ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
တောထဲမှရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာဆရာဝန်နှင့်ပင် ဆေးကုသမှုခံယူခဲ့သည်။
ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဖခင်နှင့် အငယ်ဆုံးသားတို့ သေဆုံးသွားပြီး သမီးဖြစ်သူနှင့် သားနှစ်ဦးတို့မှာ မသက်သာ၍ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သားနှစ်ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့သည်။ သမီးဖြစ်သူမှာ ၀ယ်ဇလီဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု တွီဗျာလ်ကျေးရွာသူတစ်ဦးက ပြောသည်။
Monday, June 30, 2014
မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး
Posted by drmyochit
Monday, June 30, 2014, under မှုခင်း | No comments
7 Day
Time in Rangoon

0 comments:
Post a Comment