Monday, December 31, 2012

ကြေငြာချက်ထုတ်ချင်သည့် ၈၈ တို့အတွက် မေးခွန်းများ

Posted by drmyochit Monday, December 31, 2012, under | 1 comment

ရခိုင် အရေးဖြစ်တော့ ရန်ကုန်ကနေ ကြေငြာချက် ထုတ်တယ်။ လက်ပံတောင်းမှာ လှုပ်ရှားနေတုန်းက သံ မထွက်ဘဲ မီးလောင်ပြီးတော့ အပြေးအလွှားသွားကြည့်ကြတယ်။ ကော်မရှင်ဖွဲ့တော့ မပါပြန်ဘူး။ စစ်ပွဲေ လး စချိန်မှာ ကေအိုင်အေနဲ့ ညှိပြီး ကချင်ပြည်နယ်မှာ ကခုန်ပျော်ပါးခဲ့ကြတယ်။ သွေးခွဲ စကားတွေ၊ အထောက် အပံ့စကားတွေ ပြောခဲ့ပြီး အခုတော့ ကြေငြာချက် တစ်ခု ထပ်ထွက်လာပြန်ပြီ။ ဒါဖြင့် မင်းကိုနိုင် တို့ အားလုံးကို ဒါလေးတွေ မေးလိုက်ချင်တယ်။

ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်

Posted by drmyochit Monday, December 31, 2012, under | No comments

ဆန်ဖရန်ဘေးဧရိယာ ကချင်ကွန်မြူနီတီက ကချင်ပြည်နယ်တွင်း ထိုးစစ်ရပ်ရေး ဆန္ဒထုတ်ဖော်

ယမန်နေ့က ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့တွင် ကချင်တိုင်းရင်းသားမိသားစုများ စုဝေးကြပြီး ကချင်ပြည်နယ်တွင်း အစိုးရတပ်များက ထိုးစစ်များပြင်းထန်စွာ တိုက်ခိုက်နေမှုများကို ရပ်ရေး ဆုတောင်းပွဲနှင့် ဆန္ဒပြ ထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။ ကချင်အရေး စိတ်ဝင်စားသူ လူဦးရေ ၅၀ ခန့် တက်ရောက်ကြပြီး လက်ရှိ ပြည်တွင်းစစ်ဒဏ်ခံစားနေရသူ ကချင်ပြည်သူများအတွက် ဆုတောင်းခြင်း၊ ထိုးစစ်များ ရပ်စဲရေး ဆန္ဒထုတ်ဖော် လမ်းလျောက်ခြင်းနှင့် ကယ်လီဖိုးနီးယား အထက်နှင့် အောက်လွှတ်တော်အမတ်များထံ ကချင်ပြည်နယ်ငြိမ်းချမ်းရေး တောင်းဆိုသည့် လက်မှတ်များ စူဆောင်းသည့် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။

ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည်

Posted by drmyochit Monday, December 31, 2012, under | No comments

စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။

လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက်

Posted by drmyochit Monday, December 31, 2012, under | No comments

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။

အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်

Posted by drmyochit Monday, December 31, 2012, under | No comments


အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြ တာပါ။ 

ပြီးတဲ့ သီတင်း နှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့် သေဆုံးသွား ခဲ့ရပြီး၊ ဒီကနေ့ပဲ သင်ဂြိုလ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေကြားမှာလည်း စိုးထိတ်မှုတွေရှိနေကြပါတယ်။ 

ဧရာဝတီမြစ်ကြောင်းတွင် သင်္ဘောများပေါ် ပစ္စည်းခိုးခြင်း၊ လေးခွဖြင့်ပစ်ခြင်းများ ကြုံတွေ့ရ

Posted by drmyochit Monday, December 31, 2012, under | No comments

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သော ဧရာဝတီမြစ်အတွင်း ဗန်းမော် မြို့နှင့် မန္တလေးမြို့ ပြေးဆွဲလျက်ရှိ သော သင်္ဘောများပေါ်သို့ တက်၍ ပစ္စည်းများကို ခိုးယူခြင်းနှင့် ခိုးမရပါက လေးခွဖြင့်ပစ်၍ ပြေးသော ဖြစ်ရပ် များ ဖြစ်ပွားလျက် ရှိကြောင်း မန္တလေးဆိပ် ကမ်းရှိ ရေယာဉ်လုပ်သားများနှင့် အဆိုပါ ခရီးစဉ်သို့ နိုင်ငံခြား သား ဧည့်သည်များ နှင့် သွားရောက်ခဲ့သူ ဧည့်လမ်းညွှန် ဦးသက်ဦးတို့ထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့် နင်းခဲ့သည့် ဖြစ်ရပ် အပေါ်မြန်မာ နိုင်ငံသားများ မှ ကျေနပ်မှုမရှိ

Posted by drmyochit Monday, December 31, 2012, under | No comments

Photo: နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ
Monday, 31 December 2012

နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ြ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း  လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်အမြတ်တနိုးထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။
နိုင်ငံတော် အလံကို ခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာ နိုင်ငံသား များ၏ မုန်းတီးစိတ် ကိုပိုဖြစ် ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော် သံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော် အလံအား ခြေဖြင့် နင်းပြီး ဓာတ်ပုံ အရိုက်ခံကာ မီးရှို့ခဲ့ကြောင်း သတင်း ဓာတ်ပုံများ အရ တွေ့ရှိ ရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံး ၀မဖြစ်သင့် တဲ့ကိစ္စပါ။

ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"

Posted by drmyochit Monday, December 31, 2012, under | No comments

ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်း ထဲသို့ ထိုးကျခဲ့ကြောင်းသိရသည်။

