Thursday, November 15, 2012

တရားစွဲခံရသော ပါတီဥက္ကဋ္ဌအပါအ၀င် ပုဂ္ဂိုလ်ငါးဦး အာမခံမရ၍ အချုပ်နှောင်ခံရ

Posted by drmyochit Thursday, November 15, 2012, under | No comments


မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမို ကရေစီပါတီမှ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအ၀င် ငါးဦးမှာ ပါတီမှ ၁၅ ရက်တစ်ကြိမ် ထုတ်ဝေသည့် ပြည်သူလုပ်သား သတင်းစဉ်တွင် ရေးသားသည့် သတင်းများကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့နယ် တရားရုံးတို့တွင် တရားစွဲဆိုခံရပြီး ချုပ်နှောင်ခံ ထားရကြောင်း ပြည်သူ့ဒီမိုက ရေစီပါတီအထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။ ပြည်သူ့လုပ်သား သတင်းစဉ် အမှုဆောင်အရာရှိချုပ်နှင့် ထုတ်ဝေသူပါတီဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် ပါတီဒုဥက္ကဋ္ဌနှင့် အယ်ဒီတာ၊ ဖြန့် ချိရေးတာဝန်ခံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အစိုးရအဖွဲ့ရုံး ဒု-ညွှန်မှူး၊ မြစ်ကြီးနားခရိုင် ထွေအုပ်ရုံးမှ ခရိုင်ဦးစီးအရာရှိ၊ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြစ်ကြီးနားအမှတ်(၁)ရဲစခန်းမှ ရဲအုပ်၊ ကချင်မနောပွဲ ကျင်းပရေး ကော်မတီမှ ဥက္ကဋ္ဌတို့က တရားလို ပြုလုပ်၍ ပုဒ်မ-၅၀၀၊ ပုဒ်မ၅၀၅(ခ)၊(ဂ)၊ ၁၉၆၂ ပုံနှိပ် ဥပဒေ ပုဒ်မ-၂၀တို့ဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးနှင့် တနိုင်းမြို့နယ် တရားရုံးတို့တွင် တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း ပြည်သူ့ဒီမိုက ရေစီပါတီဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့်
 ရှေ့နေ ဒေါ်ခင်ခင်က ပြောသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့အား မမှန်စွပ်စွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသရေဖျက်သော စာများရေးသား ဖော်ပြထား၍ တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းကပြောသည်။ ဦးကျော်ဆန်းက နိုင်ငံရေး ပါတီတစ်ခုမှ ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်တစ်စောင် အနေဖြင့် ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်များကိုသာ အဓိကရေးသားထုတ်ဝေ ရမည်ဖြစ်သော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ပေါ်တွင် အပြုသဘောဖြင့် ဝေဖန်ခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ထိခိုက်မှုများ ပါရှိလာကြောင်း၊ ရည်ရွယ်ချက်ရှိရှိ ရေးသားချက်များ ပါရှိလာ၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြောကြားသည်။ ၎င်းတို့အနေဖြင့် ပြည်သူအကျိုးကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ ယခု တရားစွဲဆို ခံရမှုအတွက် အားလုံးပြင်ဆင်ထားပြီး တစ်ဆင့် ချင်း လိုအပ်သည်များကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူ့
လွှတ်တော်တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့သို့ တိုင်ကြားစာများ ပေးပို့ထားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူလုပ်သား သတင်းစဉ်တို့ ဖြစ်ပွားနေသော အမှုကိစ္စကို ခုံရုံးဖွဲ့စစ်ဆေး ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း ပြည်သူ့ဒီမိုကေ ရစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်ကပြောသည်။ ပြည်သူလုပ်သား သတင်းစဉ် အတွဲ(၁) အမှတ် (၃၊၄၊၅၊၆၊၉၊၁၀) တို့တွင် ကချင်ပြည်နယ် ကားအသင်းကိစ္စ၊ တနိုင်းစက်လှေများ ကိစ္စ၊ ကချင်ရိုးရာ မနောပွဲဖြစ်မြောက်ရေး ကော်မတီကိစ္စများ ရေးသား၍ တရားစွဲဆိုခံရ ခြင်းဖြစ်ကြောင်း ရှေ့နေဒေါ်ခင်ခင်က ဆိုသည်။
တရားစွဲဆိုခံရသည့် ပြည်သူလုပ်သား သတင်းစဉ်မှ တာဝန်ရှိသူ ငါးဦးမှာအောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ချုပ်နှောင်ခံထားရပြီး အာမခံလျှောက် ထားသော်လည်း အာမခံပေးရန် ငြင်ပယ်ခံထားရကြောင်း  ရှေ့နေဒေါ်ခင်ခင်က ပြောသည်။ ဒေါ်ခင်ခင်က “အမှုတွေကို တစ်ပေါင်းတည်း စစ်ဆေးကြားနာပေးဖို့ ရုံးတော်ကို တင်ထားပါတယ်” ဟုပြောသည်။
7 Day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်