မြန်မာတနိုင်ငံလုံးကို ထုတ်တာလည်း မဟုတ်ဘူး။ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ထုတ်တာလည်း မဟုတ်ပါဘူး။ ဒီမောင် တော ခရိုင် တစ်ခုတည်း ကိုပဲ ထုတ်တာဖြစ်ပါတယ်။ အဲ့ဒါကိုမှ လူ့အခွင့်အရေးအဖွဲ့က ဒီလို ပြောတယ် ဆိုရင်တော့ ဒါ တဖက်သတ် စွပ်စွဲတယ်လို့ပဲ ကျနော် ထင်ပါတယ်။

From: VOA

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်

Posted by drmyochit Thursday, May 30, 2013, under | No comments



၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေ သူမှ ၄င်း၏ သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေး ယူပေးရန် တိုင်တန်း သဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှု ကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ် တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့ တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊

ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ ရိုက်ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်းအား ပက်ခဲ့ ကြောင်း၊

မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက် မှ လိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအား မီးရှို့ပြီး ဒေါ်လှ ရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊

၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အကြောင်းကြား ၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။

အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီး တစ်ဦး အား ဓါတ်ဆီလောင်းမီးရှို့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။

ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်းအတွင်းတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက် ထားခဲ့ပါသည်။

ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှ ဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊

လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။

ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်မီးရှို့ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။

မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေးကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊ ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။

မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင်ရွက်သည့်အပြင် မြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးဥက္ကဌဆရာတော်မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။

၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ်ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။

ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသောအဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊

၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်းအားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုးဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာစုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊

ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ်ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊

ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။

၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန်ရှိသူ များက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါရပ်ကွက်များအတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီးခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှတပ်မတော်သားများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဆူပူမှု စတင်သူ ကိုနေဝင်းမှာ မူးယစ်ဆေး သုံးစွဲတဲ့ သဘော တွေ့ရပြီး စိတ္တဇ ဆေးရုံ တက်ဖူးသူ လည်း ဖြစ်

Posted by drmyochit Thursday, May 30, 2013, under | No comments


လားရှိုးမြို့တွင်း မီးရှို့မှု

လားရှိုးမြို့ ဆူပှမှု ပြဿနာ အစ ဖြစ်စေတဲ့ ကိုနေဝင်း ဆိုသူကို ရဲက ဖမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုရာမှာ မူးယစ်ဆေး သုံးစွဲတဲ့ သဘော တွေ့ရပြီး စိတ်တဇ ဆေးရုံ တက်ဖူးသူ လည်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထောက်လှမ်းရေး နဲ့ လုံခြုံ ရေး ဌာန ဒုတိယ ရဲမှူးကြီး မင်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေ့လယ်က အဆိုပါ ကိုနေဝင်း ဆိုသူဟာ သူ့ကိုယ်သူ မီးရှို့ဖို့ လုပ်တယ် ဆိုတဲ့ အတည်ပြုလို့ မရသေးတဲ့ သတင်းလည်း ထွက်လာကြောင်း၊ ရှမ်းတရုတ် အမျိုးသမီး မအေးဝင်း ဆိုသူ နဲ့ ကိုနေဝင်း လူချင်း တိုက်မိရာ က အချင်းများ ပြီး ကိုနေဝင်းက အနားက ဓာတ်ဆီဆိုင်က ဓာတ်ဆီ နှစ်ပုလင်း ဝယ်ပြီး နောက်က လိုက်ပြီး ဓာတ်ဆီလောင်း မီးရှို့ပုံ ကို ဒုတိယ ရဲမှူးကြီး မင်းအောင် က ပြောပါတယ်။

ကိုနေဝင်း ကို ဖမ်းဆီးရှာဖွေ ရာမှာလည်း မူးယစ် ဆေးပြား နှစ်ပြား လက်ဝယ် တွေ့ရှိ သလို မူမမှန် ကြောင်တောင်တောင် ဖြစ်နေပုံ လည်းရှင်းပြပါတယ်။ လားရှိုး တည်းခိုခန်း မှာ တည်းကြောင်း၊ သူနဲ့ ပတ်သက်လို့ သံသယ ဖြစ်စရာ တွေ များတဲ့ အတွက် ဆက်လက် စစ်ဆေး နေကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

လားရှိုး မြို့ ကို သတင်းယူဖို့ ရောက်သွားတဲ့ သတင်းထောက် တယောက် က လည်း မြို့တွင်းမှာ အိမ်တလုံး မီးလောင်တာ တွေ့ရပုံ၊ သုံးဘီး ဆိုင်ကယ် တွေ ကို လမ်းမ ပေါ် ပုံပြီး မီးရှို့ ထားကြောင်း၊ လူ ၂ဝ၊ ၃ဝ ခန့်ဟာ တုတ်ျတွ ဓားတွေ ကိုင်ပြီး ဆိုင်ကယ် တွေ စီးကာ သွားနေတာ ကို တွေ့ရပုံ ဘီဘီစီ ကို ပြောပါတယ်။