သမီးလေးယောက်နှင့်အတူ မီးရှို့အသေခံခဲ့သည့်မိခင်

Posted by drmyochit Monday, December 31, 2012, under | No comments


အိုကလား ဟိုးမားမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မီးလောင်မှုတစ် ခု ဖြစ်ပွားခဲ့ရာ မိခင် တစ်ဦးသည် သူမနှင့် အတူ သမီးလေးယောက် ကို မီးရှို့သတ်သေ သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ သည်။

ဦးနှောက်ယိုစီးမှုနှင့် ပညာရေး မိုးခေါင်မှု

Posted by drmyochit Monday, December 31, 2012, under | No comments

ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့ အထိ တိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ပြဿနာ၊ အထူးသဖြင့် ပညာတတ် ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့ တည်ဆောက် နေကြ တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။

ကား ၈ စီးဆင့်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၈ ဦးဒဏ်ရာရရှိခဲ့

Posted by drmyochit Monday, December 31, 2012, under | No comments

နံနက် ၈ နာရီ ၁၅ မိနစ်တွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမနှင့် အနော်ရထာလမ်းမကြီး အနီးတွင် အနောက်ပိုင်း ယာဉ်လိုင်း ၂၂၆ မှ အရှိန်လွန်ယာဉ်တိုက်မှုကြောင့် ကား ၈ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် လူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

စကားပါရွာအနီး သစ်ခွပင်ရှာသူတစ်ဥိး ကေအိုင်အေထောင်ထားသောမိုင်းနင်း

Posted by drmyochit Monday, December 31, 2012, under | No comments


ဆဒုံး ဒီဇင်ဘာ၃၁
စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာရန် တောထဲသို့သွားစဉ် မနေ့ နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင်ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့် ညဘက် ခြေထောက်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သည်။

တောင်နီရွာအနီးတွင်ကေအိုင်အေမှ ရထားလမ်းမိုင်းခွဲ

Posted by drmyochit Monday, December 31, 2012, under | No comments

မိုးကောင်း ဒီဇင်ဘာ ၃၁
မနေ့မနက် ၃နာရီလောက်မှာ တောင်နီရွာနဲ့ မင်းကုန်းရွာကြားတွင် ကေအိုင်အေက မိုင်းဖောက်ခွဲခဲ့ ပါသည်။ မိုင်းဖောက်ခွဲမှုကြောင့် ရထားသံလမ်းပျက်စီးသွားခဲ့ပါသည်။ ညအချိန်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှု မရှိခဲ့ပါ။ မန္တလေး- မြစ်ကြီးနား ရထားအား ပုံမှန်ဆက်လက်သွားနိုင်ရန်မိုးကောင်း မီးရထား တာဝန်ရှိ သူများက ၁၀ နာရီလောက်တွင်ပြန်လည်ပြင်ဆင်ခဲ့သည်ဟုသိရှိရပါသည်။ ၃၀ ရက်နေ့ နေ့လည်ကစပြီး ရထား များ ပုံမှန်သွား လာနိုင်သည်ဟု မီးရထားမှာ တာဝန်ရှိသူများကပြောကြားခဲ့သည်။

အမေရိကန်၊၀ါရှင်တန်မြန်မာ သံရုံးရှေ့တွင် ကချင်တိုင်း ရင်းသားများ ဆန္ဒပြ( ရုပ်သံ)

Posted by drmyochit Monday, December 31, 2012, under | No comments

(30/12/2012) ရက်နေ့ အမေရိကန်ရှိကချင် တိုင်းရင်းသားများမှ အမေရိကန်နိုင်ငံ ၀ါရှင်တန် မြို့တော် ရှိ မြန်မာ သံရုံးရှေ့တွင်စုဝေးကာ လက်ရှိမြန်မာ အစိုးရစစ်တပ် ၏ ကချင် ဒေသ ထိုးစစ်အပါ အ၀င် တိုင်းရင်းသားဒေသ များအားထိုးစစ်ဆင် ခြင်းအားဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲ တရပ် ပြုလုပ် သွားကြောင်း သတင်းရရှိပါသည်။

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

Posted by drmyochit Monday, December 31, 2012, under | No comments


ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းေ ကျာ် က ပြောပါသည်။ 

မုဒိန်းမှု ကျင့်ခံရသူ အိန္ဒိယ မိန်းကလေး ကွယ်လွန်၊ ဆန္ဒပြပွဲများ အတွက် အိန္ဒိယရဲကို တပ်လှန့်

Posted by drmyochit Monday, December 31, 2012, under | No comments

နယူးဒေလီ၊ ဒီဇင်ဘာ ၂၉

ဘက်စ်ကား ပေါ်တွင် အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း ခံရသဖြင့် စင်္ကာပူတွင် သွားရောက် ဆေးကုသမှု ခံယူနေသော အိန္ဒိယသူ သေဆုံး သွားသောကြောင့် ဒေါသ ထွက်နေသော လူအုပ်ကြီး၏ အခြေအနေကို စောင့်ကြည့် ထိန်းချုပ်နိုင်ရန် အတွက် အိန္ဒိယ ရဲတပ်ဖွဲ့ကို တပ်လှန့် ထားကြောင်း BBC သတင်း တစ်ရပ် တွင် ဖော်ပြထား သည်။

NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်

Posted by drmyochit Monday, December 31, 2012, under | No comments



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

အယ်လဂျာဇီးယား ရုပ်သံလွှင့်မှ လိမ်ညာပြီး သတင်းထုတ်လွှင့်မှူကို ဖေါ်ထုတ်လိုက်ခြင်း

Posted by drmyochit Monday, December 31, 2012, under | No comments


အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု(Hidden Genocide)’ သတင်းမှတ်တမ်းဗီဒီယို

ရှင်းလင်းချက်

အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု (Hidden Genocide)’ သတင်း မှတ်တမ်း ဗီဒီယိုတွင် ပါဝင်သည့် လိမ်ညာမှု များနှင့်ကြိုး ကိုင် လှုပ်ရှား မှုများကို ဖော်ထုတ် ဖွင့်ချခြင်း အံ့ဩ ဖွယ်ရာ လိမ်လည်မှု၊ အဖြစ်မှန်ကို ပုံသဏ္ဌာန်ပျက်ယွင်းအောင်လုပ်ဆောင်မှု၊ မရိုး ဖြောင့်မှု တို့ကြောင့် (ဤ မှတ်တမ်း ဗီဒီယိုကို)‘ လူမျိုးတုံး သတ်ဖြတ်မှုဟု လွဲမှားစွာ စွပ်စွဲနိုင်စေ ရန်ခိုးကြောင် ခိုးဝှက် ကြို တင်ကြံ စည်မှုအစီအစဉ် (The Hidden Agenda to falsely charge Genocide)’ ဟု ခေါ်ဆိုသင့်သည်။

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ဆုရရှိသူများစာရင်း

Posted by drmyochit Monday, December 31, 2012, under | No comments



၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?

