Saturday, December 29, 2012

ဖုန်းဝယ်မယ် လိုင်းဝယ်မယ်ဆိုရင် လေ့လာရမည့် အချက်များ

Posted by drmyochit Saturday, December 29, 2012, under | No comments

Photo: ဖုန်းဝယ်မယ် လိုင်းဝယ်မယ်ဆိုရင် လေ့လာရမည့် အချက်များ
ဲ
ဲပြည်တွင်းမှာ OS မျိုးစုံက ဖုန်းတွေဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် အခုအချက်ကိုစဉ်းစားမှရတော့မယ်။

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။ ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် 
အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်းပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလိုတဲ့ပုံစံကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ်တဲ့သူတွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော်ပါတယ်။

(၂) ဟန်းဆက်အမျိုးအစားကိုစဉ်းစားပါ။ဟန်းဆက်ဟာ ဖုန်းအသုံးပြု 
သူတစ်ယောက်အဖို့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ GSM အတွက် ဟန်းဆက်မရှားပေမယ့် CDMA အတွက်ကတော့ အမှတ်တံဆိပ်
နည်းနေပါသေးတယ်။ အထူးသဖြင့်CDMA 450 MHz ဆိုရင် ဟန်းဆက်
ရွေးချယ်မှုအပိုင်းမှာ ပိုမိုခက်ခဲနေပါတယ်။အခုတလောတော့ CDMA 450 MHz အမျိုးအစားတွေဝင်လာပါပြီ။

(၃) Phone OS ကိုလည်းရွေးပါ။ မိုဘိုင်းဟန်းဆက်တွေမှာ သက်ဆိုင်ရာ
Device တွေအလိုက် OS တွေရှိကြပါတယ်။ လက်ရှိအချိန်မှာတော့ Apple ရဲ့ IOSနဲ့ Googleရဲ့ Android OS တွေကတော့အသုံးပြုသူ များတဲ့OS
တွေပဲဖြစ်ပါတယ်။ Nokiaရဲ့ Java OS ကလည်းနာမည်ကြီးပါတယ်။

(၄) အသုံးပြုမည့် ပုံစံကိုစဉ်းစားပါ။ ဖုန်းတစ်လုံးရွေးချယ် ၀ယ်ယူမှု
အပိုင်းမှာတော့ အသုံးပြုလိုတဲ့ ပုံစံကအရေးပါပါတယ်။ ဖုန်းကို အများသုံး
ဖုန်းတစ်လုံးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ လိုင်းဆွဲအားကောင်းပြိး အကြမ်းခံနိုင်မယ့် အထိုင်ဖုန်းပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ တန်ဖိုးနည်းဟန်းဆက်တွေလည်း အများအပြား ပြည်တွင်းဈေးကွက်
အတွင်းမှာရရှိနိုင်တဲ့အတွက် ယခုအချက်ဟာ အသုံးပြုသူများ စိုးရိမ်စရာအချက်တစ်ချက်တော့ မဟုတ်ပါဘူး။

(၅) နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များပြားသော ဟန်းဆက်များကို နယ်ဒေသများတွင်မသုံးသင့်ပါ။ iPhone ဟာ နည်းပညာ မြင့်မားတဲ့
ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် နည်းပညာဖွံ့ဖြိုးမှုအားနည်းတဲ့
နေရာဒေသတစ်ခုမှာ သွားရောက်အသုံးပြုမယ်ဆိုရင်တော့အသုံးပြုသူ
အတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဟန်းဆက်အပိုပစ္စည်း
ရှာရခက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ပညာရှင်ရှားပါးခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။