လုံခြု့ရေး အပိုင်းမှာတော့ ည ၇ နာရီ နောက်ပိုင်း မထွက်ရ တော့ သလို စစ်တပ်ရော ရဲပါ တာဝန်ယူ စောင့်ရှောက် ပေးနေကြောင်း၊ သတင်းထောက် တွေ အနေနဲ့ လည်း ကိုယ့် အန္တရာယ် ကြည့်ရင်း အုပ်စု လိုက်ပဲ သွားကြရင်း သက်ဆိုင်ရာ အာဏာပိုင် တွေ အကူ အညီ နဲ့ သတင်းယူ ပုံ တွေ ဘီဘီစီ ကို ရှင်းပြပါတယ်။

NLD ပါတီဝင် မွတ်ဆလင်ရဲတိုက် အမှု ရဲစခန်း သတင်းစာရှင်းလင်းသည့် ဗွီဒီယို

Posted by drmyochit Thursday, May 30, 2013, under | No comments



ရဲစခန်း တာဝန်ရှိသူများမှ ရဲတိုက်အား ဘယ်ဘာသာ ကိုးကွယ်သလဲ ဟု မေးမြန်းရာ ရဲတိုက်မှာ ဒီအချိန်မှာ ကျွန်တော်မပြောနိုင်ဘူး ဟု ဖြေကြားခဲ့သည်။




From: Myanmar Express

လားရှိုး ပဋိပက္ခဓာတ်ပုံများ

Posted by drmyochit Thursday, May 30, 2013, under | No comments


ရှမ်းပြည် မြောက်ပိုင်းမှာ အကြီးဆုံးမြို့ ဖြစ်တဲ့ လားရှိုးမြို့က မေလ ၂၉ ရက် မြင်ကွင်း။ မနက်ပိုင်းမှာ တည်ငြိမ် အထိုက်အလျောက် ရှိခဲ့ပေမယ့် နောက်ပိုင်း လူစုဝေးမှု တချို့တွေ့ရ။
မေလ ၂၉ ရက်
မေလ ၂၈ ရက် ညပိုင်း လားရှိုးမြို့

မေလ ၂၈ ရက် ညပိုင်း လားရှိုးမြို့
မေလ ၂၈ ရက် ညပိုင်း လားရှိုးမြို့

From: BBC

လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရ

Posted by drmyochit Thursday, May 30, 2013, under | No comments

ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးကာ အကြမ်းဖက် ဖျက်ဆီးမှုများ ရှိနေသော လားရှိုးပဋိပက္ခ ဖြစ်စဉ် 
အတွင်း မေ ၂၉ ရက်က တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုကို တွေ့ရစဉ်

လားရှိုးမြို့ တွင် မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့ခဲ့ရာမှတစ်ဆင့် ဖြစ်ပွား ခဲ့သော ပဋိပက္ခသည် မေ ၂၉ ရက်တွင်လည်း နေရာအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မေ ၂၉ ရက် တွင် ဆူပူမှု၊ အကြမ်းဖက် ဖျက်ဆီးမှု အချို့ကြောင့် ရုပ်ရှင်ရုံ တစ်ရုံနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တစ်ဦးသေ ဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးရေ ၂၀၀ ခန့်ရှိသော လူများက ဆူပူအကြမ်းဖက်မှု ပြန်လည်ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် သေဆုံးသူမှာ (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့် ၀င်း (ဘ) ဦးစမိုင်ဆိုသူ ဖြစ်ပြီး ဒေါ်ခင်ခင် (၅၂ နှစ်) (ဗုဒ္ဓ)၊ မောင်ဝဏ္ဏ မင်းထိုက် ၃၀ နှစ်(ဗုဒ္ဓ)၊ ဦးအောင်အောင် ၃၈ နှစ်(ဗုဒ္ဓ)၊ ဦးချစ်ကို(ဗုဒ္ဓ)၊ ဦးမြင့်နိုင် ၄၁ နှစ်(ဗုဒ္ဓ)နှင့် DVB သတင်းထောက် ဦးခွန်ဇော် ဦး တို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို လားရှိုးပြည် သူ့ ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ပြီး မောင်ဝဏ္ဏမင်းထိုက်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိ သဖြင့် ခွဲစိတ်ခန်းသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း၊ ကျန်လူနာများမှာ လက်ရှိတွင် မစိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း သိရသည်။

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့က အကြမ်းဖက် ဆူပူသူများအား မေတ္တာရပ်ခံ ပြောကြားနေသည်ကို မေ ၂၉ ရက် ညနေ ၃ နာရီခွဲက တွေ့ရစဉ်

ထို့ပြင် ဆူပူ အကြမ်းဖက်မှုများကြောင့် အမှတ် (၂) ရပ်ကွက်ရှိ သီတာအေးရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင် ဖျက် ဆီး ခံခဲ့ရသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သောကြောင့် နောက်တန်းခုံများနှင့် ရုပ်ရှင် ပိတ်ကား တို့သာ ပျက်စီးခဲ့သည်။ ထို့အတူ အမှတ် (၇) ရပ်ကွက်တွင် လူဦးရေ ၃၀ ခန့်က ဆလွန်းကား တစ်စီး ကိုလည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့သည်။

