ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နှင်းမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ယနေ့ ညနေ ၃နာရီတွင် ဆူးလေဘုရား အနီး လူစုပြီး ညနေ ၄နာရီ စတင် ဆန္ဒပြမည် ဖြစ်ကြောင်း ယင်းစီမံကိန်းကို ဦးဆောင် လှုပ်ရှားသူ ဦးဟန်ဝင်းအောင် က The Voice Weekly သို့ ပြောကြားသည်။
ဆန္ဒပြသူ များတွင် သံဃာများ၊ ပြည်သူများ၊ ကျောင်းသားများ ပါဝင်မည်ဖြစ်ပြီး ဗီနိုင်းများ ပိုစတာများ သယ်ဆောင်ကာ ဆူးလေဘုရား မှ ၅၁လမ်းရှိ ဦးပိုင် ကုမ္ပဏီ ရှေ့ထိ ငြိမ်းချမ်း စွာ လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ယနေ့ ဆန္ဒပြပွဲမှာ သပိတ်စခန်းတွင် ဆန္ဒပြ ခဲ့သည့် သံဃာများအား အကြမ်းဖက် နှိမ်နင်း ခဲ့သည့် တရားခံကို အမြန် ဖော်ထုတ်ပေးရေး နှင့် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကို အဓိက တောင်းဆို သွား မည် ဟု ၄င်းက ပြောကြားသည်။
Time in Rangoon


0 comments:
Post a Comment