(၆) အရည်အသွေးမြင့်၍ စိတ်ချရသော အမှတ်တံဆိပ်ကို သုံးစွဲပါ။
ဈေးကွက်အတွင်းမှာ တန်ဖိုးမျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ GSM,CDMA ဟန်းဆက်များဝင်ရောက်လာပါတယ်။ယုံကြမလားတော့မသိဘူး..
ကမ္ဘာကျော် iPhone 4S ကို ၈သောင်းနဲ့ရောင်းတယ်တဲ့..။iPhone 4S နဲ့တစ်ပုံစံတည်းပါပဲ.System ကတော့ကွာတာပေါ့နော်.။ အဲ့ဒါဟာ Made in China ပါ.။ရေရည်အသုံးပြုဖို့ စဉ်းစားမယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အမှတ်တံဆိပ်များကိုသာ ၀ယ်ယူသုံးစွဲသင့်ပါတယ်။ ဒါမှသာ အသုံးပြုသူ
တစ်ယောက်အနေနဲ့ စိတ်ညစ်စရာအကြောင်းအရာတွေကို ဆက်လက် မကြုံတွေ့ရမှာဖြစ်ပါတယ် .. ။

(၇) စိတ်ချယုံကြည်ရတဲ့ ဟန်းဆက်အရောင်းဆိုင်တွေမှာ ၀ယ်ယူပါ။
နာမည်ကြီးအမှတ်တံဆိပ် ဟန်းဆက်များဟာ ပုံစံအမျိုးမျိုးနဲ့
ဝင်ရောက်လာလို့စစ်မှန်တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ ဆင်တူရိုးမှား ကုန်ပစ္စည်းတွေကိုလည်း ပြည်တွင်းဈေးကွက်အတွင်းမှာ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပါဘဲ..။ ဒါကြောင့်မို့ဟန်းဆက်တစ်လုံးဝယ်ယူတော့မယ်ဆိုရင် စိတ်ချပြီး ယုံကြည်ရမယ့်ဆိုင်များမှာ ၀ယ်သူခြင်းဟာ အသုံးပြုသူများအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၈) ဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာထားပါ။
ဖုန်းနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ များများစားစားမရှိပါဘူး.။ ဖုန်းနံပါတ်မှတ်သားခြင်း ၊ SMS ပို့ခြင်းအစရှိတာတွေကိုလေ့လာ
ထားသင့်ပါတယ်...။ Sim Lock ချမိတဲ့ပြဿနာမျိုးကို မဖြစ်ပေါ်စေဖို့
အတွက် ဖုန်းမ၀ယ်ခင် ဖုန်းအကြောင်းကြိုတင်လေ့လာထားခြင်းဟာ
စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်.။ ကိုယ်စီးမယ့်မြင်းအထီးလား..အမလား..
ခွဲခြားတာနဲ့အတူတူလောက်ပါပဲ...။

(၉) ဖုန်းတစ်လုံးရဲ့ လိုင်းဆွဲအားဟာ ဟန်းဆက်အပေါ်တွင် သက်ရောက်မှုရှိပါသည်ကို သတိပြုပါ။ဖုန်းသုံးစွဲသူအများစုဟာ
လိုင်းဆွဲအား ကောင်းမွန်တဲ့ ဖုန်းလိုင်းများးကို အသုံးပြုချင်ကြပါတယ်။ ဟန်းဆက်ရဲ့လိုင်းဆွဲအားဟာလည်း အဓိက အခန်းမှ ပါဝင်ပါတယ်။ အထူးသဖြင့် CDMA အသုံးပြုသူများအနေနဲ့ လိုင်းဆွဲအားကောင်းမွန်တဲ့ ဟန်းဆက်မျိုးကို ရွေးချယ်သင့်ပါတယ်လို့ ကျွှန်တော် ထင်ပါတယ်ဗျာ ..။

ZEALOT_myatko
ITgroup


source===> www.mmforward.blogspot.com
ပြည်တွင်းမှာ OS မျိုးစုံက ဖုန်းတွေဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် အခုအချက်ကိုစဉ်းစားမှရတော့မယ်။

