Wednesday, August 08, 2012

၈၈ မျိုးဆက်ကျောင်းသားများ ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် အထိမ်းအမှတ် အခမ်းအနား

Posted by drmyochit Wednesday, August 08, 2012, under | No comments












ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု၊ အလယ်မူဆလင်ရွာနှင့် ဂုတ်ပီထောင့်ကျေးရွာအုပ်စု ဂုတ်ပီထောင့်ရွာတို့တွင် ဖြစ်ပွားသော မီးလောင်မှုဖြစ်စဉ်

Posted by drmyochit Wednesday, August 08, 2012, under | No comments



တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး ပစ္စည်းများမျှဝေသုံးစွဲရေးနှင့်ပတ်သက်၍ သဘောတူညီခဲ့ကြခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံ အကြားစစ်ဘက်ဆက် ဆံရေးများ တိုးမြှင့်ရေးကြိုးပမ်း မှုတစ်စိတ်တစ်ပိုင်းအဖြစ်ငြိမ်းချမ်းရေး ထိန်းသိမ်း မှုလုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် သမ္မတထရောင်တန်ဆန်း နှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကင်ယောင်နန်တို့ တွေ့ဆုံစဉ်စစ် ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများမျှ ဝေသုံးစွဲရေးနှင့် ပတ်သက်၍ သဘောတူညီခဲ့ ကြကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန၏ အုပ်ချုပ် ထောက်ပံ့မှု ဆိုင်ရာစီမံခန့်ခွဲ ရေးဗျူရို အကြီးအကဲ လီဆောင်ချူးနှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ချောင်ဖီရန်းတို့သည် နှစ်နိုင်ငံ အုပ်ချုပ်ထောက်ပံ့ မှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာအား တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါသည်။အဆိုပါသ ဘောတူညီ ချက်အရ နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း သိမ်းမှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက် ထားမှုအကူအညီ ပေးရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်နေ စဉ်ကာလအတွင်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ မျှဝေသုံးစွဲသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။တောင်ကိုရီးယား နိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် အမေရိကန်၊ ထိုင်း၊ နယူးဇီလန်၊ တူရကီ၊ ဖိလစ်ပိုင်၊ အစ္စရေး၊သြစတြေးလျ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံတို့နှင့် အုပ်ချုပ်ထောက်ပံ့ မှုဆိုင်ရာသဘော တူညီမှုများ ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

Posted by drmyochit Wednesday, August 08, 2012, under | No comments


နယူးဒေလီ (မဇ္ဈိမ)။   ။ ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့လွှတ်တော်
မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့လာရန် ရွေးချယ်စေ
လွှတ်မည်ဟု သိရသည်။မြန်မာနိုင်ငံအတွင်းရှိ မူဆလင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ MarzukiAlieကဆိုသည်။

“ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (နိုင်ငံခြားရေးရာ)လွှတ်တော် ကော်မတီနဲ့ ကျနော် ဆွေးနွေးပါမယ်” ဟု အင်ဒိုနီးရှား လွှတ်တော်ဥက္ကဋ္ဌ Marzuki အား ကိုးကား၍ The Jakata Post သတင်းတရပ်တွင် ဖော်ပြပါရှိသည်။“မူဆလင် လူ့အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ဟာ သူတို့အတွက် တိုက်ပွဲ ၀င်ရပါ့မယ်။ ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု Marzuki Alie က ဖြည့်စွက် ပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်
လေ့လာသွားခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး ထိုလုပ်ငန်းအတွက် နေပြည်တော်ရှိ လွှတ်တော်အား တာဝန် ပေးအပ်သင့်ကြောင်း အကြံပြုသွားခဲ့သည်။ထို့ပြင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC ခေါ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီးကလည်း အချက်အလက် စူးစမ်းရှာဖွေရေး မစ်ရှင်တခုအား မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။၎င်းတို့ စေလွှတ်မည့် အချက်အလက်ရှာဖွေရေး မစ်ရှင်အား လက်ခံခွင့်ပြုရန် မြန်မာအစိုးရအား နားချပြောဆိမည်ဟုလည်း OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဆိုသည်။ 

ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

Posted by drmyochit Wednesday, August 08, 2012, under | No comments


နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါ နေ့ကစာရေးသားပေးပို့လိုက်သည်။

သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန်
တောင်းဆိုထားပြီး သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့နေအိမ်များသို့ ပြန်သွားကာ လုံခြုံစိတ်ချရသည့်ဘဝသို့ ရောက်ရှိ စေ မည် ဟုပါရှိကြောင်းပါကစ္စတန်အေပီသတင်းတပုဒ်တွင်ဖော်ပြထားသည်။

ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနောက် ကြောင်း မပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။

ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စ တန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်း ဆို မှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များဖြတ် တောက် ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာ အစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

ထိုင်းအစိုးရအဖွဲ့သည် စီးပွားရေးပြန်လည်ထူထောင်ရေး စီမံကိန်းကိုအတည်ပြုခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



ထိုင်းအစိုး ရအဖွဲ့သည် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့ကအဆိုပြု ထားသော စီးပွားရေး ပြန်လည်ထူထောင်ရေး စီမံကိန်း တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း အစိုးရအဖွဲ့ ဒုတိယပြော ရေးဆိုခွင့်ရှိသူ ချာလီထရတ်ချန် သာရူဘက်ဆာက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Bangkokpost သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါ စီမံကိန်းတွင် နိုင်ငံပြန်လည် ထူထောင်ရေးနှင့် အနာဂတ်ဖွံ့ ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ ကော်မတီက အဆိုပြုထားသော အရေးတကြီး ဆောင်ရွက်ရ မည့်စီမံကိန်း ၄ ခုပါဝင်ကြောင်း ချာလီထရတ်က ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံကိန်း၎ ခုမှာ လာမည့် ၅ နှစ်မှ ၁ဝ နှစ်အထိ ရင်းနှီးမြှုပ် နှံရေးမူဝါဒကို ပြည်တွင်း ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များမှ ချေးငွေများရ ယူအသုံးချ ရေးအပေါ် အလေးထားရန်၊ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ ဖြိုးတိုးတက် ရေးစီမံကိန်းတွင် မြန်မာနိုင်ငံ နှင့်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အမျိုးသားရထား လမ်းစနစ်၊ အထူးသဖြင့် မြန်နှုန်းမြင့်ရ ထားလမ်း စနစ်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း တစ်ရပ်ထူထောင်ရန်နှင့် ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းက ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော ကုမ္ပဏီများအား ငွေကြေးထောက်ပံ့ မှုပေးအပ်ရန်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နှင့်မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် သဘောတူညီခဲ့ကြခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



ဗီယက်နမ် သမ္မတ ထရောင်တန်ဆန်းနှင့် ဗီယက်နမ် နိုင်ငံသို့အ လည်အပတ် ရောက်ရှိနေသော မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကင်ယောင်နန်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့် တင်ရန်အတွက် သြဂုတ်လ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု Xinhua သတင်းတစ်ရပ် အရသိရှိ ရပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် အပြန်အလှန် ချစ်ကြည် ရင်းနှီးမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ် များကိုလည်း ဆွေးနွေးခဲ့ ကြပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ အကြားဆွေးနွေး ပွဲများနှင့် အပြန်အလှန် အလည်အပတ် ခရီးစဉ်များ ဆက်လက်ပြု လုပ်ရေးအပြင် အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေးတို့ကို လည်းသဘော တူညီခဲ့ပါသည်။ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နှစ်နိုင်ငံ ကော်မတီအနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာသတင်း အချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစဉ် အတားအဆီးများကို ဖြေရှင်းသွား သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ ပြည်သူ အချင်းချင်း အပြန်အလှန် အမြင်ချင်းဖ လှယ်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်လည်း သဘောတူ ညီခဲ့ကြပါသည်။ ကင်ယောင်နန်သည် ထရောင်တန်ဆန်း ၏ဖိတ်ကြား ချက်အရ သြဂုတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိဗီယက်နမ် နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားလေတပ်တပ်ဖွဲ့သည် Super Tucano အပေါ့စားတိုက်လေယဉ်၎စင်း လက်ခံရရှိခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