အကြမ်းဖက်လူတစ်စုမှ လားရှိုးမြို့နယ် (၃) ရပ်ကွက် ဈေးအနီးရှိ ဗလီတစ်ခုအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်းက (ပ) ၂၅၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ အစ္စလာမ်မိဘမဲ့ ဂေဟာအား မီးရှို့ဖျက် ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်း (ပ) ၂၅၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ ရပ်ကွက် (၉) ရှိ အစ္စလာမ် စာသင်ကျောင်း တစ်ခုအား ဖျက်ဆီးမှုကြောင့် လားရှိုးမြို့နယ် နယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၂/၄၂၇/၃၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနေစဉ်

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက "ဖြစ်သွားတဲ့ ဒီဖြစ်စဉ်ကို သုံးသပ်ရမယ်ဆိုရင် အဓိက လူတွေ ရဲ့ တရားဥပဒေ စိုးမိုးမှုအပေါ် လိုက်နာမှု အပိုင်းတွေ အားနည်းတယ်။ ဒေါသကို ရှေ့ထားပြီးတော့ လုပ်ဆောင် ခဲ့ကြ တာတွေကို တွေ့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ နေ၀င်းကို ရဲတပ်ဖွဲ့က ဥပဒေအရ ဖမ်းဆီး စစ်ဆေးနေ တဲ့ အချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်။ အမှန်တော့ တာဝန်ရှိ သူတွေ က ကျူးလွန်တဲ့သူကို ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးဆိုရင် ကျေနပ်မှု မရှိတဲ့သူတွေ ဥပဒေ အတိုင်း ဆက်လက်လုပ်ပိုင်ခွင့် ရှိတယ်။ ဒါ့အပြင် ထိထိရောက်ရောက် မီဒီယာတွေ အနေနဲ့ ထောက်ပြရေးသားပိုင်ခွင့် ရှိတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် နိုင်ငံတကာက မြန်မာလူမျိုးတွေအပေါ် အထင်မှားစရာတွေ ဖြစ်လာနိုင်တယ်။ မြန်မာလူမျိုးတွေက မင်းမဲ့စရိုက် ဆန်တယ်ဆိုတဲ့ အတွေးမျိုးတွေ ၀င်သွားနိုင်ပါတယ်" ဟု မေ ၂၉ ရက် နံနက်ပိုင်းက ပြောပြခဲ့သည်။

ဖြစ်ပွားနေသည့် ဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်နှင့် တပ်မတော်အင်အား ၃၀၀ ကျော်တို့ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုတစ်စုကို မေ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ်

မေ ၂၉ ရက်ည နိုင်ငံပိုင် ရုပ်သံသတင်း ကြေညာချက်တွင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ကွက် ၂၊ ရပ် ကွက် ၃၊ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ တို့မှာ အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီခန့်အထိ တိုက်ခိုက် မီးရှို့ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မေ ၂၈ ရက်မှ ၂၉ ရက် အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ် ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင် ရုံ တစ်ရုံ၊ ဂိုဒေါင် လေးလုံး၊ ဆိုင်ခန်း ၃၁ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင် ပျက်စီး ခဲ့ကြောင်း၊ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ က ပြစ်မှုကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှု ကျူး လွန်ခြင်းဖြစ် ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခအသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့ အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု သိရသည်။

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုနှင့် ဖျက်ဆီးခံထားရသော မော်တော်ယာဉ် တစ်စီးအား မေ ၂၉ ရက် ညနေပိုင်းတွင် တွေ့ရစဉ်

မေ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မန်ဆူရှမ်းကျောင်း ဆရာတော် တို့ ဦးဆောင်သော အဖွဲ့က ပဋိပက္ခများ ဖြစ်ပွားနေသည့် လားရှိုးမြို့ အမှတ်(၇) ရပ်ကွက် အတွင်း လှည့် လည်၍ အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန် တားမြစ်ခဲ့ပြီး ယင်းဆူပူ အကြမ်းဖက် မှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက "အခုလက်ရှိ လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အများစုကို ထိန်းချုပ်နိုင် ပါပြီ။ ဒါပေမဲ့ လားရှိုးမြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူတစ်စုက အစ္စလာမ် ဘာသာ ၀င်တွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေကို လာရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိနေသေး တဲ့ အတွက် ဒါတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးအင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်" ဟု မေ ၂၉ ရက် ညနေပိုင်းတွင် ပြောကြားထားသည်။

မေ ၂၉ ညပိုင်းတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး တားမြစ်နေရာများသို့ မည်သူ့ကိုမှ သွားလာ ခွင့် မပြုကြောင်း သိရသည်။
တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူများကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ဖျောင်းဖျနေစဉ်

ထို့ပြင် မေ ၂၉ ရက် ညပိုင်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး ၀န်ကြီး ဌာနတို့မှ တာဝန်ရှိသူများနှင့် ဆရာတော် သံဃာတော်ကြီးများ ပါဝင်သော အဖွဲ့ငါးဖွဲ့က မြို့တွင်း လှည့် လည်၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၂၈ ရက်နေ့က ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရသော မအေးအေးဝင်းသည် လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တက်ရောက်ကုသလျက်ရှိပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေ အနေ မရှိကြောင်း သိရသည်။

From: Eleven

သရုပ်ဆောင် ရဲတိုက်အား ချုပ်ရက်ရမန်ပေးပြီး ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထား

