ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် သံလွင်လမ်း၌
ဖွင့်လှစ်ထားသည့်အိတ် အရောင်းဆိုင် တစ်ဆိုင်သို အသက်(၁၉)နှစ် အရွယ် လူငယ်တစ်ဦးဈေး ၀ယ်ရန် ဟန်ဆောင်ကာ ဈေးရောင်းသူ
အမျိုးသမီးငယ်အား ဓားဖြင့်ထောက်ကာ လုယက်မှု တစ်ခု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့ မှူး ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။ နိုဝင်ဘာ ၁၂ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ် အချိန်၌
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တရားခံကို အချိန်မှီ ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့သော်လည်း
၊ ဆိုင်အရောင်း ၀န်ထမ်းမှာမူ ကျောဝဲဘက်ထိုးသွင်း ဒဏ်ရာ ၁ချက်၊ နဖူးပွန်းခြစ်ဒဏ်ရာ၊
ယာတံတောင် ဖူးယောင် နာကျင်ဒဏ်ရာများ ရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင်...