Posted by drmyochit Monday, December 31, 2012, under | No comments


KIA ကို တိုင်းရင်း သားတွေရဲ့အခွင့် အရေး အတွက် လက်နက် ကိုင် တိုက်ပွဲ ၀င်နေ တဲ့အဖွဲ့လို့ အရင်က စိတ်ထဲ မှာ အသိ အမှတ်ပြု ခဲ့သေးတယ်။ ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာ တာက နိုင်ငံရေး ခံယူချက် မည်မည် ရရ မရှိတဲ့ အဖွဲ့တစ်ခု ဆိုတာ ပါပဲ။ ဘယ် လိုနိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲ ၀င်နေ တာလဲ၊ (အကယ်၍) ကချင်ပြည်နယ်ကို KIA လက်ထဲ ထည့်ပြီး “ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ” ဆိုရင် ဘယ်လို ဖွဲ့စည်းပုံနဲ့ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား၊ ကချင်လူထု အကျိုး အတွက် လုပ်ကိုင်ဆောင်  ရွက်နေ တဲ့ အဖွဲ့ဖြစ် တယ်ဆို တာသေ ချာရဲ့လား ဆိုတဲ့မေး ခွန်းတွေ ကိုမေးခွန်း ထုတ်ရ ပါလိမ့်မယ်။

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား ပြည်သူများ တောင်းဆို

Posted by drmyochit Monday, December 31, 2012, under | No comments


ကချင်ဒေသတွင် စစ်ပွဲများရပ်တန့်ပေးရေးနှင့် ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရေး တောင်းဆိုသည့် အခမ်းအနား ကျင်းပနေစဉ် 

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် စစ်မှန် တရားမျ တသော ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား အရပ်ဖက်အဖွဲ့အစည်း များမှ ပြည်သူ များက တောင်းဆိုမှု ပြုလုပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမ ကျောင်းကွေ့မှတ်တိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား

Posted by drmyochit Monday, December 31, 2012, under | No comments

ဒီဇင်ဘာလ ၃၀ ရက် ည ၁၁ နာရီအချိန်ခန့်တွင် သာကေတ မြို့နယ်၊ ဧရာဝဏ်လမ်းမ ကျောင်းကွေ့ မှတ်တိုင် အနီးတွင် ယာဉ်နှစ်စီး တိုက်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

"တရုတ်နိုင်ငံသားတွေ မြန်မာက သစ်ထုတ်လုပ်ဖို့ အင်အား ရာနဲ့ချီ ရောက်ရှိ "

Posted by drmyochit Monday, December 31, 2012, under | No comments

တရုတ်လူမျိုး အလုပ်သမား ၃၀၀ လောက် ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အတွင်းမှာ တရားမ၀င် သစ်ခိုး ထုတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက အာအက်ဖ်အေကို ပြောပါတယ်။ 

ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်

Posted by drmyochit Monday, December 31, 2012, under | No comments

From : the voice

ဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်း လုပ်ကိုင်သော NEC ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

စက်မှုလုပ်ငန်းများကို ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက် ခုနစ်နာရီမီးဖြတ်မည်

Posted by drmyochit Monday, December 31, 2012, under | No comments


လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျ လာသည့် အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှု လုပ်ငန်း များကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ် မီးဖြတ်တောက် သွား မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။

Sunday, December 30, 2012

အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်

Posted by drmyochit Sunday, December 30, 2012, under | No comments

ကေအိုင်အို ရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းက စပြီး ခြေလျင်တပ် အင်အားအများအပြားနဲ့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

KIA လဂျားယန်ကို မြန်မာလေတပ် ဆက်လက်တိုက်ခိုက်

Posted by drmyochit Sunday, December 30, 2012, under | No comments



ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂)။
ကိုသားညွှန့်ဦး

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာနဲ့ မလှမ်းမကမ်း လဂျားယန်မှာ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ မြန်မာစစ်တပ် ဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ဗန်းမော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ မြန်မာစစ်တပ်ဘက်က KIA ကို ရာဇသံပေးပြီးတဲ့နောက် အခုလို မြန်မာစစ်တပ် ဘက်က လေကြောင်းက တိုက်ခိုက်မှုတွေပါ လုပ်လာတာပါ။ အခြေအနေ အသေးစိတ်ကိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလာနန်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

KIO/KIA ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေးဒုက္ခသည် ၆၅၀၀၀ ကျော် ရောက်ရှိ

Posted by drmyochit Sunday, December 30, 2012, under | No comments


KIO/KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေး ဒုက္ခသည် ၆၅၀၀၀ ကျော် ရောက် ရှိနေကြောင်း KIO မှ ဖွဲ့စည်းထားသော ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒူဘီဆား က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ 