Posted by drmyochit Thursday, May 30, 2013, under | No comments


သရုပ်ဆောင် ရဲတိုက်အား တရားရုံးသို့ ရမန်ယူရန် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မေ ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း သက်ဆိုင်ရာ၏ ခွင့်ပြု ချက် မရဘဲ ဆန္ဒဖော်ထုတ် ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဗိုလ်တထောင် ရဲစခန်း၌ပင် ဆက်လက် ထိန်းသိမ်း ထားကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက တရားလို အဖြစ် တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် ရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာ ကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/ (က)ဖြင့် အမှုဖွင့် ထိန်းသိမ်းခဲ့ပြီး သက်သေ အထောက်အထား စစ်ဆေးရန်အတွက် ဆက်လက် ထိန်းသိမ်း ရန် ချုပ်မိန့် ရမန် တောင်းခံခဲ့ရာ ဗိုလ်တထောင်မြို့နယ် တရားရုံးမှ ၎င်းအား ဗိုလ်တထောင် ရဲစခန်းတွင် ဆက်လက်ချုပ်ထားရန် မေ ၂၉ ရက် မွန်းလွဲပိုင်းက ချုပ်မိန့်ရမန် ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိန်ဝေက "လက်ရှိ ရမန်ပေးထားတဲ့ အတွင်းမှာပဲ စစ်ဆေးလို့ သက်သေ ခိုင်လုံရင် တရားစွဲ တင်ပို့သွားလို့ ရတယ်" ဟု မေ ၂၉ ရက် ညနေ ၆ နာရီ အချိန်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် ဘုရားကျောင်း သာသနာ့အကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်းက "ကျွန်တော် တို့ဘက်က အမှားမရှိဘဲ မှန်တယ်ဆိုတာကို သက်သေပြပြီး သရုပ်ဆောင် ရဲတိုက်အနေနဲ့ သူမှားကြောင်း လူသိ ရှင်ကြား တောင်းပန်ရင်တော့ ကျွန်တော်တို့ဘက်က ကျေအေးပေးသွားပါမယ်" ဟု The Daily Eleven သတင်းစာသို့ မေ ၂၉ ရက် ညနေပိုင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင် ရဲတိုက်အား တရားရုံး၌ ချုပ်ရက်ရမန်ယူစဉ် The Daily Eleven က မေးမြန်းရာ "ကျွန်တော် မှားတယ်ဆိုရင်တော့ တောင်းပန်မှာပေါ့" ဟု ပြန်လည်ဖြေကြားခဲ့သည်။

From: Eleven

Wednesday, May 29, 2013

Viber For Pc 1.2MB

Posted by drmyochit Wednesday, May 29, 2013, under | No comments



Viber ကနေ ကွန်ပျူတာမှာ အသုံးပြုဖို့အတွက် Bata ဗားရှင်းအနေနဲ့ ထုတ်ပေးလိုက်ပါပီ
အကောင့်ဖွင့်နည်းကတော့ ဖုန်းမှာလိုပါဘဲ ကွန်ပျူတာမှာ အသုံးပြုရနိုင်ဖို့အတွက်
Viber မှာ အရင် အကောင့်လုပ်ထားတဲ့ ဖုန်းနံပတ်လိုပါတယ် အဆင်ပြေပါစေ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်


http://www.viber.com/

အဲမှာ အဆင်မပြေဘူးဆိုရင်


ကွန်ပျူတာကနေ အသုံးပြုချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေ
For Xp 7 8 Ok
ပါဝင်တဲ့လုပ်ဆောင်ချက်တွေကတော့
Best-quality HD voice calls
Video calls
Free text and photo messages
Group conversations
No registration, passwords or invitations required
Contacts and messages sync between your mobile and Windows
Transfer ongoing calls between devices
Install လုပ်နည်းကတော့Download လုပ်ထားတာကို ဖွင့်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရပါမယ်



Viber သုံးတဲ့စက်ကတော့ အင်တာနက်ချိတ်ထားမှာဘဲ ဒါကြောင့် Accept & Install ထပ်လုပ်ပါ



ကွန်နက်ရှင်အပေါ်မှုတည်ပြီးတော့ မြန်မယ် ကြာမယ်ခင်ဗျာ ပြီးရင် သူဟာသူ စက်ထဲကို Install လုပ်သွားပါမယ် ပြီးသွားရင်



ပုံထဲကအတိုင်းပေါ်လာရင် Yes ကိုကလစ်ပါ



ဖုန်းနံပတ်ထည့်ပေးရပါမယ် Viber မှာ အရင် အကောင့်လုပ်ထားတဲ့ ဖုန်းနံပတ်လေး အသုံးပြုရပါမယ်
ဖုန်းနံပတ်ထည့်တဲ့အခါ ကိုယ်နိုင်ငံကိုရွှေး ဖုန်းနံပတ်ရဲ့ အရှေက 0 ကိုဖြုတ်ပြီးထည့်ပါ
ထိုင်းဆို 08 နဲ့စတယ်ဆိုတော့ နိုင်ငံကိုရွှေးလိုက်ရင် +66 ကပါပြီးသားပါ
ဒါကြောင့် +668 ဆိုပြီးတော့ ဖြစ်သွားမှာပါ