(၁) ဖုန်းလိုင်းကိုအရင်ရွေးချယ်ပါ။ ပြည်တွင်းမှာဖုန်းဝယ်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက ဖုန်းလိုင်း ပါပဲ။ CDMA ၀ယ်မှာလား၊ GSM ၀ယ်မှာလား ဆိုတာကတော့ မိမိအသုံးပြုမယ့်နေရာဒေသ၊ အသုံးပြုလို တဲ့ပုံစံ ကို စဉ်းစားရပါမယ်။ GSM နဲ့ CDMA 450 က နယ်ဒေသမှာအသုံးပြုဖို့နဲ့ ခရီးခဏခဏ သွားရတတ် တဲ့သူ တွေ အသုံးပြုသင့်ပါတယ်။ CDMA 800 ကိုတော့ မြို့ကြီးပြကြီးမှာ အခြေချနေထိုင်မှုများတဲ့သူတွေနဲ့ သင့်တော် ပါတယ်။

(၂) ဟန်းဆက်အမျိုးအစားကိုစဉ်းစားပါ။ဟန်းဆက်ဟာ ဖုန်းအသုံးပြု သူတစ်ယောက်အဖို့ အရေးကြီးတဲ့ အစိတ် အပိုင်း တစ်ခုဖြစ်ပါတယ်။ GSM အတွက် ဟန်းဆက်မရှားပေမယ့် CDMA အတွက်ကတော့ အမှတ် တံဆိပ် နည်း နေပါသေးတယ်။ အထူးသဖြင့်CDMA 450 MHz ဆိုရင် ဟန်းဆက် ရွေးချယ် မှုအပိုင်းမှာ ပိုမိုခက် ခဲနေပါတယ်။အခုတလောတော့ CDMA 450 MHz အမျိုး အစားတွေ ၀င်လာ ပါပြီ။

(၃) Phone OS ကိုလည်းရွေးပါ။ မိုဘိုင်းဟန်းဆက်တွေမှာ သက်ဆိုင်ရာDevice တွေအလိုက် OS တွေရှိကြ ပါတယ်။ လက်ရှိအချိန်မှာတော့ Apple ရဲ့ IOSနဲ့ Googleရဲ့ Android OS တွေကတော့အသုံးပြုသူ များတဲ့OS တွေပဲဖြစ်ပါတယ်။ Nokiaရဲ့ Java OS ကလည်းနာမည်ကြီးပါတယ်။

(၄) အသုံးပြုမည့် ပုံစံကိုစဉ်းစားပါ။ ဖုန်းတစ်လုံးရွေးချယ် ၀ယ်ယူမှုအပိုင်းမှာတော့ အသုံးပြုလိုတဲ့ ပုံစံက အရေးပါ ပါတယ်။ ဖုန်းကို အများသုံးဖုန်းတစ်လုံးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ လိုင်းဆွဲအားကောင်းပြိး အကြမ်း ခံနိုင်မယ့် အထိုင်ဖုန်းပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ တန်ဖိုးနည်းဟန်းဆက်တွေလည်း အများ အပြား ပြည်တွင်းဈေးကွက်အတွင်းမှာရရှိနိုင်တဲ့အတွက် ယခုအချက်ဟာ အသုံးပြုသူများ စိုးရိမ် စရာအချက်တစ်ချက်တော့ မဟုတ်ပါဘူး။

(၅) နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များပြားသော ဟန်းဆက်များကို နယ်ဒေသများတွင်မသုံးသင့်ပါ။ iPhone ဟာ နည်းပညာ မြင့်မားတဲ့ထုတ်ကုန်တစ်ခုပါ။ ဒါပေမယ့် နည်းပညာ ဖွံ့ဖြိုးမှု အားနည်းတဲ့ နေရာ ဒေသ တစ်ခုမှာ သွားရောက်အသုံးပြုမယ်ဆိုရင်တော့အသုံးပြုသူအ တွက် အခက်အခဲတွေ ရှိလာနိုင် ပါတယ်။ ဟန်းဆက်အပိုပစ္စည်းရှာရခက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ပညာရှင် ရှားပါးခြင်းတို့ကို ကြုံတွေ့လာနိုင်ပါတယ်။

