Saturday, December 29, 2012

အမျိုးသမီးများ စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ်အား ရုရှားပါလီမန် အောက်လွှတ်တော်သို့ တင်သွင်း သွားမည်

Posted by drmyochit Saturday, December 29, 2012, under | No comments

အမျိုးသမီးများ အတွက် စစ်မှုထမ်းဆောင်မည့် ဥပဒေ မူကြမ်းသစ် တစ်ရပ် အား ရုရှားပါလီမန် အောက် လွှတ်ေ တ်ာသို့ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် တင်သွင်း သွားမည်ဖြစ်ကြောင်း ရုရှား လွှတ်တော် အမတ် Tatyana Moskalkova က ပြောကြား ခဲ့ပါသည်။

မိမိတို့ အနေဖြင့် အဆိုပါ ဥပဒေမူကြမ်း အပေါ် ပြည်သူတို့၏ ထင်မြင် ယူဆချက်အား ဇန်နဝါရီလ ၁၅ ရက်နေ့ ထိ တိုင်အောင် လေ့လာ ဆန်းစစ် သွား မည် ဖြစ်ကြောင်း၊ ဇန်နဝါရီလ ကုန်ဆုံးပါက ဥပဒေ မူကြမ်းနှင့် ပတ်သက် ၍ လုပ်ဖော် ကိုင်ဖက်များနှင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ရုရှား အောက် လွှတ်ေ တ်ာမှ Moskalkovaက သတင်းထောက် များအား ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 


အမျိုးသမီးများ အတွက် စစ်မှုထမ်း ဆောင်မည့် ဥပဒေ မူကြမ်းသစ်သည် ရုရှားစစ်ဘက်တွင် တာဝန် ထမ်းေ ဆာင် ရန် ဆန္ဒရှိသည်ဟု ဖော်ပြခဲ့သော အမျိုးသမီး ငယ်များမှ ပေးပို့လာသည့် စာတစ်ေ စာင်ကြော င့် ဖြစ်ပေါ် လာခဲ့ရ ခြင်းဖြစ်ကြောင်း Moskalkova က ပြောကြား ခဲ့ပါသည်။


http://www.myawady.net.mm/allnews/global/item/2955-2012-12-27-14-25-10

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်