အခုလိုမြင်ရပါမယ်



ကုတ်ကို ဖုန်းက Viber ထဲကို မက်ဆေ့ပို့ပေးပါမယ်
ဖုန်းထဲက Viber ကိုလည်း အင်တာနက်သုံးပြီးတော့ ဖွင့်ထားလို့ပါတယ်
အယ်ရာတက်နေရင် 24နာရီ ကျော်ကျော်စောင့်ပါ




အခုလိုပုံအတိုင်းရပါမယ် ဒါဆို ကွန်ပျူတာမှာသုံးလို့ရပါပီ မြန်မာစာတော့ အဆင်မပြေသေးပါဘူး ခင်ဗျာ
နောက်ဗား၇ှင်းတွေဆိုရင်တော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်

အမျိုးကောင်းသား


ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်မည်ဟောကိန်းနှင့်ဥပဒေအမြင်

Posted by drmyochit Wednesday, May 29, 2013, under | No comments



နာမည်ကျော်မြန်မာဗေဒင်ပညာရှင်  တစ်ဦးက “၂၀၁၅ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်လာ လိမ့်မည်” ဆို သော သူ၏ဟောကိန်းကိုမပြင်နိုင်ကြောင်း  ထပ်မံအတည်ပြုပြောသောအခါရလဒ်၊ ဟောကိန်း မှာဟော ကိန်းပင်ဖြစ်သည်ဟု မိမိကိုယ်မိမိယုံကြည်စိတ်ချစွာခံယူထား သော ပညာရှင် ကိုလေး စားပါသည်။ သူက  ဂြိုဟ်နက္ခတ်ကို တွက်ပြီးဟောတာ၊ ဥပဒေ သိစရာမလိုဟုအကြောင်းပြပါသည်။

ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မှီငြမ်း၍ “ဟော” ပါမည်။ ကျွန်တော်သည်ဗေဒင် ပညာဂြိုဟ် နက္ခတ်  အပူးအခွာများကို ဘာမျှနားလည်သူမဟုတ် သဖြင့်၊ သူ့ဟောကိန်းကိုဝေဖန်နိုင်စွမ်းမရှိ ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည်အခြေခံဥပဒေအခန်း (၃) ပုဒ်မ ၅၉ က လုံးဝ လွှမ်းမိုး ထားသဖြင့်  ဥပဒေဂြိုဟ်စီးဂြိုဟ်နင်းများမည်သို့ရှိသည်  ကိုလေ့လာတင်ပြပါမည်။
အခြေခံ ဥပဒေမှာ သတ်မှတ် ထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ တွင် ရှိရမည့် အဓိက အရည် အချင်းများ သည်ဒေါ်အောင်ဆန်းစုကြည်နှင့် မည်မျှ ကိုက်ညီသည်ကိုအောက်ပါအတိုင်းစိစစ် ကြည့်ပါမည်။

ပုဒ်မ ၅၉၊ ပုဒ်မခွဲ (က) နိုင်ငံတော်သမ္မတ သည်နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်   သစ္စာရှိသူဖြစ်ရမည်။ ဤပြဋ္ဌာန်း ချက်နှင့် စပ်လျဉ်း၍ဘာမျှအငြင်းပွားဖွယ်မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော် နှင့် နိုင်ငံသား တို့အပေါ် သစ္စာမရှိသော အရိပ်အယောင်များတွေ့ခဲ့ရပါက ဟို အာဏာ ပါဝါရှင်တွေ လက်ထက် ကပင်နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့် စွဲပြီးလွတ်ရက်မရှိထောင်သွင်းအကျဉ်းချ မှာသေချာ ပါသည်။

ပုဒ်မခွဲ(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး  နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသား မှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ ဒေါ်အောင် ဆန်းစုကြည်ကို ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းကအခုဗိုလ်ချုပ်ပြတိုက်အမည်ပေး ထားသည့်အိမ်မှာ မွေးခဲ့သည်။ ဖခင် ဦးအောင်ဆန်းက နတ်မောက် ဇာတိသား  သူ့မိခင်နှင့် ဖခင်တို့အကြောင်းကို သူငယ်တန်းကလေးများပင်သိကြသည်။ မိခင်ဒေါ်ခင်ကြည် ကမြောင်းမြသူနှစ်ဖက်  အဖွားနာမည်တိုက်ဆိုင်လိုက်ပုံများ ဦးအောင်ဆန်းအမေက ဒေါ်စု၊ ဒေါ်ခင် ကြည်အမေကဒေါ်ဖွားစုတဲ့။
ပုဒ်မခွဲ (ဂ) အနည်းဆုံးအသက် ၄၅ နှစ် ပြည့်ပြီးဖြစ်ရမည်။ အသက်က ၆၀ တောင်ကျော်လို့တစ်နိုင်ငံလုံးက “အမေစု” လို့ချစ်စနိုးခေါ်နေကြပြီ။