(၆) အရည်အသွေးမြင့်၍ စိတ်ချရသော အမှတ်တံဆိပ်ကို သုံးစွဲပါ။ဈေးကွက်အတွင်းမှာ တန်ဖိုးမျိုးစုံ၊ တံဆိပ်မျိုး စုံနဲ့ GSM,CDMA ဟန်းဆက်များဝင်ရောက်လာပါတယ်။ယုံကြမလားတော့မသိဘူး..ကမ္ဘာကျော် iPhone 4S ကို ၈သောင်းနဲ့ရောင်းတယ်တဲ့..။iPhone 4S နဲ့တစ်ပုံစံတည်းပါပဲ.System ကတော့ ကွာတာ ပေါ့နော်.။ အဲ့ဒါဟာ Made in China ပါ.။ရေရည်အသုံးပြုဖို့ စဉ်းစားမယ်ဆိုရင် အရည်အသွေးမြင့်တဲ့ အမှတ် တံဆိပ်များကိုသာ ၀ယ်ယူသုံးစွဲသင့်ပါတယ်။ ဒါမှသာ အသုံးပြုသူတစ်ယောက်အနေနဲ့ စိတ်ညစ်စရာ အကြောင်းအရာတွေကို ဆက်လက် မကြုံတွေ့ရမှာဖြစ်ပါတယ် .. ။

(၇) စိတ်ချယုံကြည်ရတဲ့ ဟန်းဆက်အရောင်းဆိုင်တွေမှာ ၀ယ်ယူပါ။နာမည်ကြီးအမှတ်တံဆိပ် ဟန်းဆက် များဟာ ပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လာလို့စစ်မှန်တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ ဆင်တူရိုးမှား ကုန်ပစ္စည်း တွေကို လည်း ပြည်တွင်းဈေးကွက်အတွင်းမှာ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပါဘဲ..။ ဒါ ကြောင့်မို့ ဟန်းဆက်တစ်လုံးဝယ်ယူတော့မယ်ဆိုရင် စိတ်ချပြီး ယုံကြည်ရမယ့်ဆိုင်များမှာ ၀ယ်သူခြင်းဟာ အသုံးပြု သူများအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၈) ဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာထားပါ။ဖုန်းနဲ့ပတ်သက်တဲ့ အခြေခံ အကြောင်း အရာတွေ များများစားစားမရှိပါဘူး.။ ဖုန်းနံပါတ်မှတ်သားခြင်း ၊ SMS ပို့ခြင်း အစရှိ တာတွေကို လေ့လာ ထား သင့်ပါတယ်...။ Sim Lock ချမိတဲ့ပြဿနာမျိုးကို မဖြစ်ပေါ်စေဖို့အတွက် ဖုန်းမ၀ယ်ခင် ဖုန်းအ ကြောင်းကြို တင်လေ့လာထားခြင်းဟာစိတ်အချရဆုံးဖြစ်ပါလိမ့်မယ်.။ ကိုယ်စီးမယ့်မြင်း အထီး လား..အ မလား..ခွဲခြားတာနဲ့အတူတူလောက်ပါပဲ...။

(၉) ဖုန်းတစ်လုံးရဲ့ လိုင်းဆွဲအားဟာ ဟန်းဆက်အပေါ်တွင် သက်ရောက်မှုရှိပါသည်ကို သတိပြုပါ။ ဖုန်းသုံးစွဲသူအများစုဟာလိုင်းဆွဲအား ကောင်းမွန်တဲ့ ဖုန်းလိုင်းများးကို အသုံးပြုချင်ကြပါတယ်။ ဟန်းဆက်ရဲ့ လိုင်းဆွဲအား ဟာလည်း အဓိက အခန်းမှ ပါဝင်ပါတယ်။ အထူးသဖြင့် CDMA အသုံးပြုသူများအနေနဲ့ လိုင်းဆွဲအား ကောင်းမွန်တဲ့ ဟန်းဆက်မျိုးကို ရွေးချယ်သင့်ပါတယ်လို့ ကျွှန်တော် ထင်ပါတယ်ဗျာ ..။

ZEALOT_myatko
ITgroup

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်