- မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့် နေရာကိုအမေရိကန်သံရုံးက လောလောဆယ်တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီဖြစ်သည်။ ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟု ခန့်မှန်းပြောဆို နေကြသည်။ အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့် နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။ မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ "ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ပညာရေး ၀န်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့် ပတ်သက်ပြီး နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။
Time in Rangoon


0 comments:
Post a Comment