ကောက်ကျစ်သော ကေအိုင်အေ လူသားတံတိုင်းလုပ်၍ လိုင်ဇာဌာနချုပ်ပေါ်တင်

Posted by drmyochit Sunday, December 30, 2012, under | No comments



တပ်မတော်မှ လဂျားယန်သို့ ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် သွားရောက်မည် ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားပြီး ဖြစ်သည်။ တပ်မတော်မှ လိုင်ဇာကို တိုက်မည်ဟု ကြေငြာခဲ့ခြင်း မရှိ။ သို့သော်
ကောက်ကျစ်သော ကေအိုင်အေတို့သည် ဒုက္ခသည်များအား လိုင်ဇာဌာနချုပ်ရှေ့တွင် လူသား တံတိုင်း အဖြစ် ကြောက်လန့် တကြား ထားရှိနေကြောင်း သတင်း ရရရှိသည်။

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

Posted by drmyochit Sunday, December 30, 2012, under | No comments

Photo: ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
Sunday, 30 December 2012

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး 
သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ 
၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။

သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို 
မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို
အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.youtube.com/watch?v=JTTSXx1ks0I

International news for myanmar
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။

အမိန့်မရဘဲ ပစ်ခတ်ပါက စစ်စည်းကမ်းအတိုင်း ပြင်းထန်စွာ အရေးယူခြင်း ခံရမည်

Posted by drmyochit Sunday, December 30, 2012, under | No comments

ကချင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ယူရသည့် တပ်မှူးများ အစည်းအဝေးတွင် သက်ဆိုင်ရာ တပ်ရင်း များ အား အထက်အမိန့်မရဘဲ လက်နက်ကြီး အသုံးပြုပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု သတိပေး ခဲ့ကြောင်း သိရသည်။

ဒုက္ခသည်များဖြင့် အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား(၃၀)ကျော် ကျ

Posted by drmyochit Sunday, December 30, 2012, under | 1 comment


တပ်မတော်မှ ရိက္ခာပို့ ကိစ္စသက်သက်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ ရိက္ခာပို့ စစ်ကြောင်းအား နောက်မှ လိုက်လံ တိုက်ခိုက်သည့်အတွက် တပ်မတော်သား (၃၀)ကျော် ကျဆုံးကြောင်း သတင်းရရှိသည်။

ရခိုင်စက်လှေ အလုပ်သမားရှစ်ဦး ပျောက်ဆုံးနေမှု စက်လှေပိုင်ရှင်က ဖုံးကွယ်ထား

Posted by drmyochit Sunday, December 30, 2012, under | No comments


စစ်တွေသား ခြောက်ဦး နှင့် ကျောက်ဖြူသားနှစ်ဦးတို့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ(၂၁) ရက်နေ့တွင် စက်လှေ လုပ်သားများအဖြစ် ကုန်သွယ်ခရီးသွားကြစဉ် ပျောက်ဆုံးသွားကြပြီးနောက်၊ လူမပါသော စက်လှေ ပျက်ကိုတွေ့သော်လည်း စက်လှေပိုင်ရှင်က မည်သို့သော တာဝန်သိလုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင်ခြင်း မပြုဘဲ တိမ်းရှောင်နေ သည်ဟု ပျောက်ဆုံး ပုဂ္ဂိုလ်များ၏ မိသားစုဝင်များက Coral Arakan အား ပြောကြားသည်။

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ ဟု ဦးလာနန်းဆို

Posted by drmyochit Sunday, December 30, 2012, under | No comments

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရ ကြည်းတပ် ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလာ နန်း က ဆိုပါသည်။

ဂျာနယ်များမှ ဖော်ပြသော ကချင်ဒေသ စစ်ပွဲသတင်းများ

Posted by drmyochit Sunday, December 30, 2012, under | No comments


 
 ခရစ္စမတ်မတိုင်မီကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး ယနေ့(ဒီဇင်ဘာ ၂၉) ရက်တွင်လည်း ကေအိုင် အိုဌာန ချုပ် လိုင်ဇာမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများနှင့် ကေအိုင်အေ အရာရှိတစ်ဦးထံမှ သတင်းရရှိသည်။ 

ကေအိုင်အေ ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း ဦးလာနန်းပြော

Posted by drmyochit Sunday, December 30, 2012, under | No comments


 
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုး ရကြည်း တပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့် ရသူ ဦးလာနန်း က ဆိုပါသည်။ 

မူလတန်းကလေးမိဘများ သတိထားရန်

Posted by drmyochit Sunday, December 30, 2012, under | No comments


 
 စက်တင်ဘာ ၁၃ စက်တင်ဘာ ၁၃ရက်နေ့က ရွှေပြည်သာ မြို့နယ် ၁ ရပ်ကွက်ရှိ အမက (၄၂) ဒုတိယ တန်း (ဂ)မှ ကျောင်းသူ မအေးပြည့်စုံ (၇) နှစ်၊မစုဒါလီ (၈) နှစ်တို့သည် နေ့လည် ၁၁ နာရီကျော်က ကျောင်း တက်ရန် ကျောင်းသို့ အလာ ကျောင်းနားရောက်ခါနီး တွင်အရပ် ၅ ပေခန့် အသားညို ပိန်ပိန်ပါးပါး အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးသည်ကလေးနှစ် ယောက်ကို နာရီဗူးကလေးများကို ပြ၍ “မဲနှိုက် ပေးမယ် လိုချင်ရင်လိုက်ခဲ့”ဟု ခေါ်သွားရာ တညင်းကုန်းရထားသံလမ်းအရောက်တွင် မအေးပြည့်စုံ၏ ကိုးသောင်းကျပ် တန်ရွှေနားကပ်ကို ပြုတ်ကျသွားမယ်ချွတ်ပြီး ဗူးထဲ ထည့်ပေးထား မယ်”ဟု ပြောပြီး။

ကျောင်းသူတစ်ဦး ဖယ်ရီကြိုပို့ယာဉ် တိုက်မိပြီး သေဆုံးခဲ့ရာ ကျောင်းအာဏာပိုင်များမှ အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ်