ဘရာဇီးနိုင်ငံ၏ ထိပ်တန်း လေယာဉ်ထုတ် လုပ်ရေးကုမ္ပဏီ Embraer သည် သြဂုတ်လ ၆ ရက်နေ့တွင် အင်ဒိုနီးရှား လေတပ်သို့ A-29 Super Tucano အပေါ့စား တိုက်လေယာဉ် ၄ စင်းကိုလွှဲ ပြောင်းပေး အပ်ခဲ့ကြောင်း Newsnow သတင်းတစ် ရပ်အရသိ ရှိရပါသည်။ အဆိုပါ တိုက်လေယာဉ် များကို အင်ဒိုနီးရှား လေတပ်ဖွဲ့ အနေဖြင့် OV-10 Bronco လေယာဉ်အုပ် နေရာတွင် အစားထိုးရန် ၂ဝ၁ဝ ခုနှစ်တွင် မှာယူခဲ့သော Super Tucano အပေါ့စား Super Tucano အပေါ့စား တိုက်လေယာဉ် ၈ စင်းအနက်မှ ပထမ အသုတ်လွှဲ ပြောင်းပေးခြင်း ဖြစ်ပါသည်။ ၂ဝ၁ဝ ခုနှစ်နောက် ပိုင်းတွင်အင်ဒိုနီးရှား လေတပ်ဖွဲ့သည် ၄င်းတို့၏ စစ်လက်နက် ပစ္စည်းများ ခေတ်မီတိုးတက် စေရေးကြိုးပမ်း ဆောင်ရွက်မှု တစ်စိတ်တစ် ဒေသအဖြစ် ဒုတိယမြောက် Super Tucano အပေါ့စား တိုက်လေယာဉ် ၈ စင်း အုပ်တစ်အုပ် ကိုထပ်မံမှာ ယူခဲ့ကြောင်း Embraer ကုမ္ပဏီက ပြောကြားခဲ့ ပါသည်။ အဆိုပါ Super Tucano အပေါ့စား တိုက်လေယာဉ်ကို အပေါ့စား တိုက်ခိုက်ရေး၊ စောင့်ကြည့် ထောက်လှမ်းရေး၊ ဝေဟင်ကြား ဖြတ်တိုက်ခိုက်ခြင်း နှင့်သောင်းကျန်း မှုနှိမ်နင်းရေး တာဝန်များ အပါအဝင် မစ်ရှင်အမျိုးမျိုး အတွက် အသုံးပြုနိုင် ကြောင်းသိရှိရပါသည်။ Embraer ကုမ္ပဏီသည် Boeing ကုမ္ပဏီနှင့် Airbus ကုမ္ပဏီတို့ပြီးနောက် ကမ္ဘာ့ တတိယမြောက်အကြီးမား ဆုံးသော လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယနှင့်ပါကစ္စတန်နယ်ခြားစောင့်တပ်ဖွဲ့များသည် ကက်ရှ်မီးယားနယ်စပ်ဒေသတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



အိန္ဒိယနှင့် ပါကစ္စတန် နယ်ခြားစောင့် တပ်ဖွဲ့များသည် ကက်ရှ်မီးယား ဒေသရှိ နိုင်ငံတကာ နယ်နိမိတ် ပေါ်တွင် တစ်နာရီကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ သူများက သြဂုတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့ သည်ဟုသိရှိ ရပါသည်။ အပစ်အခတ် ရပ်စဲထားမှု အားချိုးဖောက်သည့် အဆိုပါ ပစ်ခတ်မှုသည် အိန္ဒိယထိန်းချုပ် မှုအောက်ရှိ ကက်ရှ်မီးယား ဒေသ မြို့တော်ဂျမူး၏ အနောက်တောင်ဘက် ၄၅ ကီလိုမီတာ ခန့်အကွာတွင် ရှိသော Budhwar နှင့် Kot kubba စခန်းများ တစ်လျှောက် သြဂုတ်လ ၅ ရက်နေ့ ညကဖြစ်ပွား ခဲ့ခြင်းဖြစ် ပါသည်။ မည်သည့် ကျူးကျော် ရန်စမှုမျှမရှိဘဲ ပါကစ္စ တန်ရိန်းဂျား တပ်ဖွဲ့ဝင်များသည် အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့များ၏ စခန်းများဆီသို့ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် အိန္ဒိယနယ်ခြား စောင့်တပ်ဖွဲ့ များကလည်း ပြန်လည်ပစ် ခတ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွင် ထိခိုက် ဒဏ်ရာရရှိမှု ရှိ၊ မရှိကို မသိရှိရ သေးကြောင်းနှင့် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသရှိနိုင်ငံ တကာနယ်နိ မိတ်နှင့် နယ်စပ်ဒေသ ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် အပစ်အခတ် ရပ်စဲထားမှု အားလေ့လာ စောင့်ကြည့်ရန် ၂ဝဝ၃ ခုနှစ်က သဘောတူညီခဲ့ ကြကြောင်း သိရှိရပါသည်။




