Saturday, December 29, 2012

ရခိုင်ပြည်နယ် ပဋိပက္ခတွင် မီးလောင် ခဲ့သည့် အိမ်အချို့ အတွက် အာမခံ လျော်ကြေး ပေးအပ်ခဲ့

Posted by drmyochit Saturday, December 29, 2012, under | No comments


From : mrtv4
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့တဲ့ အိမ်များ ထဲမှအာမခံထား ရှိထားတဲ့ အိမ်အချို့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မြန်မာ့ အာမခံ ရုံးမှာ အာမခံ လျော်ကြေး ပေးအပ်ပွဲ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မီးလောင်ကျွမ်း ခံခဲ့ရတဲ့ အိမ်များထဲမှ အာမခံ ထားရှိတဲ့ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်လီမိတက်နဲ့ မြန်မာ့ စီးပွားရေး ဘဏ်များမှ ချေးငွေ ရယူထားတဲ့ နေအိမ်များ အတွက် စုစုပေါင်း ၂၇၉ သိန်းကျော်ကို အာမခံ လျော်ကြေး အဖြစ် ပေးလျော် ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာ အိမ်ပေါင်း များစွာ မီးလောင်ကျွမ်း ခဲ့ပေမယ့် အခု အာမခံ လျော်ကြေး ပေးအပ်ပွဲမှာ နေအိမ် ၃ အိမ်ကိုသာ အာမခံ လျော်ကြေး ပေးအပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အိမ် ၃ အိမ်ကိုသာ အာမခံ ထားရှိတဲ့ အတွက် အာမခံ လျော်ကြေး ပြန်လည် ပေးအပ်တာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အာမခံ ထားရှိမှုဟာ အနည်းငယ်သာ ရှိနေသေး တယ်လို့ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်