Posted by drmyochit Sunday, December 30, 2012, under | No comments


ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သော မချောသဇင်ဝတ်မှုံ သိန်း (တတိယနှစ်) အသက် ၁၉နှစ်သည် ၂၄.၁၂.၁၂(တနင်္လာနေ့)တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်းအတွင်း ဖယ်ရီ ကြိုပို့ ယာဉ်ဖြင့် တိုက်မိပြီး သေဆုံး သွားမှုနှင့် ပတ်သတ်ပြီး ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် အပါအ၀င် ကျောင်း အာဏာပိုင် များမှသေဆုံး သူနှင့် ပတ်သတ်သော သတင်းများ ဖုံးဖိထားခြင်း။

မလေးရှားတွင် ရခိုင် ၃ ဦး ရက်စက်စွာ သတ်ဖြတ်ခံရ

Posted by drmyochit Sunday, December 30, 2012, under | No comments

 
မလေးရှားနိုင်ငံ အ၀က်စတားမြို့ရှိရော်ဘာခင်း တစ်ခု၌ အလုပ်လုပ်နေသောရခိုင်အမျိုးသား ၃ဦး လည်လှီး သတ်ဖြတ်ခံရသည်ဟု သတင်း ရရှိသည်။

Chrome browser နှင့် Firefox တွင် ဇော်ဂျီနှင့် ယူနီကုဒ်များကို font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့် Add On

Posted by drmyochit Sunday, December 30, 2012, under | No comments

ဒီအရင်က Chrome browser မှာ ဇော်ဂျီနှင့် ယူနီ ကုဒ်ပြဿနာကို နေမင်းမောင် ဆိုဒ် ကရတဲ့ အောက်က လင့် နဲ့ ဖြေရှင်း ခဲ့ပါတယ် ။

Saturday, December 29, 2012

ကေအိုင်အေတို့ ဒီလို ဗီဒီယိုတွေနဲ့ ၀ါဒဖြန့်ကြတယ်

Posted by drmyochit Saturday, December 29, 2012, under | 1 comment

ဗမာစစ်သားတွေရဲ့ လုပ်ရပ်ဆိုပြီး ၀ါဒဖြန့်တဲ့ ကေအိုင်အေတို့ရဲ့ ဗီဒီယို ဖိုင်တစ်ခုပါ။ တပ်မတော်ကို ကချင်ပြည်သူတွေ ကြောက်ရွံအောင် ဖော်ပြတဲ့ ဒီဗီဒီယို တွေကို ကချင်ပြည်သူတွေ ဘယ်လောက်များများ ကြည့်ပြီးကြပြီလဲ။ ဖြစ်နိုင်သည်ကတော့ ABSDF များ ဖန်တီးကာ ကချင်ပြည်နယ်အတွင်း ဖြန့်ဝေေ နခြင်းသာ ဖြစ်မည်။

ကချင်စော်ဘွားကြီး၏ ညီတော် ပြောသည့် ကချင်-ဗမာ ညီအစ်ကိုများ

Posted by drmyochit Saturday, December 29, 2012, under | No comments

ကချင်မနောပွဲတွင် လုံခြုံရေး တာဝန်ယူပေးနေသော စစ်သားတစ်ဦး

ကချင်-ဗမာ ချစ်ကြည်ရေးကို ကိုယ်ထိလက်ရောက် ဖြစ်မြောက်အောင် ဆောင်ရွက်သူများအနက် ခမ်းဆီး ဒူဝါ( ကချင်စော်ဘွားကြီး)၏ ညီတော် လှမောင်စောထောင်သည် အရေးပါ အရာရောက်သူ တယောက်ြ ဖစ်ေ ကြာင်း၊ များမကြာမီက လှမောင်စောထောင်သည် ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် တည်းခို ပြီးသည့်နောက် ဗိုလ်ချုပ်၏ လွတ်လပ်ရေးဝါဒ၊ တိုင်းရင်းသား သွေးစည်းရေး ၀ါဒ စသည်တို့ကို များစွာ နှစ်သက်ပြီးလျှင် မိမိ၏ သွေးရင်းသားရင်းဖြစ်သော ကချင်များအား ကချင်ဗမာ ချစ်ကြည်ရေး အကြောင်းများကို ဟောပြောရန် မြစ်ကြီးနားသို့ ရောရာ ချောမောစွာ ရောက်ရှိကြောင်း။

ဝန်ကြီး ဦးအောင်မင်းမှ KNU ၏ ခေါင်းဆောင်သစ်များအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း သ၀ဏ်လွှာ ပေးပို့

Posted by drmyochit Saturday, December 29, 2012, under | No comments

ကရင်အမျိုးသားအစည်းအရုံး KNU က ရွေးချယ်လိုက်သည့် ခေါင်းဆောင်သစ်များကို ၀မ်းမြောက် ဂုဏ်ပြုပါကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ သမတရုံးဝန်ကြီး ဦးအောင်မင်းက သ၀ဏ်လွှာတစောင် ပေးပို့ခဲ့သည်။

အမျိုးသမီးများ စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ်အား ရုရှားပါလီမန် အောက်လွှတ်တော်သို့ တင်သွင်း သွားမည်

Posted by drmyochit Saturday, December 29, 2012, under | No comments

အမျိုးသမီးများ အတွက် စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ် တစ်ရပ် အား ရုရှားပါလီမန် အောက် လွှတ်ေ တ်ာသို့ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် တင်သွင်း သွားမည်ဖြစ်ကြောင်း ရုရှား လွှတ်တော် အမတ် Tatyana Moskalkova က ပြောကြား ခဲ့ပါသည်။

အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ် ဆန္ဒပြမည်

Posted by drmyochit Saturday, December 29, 2012, under | No comments


ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ယနေ့ ညနေ ၃နာရီတွင် ဆူးလေဘုရား အနီး လူစုပြီး ညနေ ၄နာရီ စတင် ဆန္ဒပြမည် ဖြစ်ကြောင်း ယင်းစီမံကိန်းကို ဦးဆောင် လှုပ်ရှားသူ ဦးဟန်ဝင်းအောင် က The Voice Weekly သို့ ပြောကြားသည်။

