၂၀၁၂ ဇူလိုင် ၇ ရက်နေ့သည် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီး ခံခဲ့ရခြင်း နှစ် ၅၀ ပြည့်မြောက်သည့် နေ့ဖြစ်သည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးနှင့် ကျောင်းသားများ၏ အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော ကျောင်းသားများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ရုံမက ရန်ကုန်တက္ကသိုလ် ဝန်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့သည...