Saturday, December 29, 2012

တရုတ်ပြည် အန်ဟွေးနယ်မှ ဆေးတက္ကသိုလ်ကျောင်းသား ပုဆိန်ဖြင့် အခုတ်ခံရ

Posted by drmyochit Saturday, December 29, 2012, under | No comments

တရုတ်ပြည် အန်ဟွေးနယ်မှ ကျောင်းသားတစ်ဦးသည် အန်ဟွေးဆေးတက္ကသိုလ်စာကြည့်တိုက် အတွင်း၌
ပုဆိန်ဖြင့် ခုတ်သတ်ခြင်း ခံလိုက်ရကြောင်း သတင်းရရှိသည်။
ပုဆိန်ဖြင့် ခုတ်သတ်ခံရသည့် ကျောင်းသား၏အမည်မှာ တန်ဖြစ်ပြီး အသက် ၂၃ နှစ်ရှိပြီဖြစ်သည်။ သူသည် ဇီဝဆေးသိပ္ပံတန်းကို တက်ရောက်သင်ကြားနေသည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ ဟီဖေးမြို့မှ ကျောင်း လာတက်သူတစ်ယောက်ဖြစ်ကြောင်း၊ သူ့ကို နံနက် ၇ နာရီ ၄၅ မိနစ်ခတ်တွင် သတ်ခဲ့ခြင်းဖြစ် ကြောင်း စုံစမ်း သိရှိရသည်။

အန်ဟွေးဆေးတက္ကသိုလ်စာကြည့်တိုက်သည် ၆ ထပ်တွင်ရှိပြီး ထိုအခန်းတွင် သတ်ဖြတ်ခြင်း ခံထားရ သည် ဟု လုံခြုံရေးတစ်ဦးက ပြောကြားသည်။

တန်ကို လည်ပင်းတွင် ခုတ်ထားကြောင်း၊ ပုဆိန်ဖြင့် ခုတ်သူမှာ ဟူ ဖြစ်ပြီး အသက် ၂၃ နှစ်ရှိပြီဖြစ်ကြောင်း၊ ထိုတက္ကသိုလ် တွင်ပင် ဟူလည်း ဆေးဝါးသင်တန်းတွင် တက်နေသူဖြစ် ကြောင်း၊ မည်သည့် အကြောင်းကြောင့် သတ်ခြင်းကိုမူမသိရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ဟူကို ရဲများက စစ်ဆေး ရန် ထိန်းသိမ်းထားသည်။ 

မောက္ခပညာရေးမဂ္ဂင်းဇင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်