ပုဒ်မခွဲ (ဃ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့်အမြင်များရှိရ မည်။ ဒီအချက်မှာ နည်းနည်း “စကား ပြော” လာပြီ။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင် တွေ ဘယ်လောက် ရှိတယ်ဆိုတာ သူ့ပထမဆုံးရွှေတိဂုံအနောက်မုခ်မိန့်ခွန်း နှင့် ပင်လုံလောက်ပါပြီ။ နိုင်ငံတ ကာကရ ထားတဲ့ပညာရေးဘွဲ့တွေကို တန်းစီရေး ပြဖို့တောင်မလိုတော့ပါ။ အဲဒီမှာ “စစ်ရေး အမြင်” ရှိရမယ် ဆိုတာဘာ ကို ဆို လိုပါသလဲ။ အရပ်စကားနဲ့ ပြောရရင် အိတ်စ်အာမီ (ex-army) ဖြစ်မှ သမ္မတဖြစ် မှာလား။ ဒီလိုတော့လည်းမဟုတ်တန်ရာပါ။ လက်ရှိ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း  ဟာတပ် ထွက်မ ဟုတ်ဘူးလို့သိကြပါတယ်။ တပ်ထဲဝင်ဘူးမှ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်နိုင်မယ်ဆိုတဲ့ တစ်ချက် လွှတ်ပြဋ္ဌာန်း ချက်မျိုးတော့ရှိဖို့မသင့်ပါ။

ပုဒ်မခွဲ (င) အနည်းဆုံးအနှစ် ၂၀ နိုင်ငံ တော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ သူ့ကို အကျယ်ချုပ် ချခဲ့တဲ့ အမိန့်စာတွေ ဆက်ဆက်တို့မြှင့်တဲ့နောက်ဆက်တွဲ အမိန့်တွေရဲ့နေ့စွဲအဖွင့်အပိတ်တွေကို ပေါင်းကြည့် ရင်တောင်၊ ဒေါ်အောင်ဆန်း စုကြည်တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ၀င်းမှာနေခဲ့တာအနှစ် ၂၀ ကျော် ပါပြီ။

ပုဒ်မခွဲ (စ) မိမိကိုယ်တိုင်၊ မိဘ၊ ဇနီးသို့ မဟုတ်ခင်ပွန်း၊ သားသမီး၊ သမက်နှင့် ချွေးမတို့သည် နိုင်ငံခြားသားများ မဖြစ်ရ ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံခြား တွင် နေထိုင်ခဲ့သော်လည်း နိုင်ငံသား အဖြစ် မှ ရပ်စဲစေသော ပြစ်မှုများကို ကျူးလွန် ခဲ့သူမဟုတ်သဖြင့် နိုင်ငံသားဟုတ်မဟုတ် အငြင်းမပွားရုံမက ကြားဖြတ်ရွေးကောက်  ပွဲတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရပြီးသူဖြစ်သည်။ သို့သော်  ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ အဖြစ်အရွေးခံခွင့်ရနိုင်ရေးမှာ ဤပြဋ္ဌာန်း ချက်က လုံးဝလွှမ်း မိုးကန့် သတ်ထားပါ  သည်။

အဘယ်ကြောင့်ဆိုသော်သူကိုယ် တိုင်ကနိုင်ငံသားဖြစ်သော်လည်း သူ၏ ကွယ်လွန်သူခင်ပွန်းနှင့် တရားဝင် သားနှစ် ဦးမှာ အင်္ဂလန်နိုင်ငံဇာတိသားများဖြစ် နေသောကြောင့်တည်း။
ဤနေရာမှ စ၍ ကျွန်တော်၏ဥပဒေ အမြင်ဆွေးနွေးပွဲစပါမည်။ လက်ရှိအခြေခံ ဥပဒေပုဒ်မ ၅၉၊ ပုဒ်မစွဲ (စ) ပြဋ္ဌာန်း ချက်  အပြည့်အစုံမှာ “မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်း  ကောင်း၊ မိမိ၏ ဇနီးသို့မဟုတ်ခင်ပွန်းသော်  လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး  တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရား  ၀င်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်  ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ  ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်  ရိုသေသူသို့မဟုတ်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသို့မဟုတ်တိုင်းတစ်ပါး ၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ ထိုသူများ သည်နိုင်ငံခြား အစိုးရ ၏လက် အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသော အခွင့် အရေး များ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ” အတော့်ကိုအကွက်မိ စွာပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။

နိုင်ငံခြားသားခင်ပွန်းမှာ ကွယ်လွန် ပြီးဖြစ်သော်လည်း၊ ဥပဒေတွင် ကွယ်လွန် သူ၊ သက်ရှိဖြစ် သူဟု ခွဲခြားပြ ဋ္ဌာန်း မထား သည့်အပြင်ခင်ပွန်းကွယ်လွန်သော်လည်း ခင်ပွန်း၏အမွေကိုဆက်ခံနိုင်ခွင့်ရှိသူဖြစ် နေသဖြင့် ဤပြဋ္ဌာန်း ချက်နှင့် ငြိနိုင်ပါ သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်  သမ္မတအဖြစ်အရွေးခံနိုင်ရန် ဤကန့် သတ် ချက်များကို ပြင်ဆင်မှဖြစ်ပါမည်။ မည်သို့  ပြင်ဆင်မည်နည်း။

ဤပြင်ဆင်ရေးကိစ္စသည်ဒေါ်အောင် ဆန်းစုကြည်အားသမ္မတအဖြစ်အရွေးခံ ခွင့်ရနိုင်ရေးအတွက် အဓိကဖြစ် ရာပြင်ဆင်  လိုသော (တစ်နည်းအားဖြင့် ပယ်ဖျက် လိုသော) ကန့်သတ်ချက်စကားရပ်များ ကို ကွက်ပြီး ပယ်ဖျက် လိုက်လျှင် လုံလောက်  ပါမည်။ ထိုသို့ပယ်ဖျက်ရန်အတွက် အခြေခံဥပဒေအခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာပြဋ္ဌာန်း ချက်များနှင့် အညီအောက်ပါအတိုင်းတစ်   ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ကြရပါမည်။