Skype သုံး၍ တိုက်ပွဲကို Live လွှင့်ချင်သော ABSDF များ (ရုပ်သံ)

Posted by drmyochit Saturday, December 29, 2012, under | 2 comments

ယနေ့ ကချင်ပြည်နယ်အတွင်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ဆောင်ရွက်မှုများအား ကျောင်းသား တပ်မတော်မှ Skype သုံးကာ တိုက်ရိုက် ထုတ်လွှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။ တိုက်ပွဲ များ ဖြစ်လာစေရန် ရန်စတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ယခုအခါ နည်းပညာ၊ ဆက်သွယ် ရေး အကူ အညီဖြင့် ကမ္ဘာမှ အာရုံစိုက်လာစေရန် လုပ်ဆောင်နေကြသည်။ ကချင်ပြည်နယ် ပျက်စီး စေရန်အ တွက် ထိုင်းနယ်စပ်မှ သောင်းကျန်းသူများ ကချင်ပြည်နယ်သို့ အခကြေးငွေဖြင့် ကြေးစား လာရောက်ပြီး ဖျက်ဆီးကြလေပြီ။


ယနေ့ မြန်မာပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်

Posted by drmyochit Saturday, December 29, 2012, under | No comments


ယခုဆောင်းပါးလေးကို ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်ပွဲများနှင့် ပတ်သက်၍ မိမိ အတွေးအမြင်များကို ခိုင်မာသော အကိုးအကားများဖြင့် ရေးသားလိုစိတ်ဖြစ်ပေါ်လာပါသည်။ မိမိနှင့် အမြင်မတူ သူများရှိမည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း မိမိအနေဖြင့်အတတ်နိုင်ဆုံး ရှုထောင့် များစွာမှ တွေးတောကြည့်ကာ ယခုဆောင်းပါအား တင်ဆက်လိုက်ပါသည်။

မိုးနဲ တံတားအား ကေအိုင်အေဖျက်ဆီးကာ တပ်မတော်မှ ပစ်ခတ်ဖျက်ဆီးသည်ဟု ၀ါဒဖြန့်

Posted by drmyochit Saturday, December 29, 2012, under | No comments

ရှမ်းပြည်တောင်ပိုင်းရှိ မိုးနဲတံတားအား ကေအိုင်အေများမှ ထောင်ဖောက်ခွဲကာ တပ်မတော်(လေ)မှ ပစ်ခတ် သည်ဟု ဆိုသော ဓာတ်ပုံများနှင့် အတူဖော်ပြထားကြောင်းတွေ့ရသည်။

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ

Posted by drmyochit Saturday, December 29, 2012, under | No comments


ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးမြောင်းထဲမှ ကေအိုင်အေမလေးများ

Posted by drmyochit Saturday, December 29, 2012, under | No comments

ြ်မန်မာ့ တပ်မတော် မှ လဂျားယန်ဒေသသို့ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်း ရှင်းလင်းမှု အား လိုင်ဇာအနီး ခံစစ်စခန်းမှ နေ၍ ရုပ်သံရိုက်ကူးကာ ၀ါဒဖြန့်နေသည့် ဆက်သွယ်ရေးမြောင်းထဲမှ ကေအိုင်အေ မလေးများ ဗီဒီယို ရိုက်ကူးရန် စီစဉ်လျှက်ရှိသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ယောင်္ကျားသားသုံးဦးမှ ရိုက်နှက်မှုဖြစ်ပွား။

Posted by drmyochit Saturday, December 29, 2012, under | No comments


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဘိုကျေးရွာတွင် ကိုယ်ဝန်ဆောင်သည် အသက်25နှစ်ရှိ မအိ အိသန်း (ဆွံအနားမကြားသူ) အား အင်းသူကြီး ဦးကြဉ်ငြိမ်း၏ အင်းလုပ်သား အောင်မောင်းအပါဝင် ယောင်္ကျား သုံးဦးမှ ဒီဇင်ဘာလ (၇)ရက် ညနေလေးနာရီက အင်းပိုင်လယ်နှင့် မနီးမဝေး ခနွဲခပိုကျေးရွာ ချောင်း အနီးတွင် မအိအိသန်းမှ မိမိကလေးနှစ်ဦး ဗိုက်ဆာတယ်ပြောလို့၊ ငါးမျှားတံတစ်ချောင်းဖြင့် ကျေးရွာ နီး ချုပ်စပ်၊ ချောင်းနား၊ လယ်ကွက်များအနီးတွင်

လဂျားယန်အား ကေအိုင်အေနှင့် ABSDF မှ ပူးပေါင်းခုခံရန် တစ်ဖက်နိုင်ငံမှ ကေအိုင်အို ခေါင်းဆောင် များ အမိန့်ပေး

Posted by drmyochit Saturday, December 29, 2012, under | No comments

ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ၀င်ပေါက်ဖြစ်ပြီး လိုင်ဇာပတ်လည်ရှိ ကေအိုင်အေစခန်းများအား စိုးမိုး ထားနိုင် သည့် လဂျားယန် တစ်ဝိုက်အား ကေအိုင်အေနှင့် ABSDF မှ ပူးပေါင်းခုခံရန် တစ်ဖက်နိုင်ငံမှ ကေ အိုင်အို ခေါင်းဆောင်များက အမိန့်ပေးထားကြောင်း သိရသည်။

တရုတ်ပြည် အန်ဟွေးနယ်မှ ဆေးတက္ကသိုလ်ကျောင်းသား ပုဆိန်ဖြင့် အခုတ်ခံရ

Posted by drmyochit Saturday, December 29, 2012, under | No comments

တရုတ်ပြည် အန်ဟွေးနယ်မှ ကျောင်းသားတစ်ဦးသည် အန်ဟွေးဆေးတက္ကသိုလ်စာကြည့်တိုက် အတွင်း၌
ပုဆိန်ဖြင့် ခုတ်သတ်ခြင်း ခံလိုက်ရကြောင်း သတင်းရရှိသည်။

NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ကျပ်သိန်း ထောင်ကျော် ရရှိသော်လည်း ရခိုင်ဒုက္ခသည်များအား ကူညီလှူဒါန်းမည်မဟုတ်

Posted by drmyochit Saturday, December 29, 2012, under | 2 comments


NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ကျပ်သိန်း ထောင်ကျော် ရရှိသော်လည်း ရခိုင်ဒုက္ခသည်များအား ကူညီလှူဒါန်းမည်မဟုတ် ကြောင်း NLD မှ ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် မီးလောင် ခဲ့သည့် အိမ်အချို့ အတွက် အာမခံ လျော်ကြေး ပေးအပ်ခဲ့

Posted by drmyochit Saturday, December 29, 2012, under | No comments


From : mrtv4
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့တဲ့ အိမ်များ ထဲမှအာမခံထား ရှိထားတဲ့ အိမ်အချို့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မြန်မာ့ အာမခံ ရုံးမှာ အာမခံ လျော်ကြေး ပေးအပ်ပွဲ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မီးလောင်ကျွမ်း ခံခဲ့ရတဲ့ အိမ်များထဲမှ အာမခံ ထားရှိတဲ့ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်လီမိတက်နဲ့ မြန်မာ့ စီးပွားရေး ဘဏ်များမှ ချေးငွေ ရယူထားတဲ့ နေအိမ်များ အတွက် စုစုပေါင်း ၂၇၉ သိန်းကျော်ကို အာမခံ လျော်ကြေး အဖြစ် ပေးလျော် ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်

Posted by drmyochit Saturday, December 29, 2012, under | No comments



From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတမြန် မာနိုင်င်ံတော် ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး မစ္စတာ ဗာစလီ ဘီပိုစပယ်လော့ဗ်သည် ယနေ့ နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ကားစီးရေတစ်သိန်းနှစ်သောင်းကို တစ်နှစ်အတွင်းလိုင်စင်ထုတ်ပေးခဲ့ဟုသိရ

Posted by drmyochit Saturday, December 29, 2012, under | No comments

From : hot news
၂၀၁၁ ခုနှစ် စက်တင်ဘာ လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ လယ်အထိနိုင်ငံပေါင်းစုမှ ပြည်တွင်း မော်တော် ကားဈေးကွက်သို့တင် သွင်းခဲ့သော ကားများအနက် ကားစီးရေတစ်သိန်းနှစ်သောင်းခန့် ကို ကားလိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ခြင်းက ၇၆၀၀၀ ဖြစ်ပြီး ကျန် ၄ သောင်းခန့်က အသစ် ထပ်တိုးမှတ်ပုံတင်ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်းဝယ်မယ် လိုင်းဝယ်မယ်ဆိုရင် လေ့လာရမည့် အချက်များ

Posted by drmyochit Saturday, December 29, 2012, under | No comments

Photo: ဖုန်းဝယ်မယ် လိုင်းဝယ်မယ်ဆိုရင် လေ့လာရမည့် အချက်များ
ဲ
ဲပြည်တွင်းမှာ OS မျိုးစုံက ဖုန်းတွေဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် အခုအချက်ကိုစဉ်းစားမှရတော့မယ်။

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။ ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် 
အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်းပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလိုတဲ့ပုံစံကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ်တဲ့သူတွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော်ပါတယ်။

(၂) ဟန်းဆက်အမျိုးအစားကိုစဉ်းစားပါ။ဟန်းဆက်ဟာ ဖုန်းအသုံးပြု 
သူတစ်ယောက်အဖို့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ GSM အတွက် ဟန်းဆက်မရှားပေမယ့် CDMA အတွက်ကတော့ အမှတ်တံဆိပ်
နည်းနေပါသေးတယ်။ အထူးသဖြင့်CDMA 450 MHz ဆိုရင် ဟန်းဆက်
ရွေးချယ်မှုအပိုင်းမှာ ပိုမိုခက်ခဲနေပါတယ်။အခုတလောတော့ CDMA 450 MHz အမျိုးအစားတွေဝင်လာပါပြီ။

(၃) Phone OS ကိုလည်းရွေးပါ။ မိုဘိုင်းဟန်းဆက်တွေမှာ သက်ဆိုင်ရာ
Device တွေအလိုက် OS တွေရှိကြပါတယ်။ လက်ရှိအချိန်မှာတော့ Apple ရဲ့ IOSနဲ့ Googleရဲ့ Android OS တွေကတော့အသုံးပြုသူ များတဲ့OS
တွေပဲဖြစ်ပါတယ်။ Nokiaရဲ့ Java OS ကလည်းနာမည်ကြီးပါတယ်။

(၄) အသုံးပြုမည့် ပုံစံကိုစဉ်းစားပါ။ ဖုန်းတစ်လုံးရွေးချယ် ၀ယ်ယူမှု
အပိုင်းမှာတော့ အသုံးပြုလိုတဲ့ ပုံစံကအရေးပါပါတယ်။ ဖုန်းကို အများသုံး
ဖုန်းတစ်လုံးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ လိုင်းဆွဲအားကောင်းပြိး အကြမ်းခံနိုင်မယ့် အထိုင်ဖုန်းပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ တန်ဖိုးနည်းဟန်းဆက်တွေလည်း အများအပြား ပြည်တွင်းဈေးကွက်
အတွင်းမှာရရှိနိုင်တဲ့အတွက် ယခုအချက်ဟာ အသုံးပြုသူများ စိုးရိမ်စရာအချက်တစ်ချက်တော့ မဟုတ်ပါဘူး။

