Thursday, November 15, 2012

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

Posted by drmyochit Thursday, November 15, 2012, under | No comments


သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိဆန်နေတဲ့ မေးခွန်း တစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ် ရှိခဲ့ကြတယ်ဆိုတာ ကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိ ခဲ့တဲ့ အရိုးစု တစ်ခု အရသက်သေထူ နေပါပြီ။
 နော်တင်ဟမ်ရှိုင်းယားပြည် နယ် ဆောက်သ် ဝဲလ်မြို့က ရှေးဟာင်း ခရစ်ယာန် ဘုန်းတော် ကြီးကျောင်း တစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ အေဒီ ၅၅၀-၇၀ဝ ဝန်း ကျင်က အရိုးစုတစ်ခုဖြစ်ပါတယ်။
ထူးခြားတာက ပုခုံးနှစ်ဖက်၊ နှလုံးနဲ့ ခြေကျင်းဝတ်တွေ နေရာမှာ သတ္တုစူးတံတွေ ဖောက်ဝင် နေတာကြောင့် ယင်း ခေတ်လူတွေက အန္တရာယ်ရှိလူသား တစ်ယောက်လို့ သတ်မှတ်ထားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ် မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီလိုမျိုး အရိုးစုတွေကို ဗြိတိန်မှာ တူးဖော် တွေ့ရှိတာ ပမာဏ အနည်းငယ်မျှလောက်ပဲ ရှိပါသေးတယ်။ “ဆောက် ဝဲလ်ဒေသက အရိုးစုဖြစ်ပါတယ်။ ဒါပမယ့် ဒီအရိုးစု အကြောင်းကို ကျွန်တော်တို့ များများစားစား မသိသေးပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်နိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရို စုကို မြေကြီးမှာ သံချောင်း ၄ ချောင်း နဲ့ ထိုးစိုက်ချည်နှောင် ထားလို့ပါ။ လူတွေအတွက် အန္တရာယ်များတဲ့ အကောင်တစ်ကောင် ဆိုရင်လည်း မမှားနိုင်ဘူးထင်ပါရဲ့”လို့ ရှေးဟောင်း သုတေသနပညာရှင် မစ္စတာ ဂျွန်လော့ခ် ကပြောကြားခဲ့ပါတယ်။

FIRST MUSIC NEWS

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်