ပထမဆင့်

လက်ရှိပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း က ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတစ်ရပ် ကို စတင်တင်သွင်းရမည်။ ထိုမူကြမ်းတွင် အောက်ပါ အရေးအသားအတိုင်းပါရှိရ မည်။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ)တွင် ပါရှိသော “မိမိ၏ဇနီး သို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော် လည်းကောင်းဆိုသည့်စကားရပ်ကိုပယ် ဖျက်ရမည်။

ဒုတိယဆင့်

ဤပြင်ဆင်ချက်အဆို (ဥပဒေကြမ်း) ကို ပြည်ထောင်စုလွှတ်တော်ကလက်ခံ ဆွေးနွေးပြီးနောက်၊ ကိုယ်စား လှယ်အား လုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်  ရန်သဘောတူပါက အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အရအေက်ပါအတိုင်း  ဆက်လက်ဆောင်ရွက်ကြရပါမည်။

တတိယဆင့်

ယခုပြင်ဆင်မည့်ပုဒ်မသည်အခြေခံ ဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မ ခွဲ (က) ၀င် ပုဒ်မဖြစ်သဖြင့် ပြည်ထောင်စု လွှတ်တော် က ပြင်ဆင်ရန်သဘောတူရုံဖြင့်မလုံလောက် ဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည် ပြုချက်ထပ် မံရယူရန်လိုအပ်သဖြင့် ဆန္ဒ ခံယူပွဲကျင်းပနိုင်ရန်လိုအပ်သော အခြေခံ ဥပဒေပြင် ဆင်ရေးပြည် လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကိုပြဋ္ဌာန်းကာ၊ ဆန္ဒခံ ယူပွဲကျင်းပရေးကော်မရှင်အဆင့်ဆင့်ကို တစ်ပါ တည်းဖွဲ့စည်းရမည်။

စတုတ္ထဆင့်

ဤပြင်ဆင်ရေးကိစ္စရပ်၏အရေးပါ ပုံကို ပြည်သူ့အတွင်းသို့ချပြပြီး သတ်မှတ် သည့်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ပြည်သူတို့၏ သဘောတူညီချက်ကိုရယူရမည်။

ပဉ္စမဆင့်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထောက်ခံမဲ မှာ ထက်ဝက်မကျော်ပါက ဥပဒေပြင်ဆင် သည် အတည်မဖြစ်ဘဲ ထက်ဝက်ကျော် မဲရမှသာအတည်ဖြစ်မည်။

ဆဋ္ဌမဆင့်

ပြည်ထောင်စုလွှတ်တော်သည်ဆန္ဒခံ ယူပွဲ၏ရလဒ်ကိုအခြေခံ၍ အဆိုအတည် မဖြစ်ပါက အတည် မဖြစ်ကြောင်းကြေ ညာ ခြင်းဖြင့်လည်းကောင်း၊ အတည်ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပြ ဋ္ဌာန်းခြင်းဖြင့် လည်းကောင်းလုပ်ငန်း ပြီးပြတ်သည်။

အထက်ပါအဆင့်များမှာ ယေဘုယျ  မှန်းဆပြီးရေးထားခြင်းဖြစ်သည်။ ဥပဒေ  ပြင်ဆင်ရေး တကယ် လုပ်ကြသော အခါ ပထမဆုံးအဆိုတင်ရမည့်ပြည်ထောင်စု  လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၂၀ ရာခိုင်နှုန်း အင်အားစုရဦးမည်။ ပြည်ထောင် စုလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စား လှယ် ၄၉၈ ဦးနှင့် တပ်မတော် သားကိုယ် စားလှယ် ၁၆၆ ပေါင်း ၆၆၄ ဦးရှိရာ ၂၀ ရာခိုင်နှုန်းဆိုပါက အနည်းဆုံး ၁၃၃ ဦး ကနဦးစု စည်းရဦးမည်။ လက်ရှိတွင် အင်အယ်လ်ဒီပါတီဝင်အင်အား ၁၀၀  ပင် မပြည့်သေးပေ။ အခြားပါ တီဝင်များ အပါ အ၀င်အင်အားဖြင့် ၁၃၃ ဦးရသည်ထား ဦး ၇၅ ရာခိုင်နှုန်းရရှိအောင်ဆက်လက် စည်းရုံး ရဦး မည်။ ကိုယ်စားလှယ်ဦးရေ အားဖြင့် ၄၉၈ ဦးဖြစ်သည်။ ယင်းအရေ  အတွက်မှာ ရွေးချယ် တင်မြှောက် ခံကိုယ်စား  လှယ်အားလုံး၏အရေအတွက်ပင်ဖြစ်သည်။ ကနဦးအဆိုတင်သည့် ၁၃၃ ဦးကသဘော  တူခဲ့ပြီးဖြစ် သဖြင့် နောက်ထပ် ၃၆၅ ဦး ကိုစည်းရုံးရမည်။