(၅) နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များပြားသော ဟန်းဆက်များကို နယ်ဒေသများတွင်မသုံးသင့်ပါ။ iPhone ဟာ နည်းပညာ မြင့်မားတဲ့
ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် နည်းပညာဖွံ့ဖြိုးမှုအားနည်းတဲ့
နေရာဒေသတစ်ခုမှာ သွားရောက်အသုံးပြုမယ်ဆိုရင်တော့အသုံးပြုသူ
အတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဟန်းဆက်အပိုပစ္စည်း
ရှာရခက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ပညာရှင်ရှားပါးခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။

(၆) အရည်အသွေးမြင့်၍ စိတ်ချရသော အမှတ်တံဆိပ်ကို သုံးစွဲပါ။
ဈေးကွက်အတွင်းမှာ တန်ဖိုးမျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ GSM,CDMA ဟန်းဆက်များဝင်ရောက်လာပါတယ်။ယုံကြမလားတော့မသိဘူး..
ကမ္ဘာကျော် iPhone 4S ကို ၈သောင်းနဲ့ရောင်းတယ်တဲ့..။iPhone 4S နဲ့တစ်ပုံစံတည်းပါပဲ.System ကတော့ကွာတာပေါ့နော်.။ အဲ့ဒါဟာ Made in China ပါ.။ရေရည်အသုံးပြုဖို့ စဉ်းစားမယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အမှတ်တံဆိပ်များကိုသာ ၀ယ်ယူသုံးစွဲသင့်ပါတယ်။ ဒါမှသာ အသုံးပြုသူ
တစ်ယောက်အနေနဲ့ စိတ်ညစ်စရာအကြောင်းအရာတွေကို ဆက်လက် မကြုံတွေ့ရမှာဖြစ်ပါတယ် .. ။

(၇) စိတ်ချယုံကြည်ရတဲ့ ဟန်းဆက်အရောင်းဆိုင်တွေမှာ ၀ယ်ယူပါ။
နာမည်ကြီးအမှတ်တံဆိပ် ဟန်းဆက်များဟာ ပုံစံအမျိုးမျိုးနဲ့
ဝင်ရောက်လာလို့စစ်မှန်တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ ဆင်တူရိုးမှား ကုန်ပစ္စည်းတွေကိုလည်း ပြည်တွင်းဈေးကွက်အတွင်းမှာ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပါဘဲ..။ ဒါကြောင့်မို့ဟန်းဆက်တစ်လုံးဝယ်ယူတော့မယ်ဆိုရင် စိတ်ချပြီး ယုံကြည်ရမယ့်ဆိုင်များမှာ ၀ယ်သူခြင်းဟာ အသုံးပြုသူများအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၈) ဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာထားပါ။
ဖုန်းနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ များများစားစားမရှိပါဘူး.။ ဖုန်းနံပါတ်မှတ်သားခြင်း ၊ SMS ပို့ခြင်းအစရှိတာတွေကိုလေ့လာ
ထားသင့်ပါတယ်...။ Sim Lock ချမိတဲ့ပြဿနာမျိုးကို မဖြစ်ပေါ်စေဖို့
အတွက် ဖုန်းမ၀ယ်ခင် ဖုန်းအကြောင်းကြိုတင်လေ့လာထားခြင်းဟာ
စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်.။ ကိုယ်စီးမယ့်မြင်းအထီးလား..အမလား..
ခွဲခြားတာနဲ့အတူတူလောက်ပါပဲ...။

(၉) ဖုန်းတစ်လုံးရဲ့ လိုင်းဆွဲအားဟာ ဟန်းဆက်အပေါ်တွင် သက်ရောက်မှုရှိပါသည်ကို သတိပြုပါ။ဖုန်းသုံးစွဲသူအများစုဟာ
လိုင်းဆွဲအား ကောင်းမွန်တဲ့ ဖုန်းလိုင်းများးကို အသုံးပြုချင်ကြပါတယ်။ ဟန်းဆက်ရဲ့လိုင်းဆွဲအားဟာလည်း အဓိက အခန်းမှ ပါဝင်ပါတယ်။ အထူးသဖြင့် CDMA အသုံးပြုသူများအနေနဲ့ လိုင်းဆွဲအားကောင်းမွန်တဲ့ ဟန်းဆက်မျိုးကို ရွေးချယ်သင့်ပါတယ်လို့ ကျွှန်တော် ထင်ပါတယ်ဗျာ ..။

ZEALOT_myatko
ITgroup


source===> www.mmforward.blogspot.com
ပြည်တွင်းမှာ OS မျိုးစုံက ဖုန်းတွေဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် အခုအချက်ကိုစဉ်းစားမှရတော့မယ်။

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။ ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်း ပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလို တဲ့ပုံစံ ကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ် တဲ့သူ တွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော် ပါတယ်။

"လေယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ အာမခံလျော်ကြေးများ အမြန်ဆုံးရရှိစေရန် အချိန်နှင့်တပြေးညီဆောင်ရွက်နေ"

Posted by drmyochit Saturday, December 29, 2012, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာ(၂၅)ရက်နေ့ နံနက်ပိုင်းကမတော်တဆမှုဖြစ်ပွားခဲ့သော Air Bagan လေကြောင်းမှ လေယာဉ်ကို မြန်မာ့အာမခံလုပ်ငန်းမှတစ်ဆင့် အာမခံထားရှိခဲ့ရာ လေယာဉ်ကိုယ်ထည်အား အာမခံတန်ဖိုး ကန်ဒေါ်လာ ၄ သန်း နှင့် "ပေးလျော်ရန် တာဝန်ရှိမှုအာမခံအကာအကွယ်" ကန်ဒေါ်လာ သန်း ၁၅၀ ကို စင်ကာပူ အခြေ စိုက် PANA HARRISON Pte., Ltd. မှတဆင့် နိုင်ငံတကာ လေကြောင်းအာမခံဈေးကွက်တွင် အာမခံ ထားရှိ ခဲ့ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်