ဤထောက်ခံချက်အင်အားကိန်း ဂဏန်းများအတိုင်းအမှန်ရနိုင်၊ မရနိုင် ကျွန်တော်ဥပဒေသမားက ကြိုတင် မခန့် မှန်းနိုင်တော့ပါ။ တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ဦးပါဝင်သော ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး၏ အဆုံးအဖြတ်ပင်ဖြစ်တော့သည်။ ဤအဆင့် ကိုအောင်မြင် စွာဖြတ်သန်းပြီး မှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန်  ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလအတွင်းတွင် ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း  ဖြင့် အတည်ပြုခဲ့သော ပုဒ်မပေါင်း ၄၅၇ ခုပါဝင်သည့်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ  စာအုပ်ထဲတွင် ပုံနှိပ်ပါရှိနေသည့်စာလုံး ရေ ၄၉ လုံး ကို ၀ယ်ဖျက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင်းတွင် အခြေ အတင်ဆွေးနွေးခြင်း၊ မဲခွဲ ဆုံးဖြတ်ခြင်း အောင်မြင်ပါက ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကြီးကျင်းပရဦးမည်ဖြစ်ရာ လုပ်ငန်းမည် မျှကျယ်ပြန့် ၍ အချိန်နှင့် ကုန်ကျစရိတ် များမည်မျှရှိနိုင်မည်ကိုခန့်မှန်းနိုင်ကြပါ သည်။ လက်ရှိလွှတ်တော်အသီးသီး၏ သက်တမ်း သည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အခြေခံ ဥပဒေပြင် ဆင်ရေး လုပ်ငန်းစဉ် တစ်ရပ်လုံးကို ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမကျင်းပမီအပြီးဆောင်ရွက်  ရန်လိုပါ မည်။

ဗေဒင်အလိုအရဂြိုဟ်အနေအထား မည်သို့ရှိမည်မသိသော်လည်း အထက်ပါ  အစီအစဉ် အတိုင်း အခြေ ခံဥပဒေ တွင်ပြင် ဆင် နိုင်ပါမှ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ရွေးချယ်ခံခွင့်လမ်းပွင့်ပါမည်။

သက်ထွန်းရည်
From: The Hot News Weekly

ဦးရဲထွဋ် ပြောတဲ့ လားရှိုး အကြမ်းဖက်မှု အကျဉ်းချုပ်

Posted by drmyochit Wednesday, May 29, 2013, under | No comments



လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဖြစ်စဉ် အကျဉ်းချုပ်ကို အခုလို သူ့ဖေ့စ်ဘုတ်မှာ ရေးသား အသိပေးထားပါတယ်။

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ် 

မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်
နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေး
ပြား နှစ် ပြားပါတွေ့ ရှိတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ပါတယ်။

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။

၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။

၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်း များပြုလုပ် ပါတယ်။

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။

၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။

ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေးပါဘူး။ လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။

အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုများမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။
 ...............................

ဒီအပြင် ဦးရဲထွဋ်က လားရှိုးမြို့ အကြမ်းဖက်မှုအပေါ် မှတ်ချက်လည်း အခုလို ပေးထားပါသေးတယ်။


ရာဇ၀တ်မှု၊ အငြင်းပွားမှုဆိုတာကတော့ ဘာသာတူချင်းဖြစ်သလို ဘာသာမတူတဲ့ လူတွေကြားမှာလည်း ဖြစ်ပွား နေကြတာပါပဲ။ ပြောရရင် ဘာသာတူချင်းကြားမှာ ဖြစ်တဲ့ ရာဇ၀တ်မှုနဲ့ အငြင်းပွားမှုက အရေအတွက်ပိုများမယ်ထင်ပါတယ်။

ဒါပေမယ့် ဘာသာမတူသူချင်းကြား ရာဇ၀တ်မှု ဒါမှမဟုတ် အငြင်းပွားမှုတစ်ခုဖြစ်တာနဲ့ ဒါကို ဘာသာရေး၊ လူမျိုးရေးရှုထောင့်ကနေ ချဉ်းကပ်ပြီး အကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်တာက တော့ အစွန်းရောက် သွားပြီဖြစ် ပါတယ်။

အခုလိုပျက်စီးမှုတွေမြင်ရတဲ့အခါ ဖျက်ဆီးခဲ့သူတွေအနေနဲ့ ၊ မိမိချစ်ခင်မြတ်နိုးတဲ့ နိုင်ငံ၊ မိမိရိုသေကိုးကွယ်တဲ့ဘာသာအတွက် နိုင်ငံတကာအမြင်မှာ ဂုဏ်တင့်အောင်လုပ်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်နိုင်၊ ဂုဏ်ယူနိုင်ပါ့မလား။

From: ဧရာဝတီ

လာရှိုးမြို့ ယနေ့ နံနက်ပိုင်း မြင်ကွင်းများ (8 photos)

Posted by drmyochit Wednesday, May 29, 2013, under | No comments

ယမန်နေ့ညက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုန်း ငြိမ်သက်သွားပြီးနောက် ယနေ့ မေလ၂၉ရက် နံနက်ပိုင်း လာရှိုးမြို့တွင် လုံခြုံရေးထူထပ်စွာ ချထားသည်ကို
တွေ့မြင်ရသည်။


စိုင်းကံသာ








From: The Myanma Age

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်