ထိုင်းနိုင်ငံတွင် ဘတ်စ်ကားဂိတ်များ၌ လုံခြုံရေးတိုးမြှင့်ချထားခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments


ထိုင်းနိုင်ငံတွင် ဘတ်စ်ကားဂိတ်များ၌ လုံခြုံရေးတိုးမြှင့်ချထားခြင်း
ထိုင်းနိုင်ငံ Mo Chit မြို့ရှိ ဘတ်စ်ကား ဂိတ်တစ်ခုတွင် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်များ ထည့်ထားသော အိတ်တစ်လုံး အားရှာဖွေတွေ့ ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံပိုင် သယ်ယူပို့ ဆောင်ရေးကုမ္ပဏီသည် ဘန်ကောက်မြို့ရှိ ဘတ်စ်ကား ဂိတ်များ၌ လုံခြုံရေးတိုး မြှင့်ချထား ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက သြဂုတ်လ ၆ရက်နေ့တွင် ပြောကြားခဲ့ သည်ဟုသိရှိ ရပါသည်။ မြို့တော် ဘန်ကောက် အထူးသဖြင့် Mo Chit မြို့ရှိ ဘတ်စ်ကား ဂိတ်များ အားလုံးတွင် လုံခြုံရေးဆိုင် ရာပြင်ဆင် ဆောင်ရွက်မှုများကို တိုးမြှင့်လုပ် ဆောင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ ကပြောကြား ခဲ့ပါသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရတ် ချာစီးမား ပြည်နယ်မှ ဘန်ကောက်မြို့ မြောက်ပိုင်းရှိ Mo Chit မြို့သို့ ဆိုက်ရောက်လာသော ဘတ်စ်ကား တစ်စီးပေါ်တွင် လက်ပစ်ဗုံးများနှင့် AK-47 ချေမှုန်းရေး ရိုင်ဖယ်တစ် လက်ထည့် ထားသောအိတ် တစ်လုံးအား ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍စုံ စမ်းစစ်ဆေး မှုကို ပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရှိ ရပါသည်။

လျှော့တွက်လို့မရတဲ့ ရိုဟင်ဂျာအရေး၊ သတိထားမည့်မွတ်ဆလင်နိုင်ငံများ

Posted by drmyochit Wednesday, August 08, 2012, under | No comments


ရခိုင်ပြည်နယ်က မူဆလင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီ အာရေးဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆော်ဒီအစိုးရအဖွဲ့ရဲ့သဘောထားကို အစိုးရသတင်းဌာန SPA က ပြောဆိုရာမှာ မြန်မာနိုင်ငံက မူလဆင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ရက် စက်စွာတိုက်ခိုက်မှုတွေရှိနေပြီး၊ လူမျိုး တုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ဆော်ဒီအစိုး ရအနေနဲ့ပြင်း ထန် စွာ ရှုံ့ချကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက မူဆလင်ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀တွေ ကောင်း မွန်လာရေး၊ သူတို့တွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ် ပေးနိုင်ဖို့၊  နောက် ထပ်  အသက် ဆုံးရှုံးမှု တွေမဖြစ်အောင် ကာကွယ် စောင့်ရှောက်ပေးဖို့ လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံသား တစ်ချို့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အီဂျစ်အစိုးရအနေနဲ့ မြန်မာအ စိုးရနဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ ဒါဇင်လောက်ရှိတဲ့ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ အလားတူ ဆန္ဒပြပွဲကိုလည်း လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာသံရုံးရှေ့မှာ ထပ်မံကျင်းပသွားမယ်လို့ သိရပါ တယ်။
ကမ္ဘာမှာ အစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလိုယုဟိုရိုနိုကတော့ မြန်မာနိုင်ငံက ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း၊ ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားတဲ့ ပဋိပက္ခသာဖြစ်ပြီး မြန်မာအစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြော ပါတယ်။

မြန်မာပြည်သား
  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအပေါင်းသို့……အိတ်ဖွင့်ပေးစာ

Posted by drmyochit Wednesday, August 08, 2012, under | No comments


From: myanmartharkaung 

အီဂျစ် နိုင်ငံမှာ ရှိနေ တဲ့ ကျွန်တော် တို့ရဲ့  မြန်မာ နိုင်ငံ သံရုံး ထဲကို ၀ င်ေ ရာ က် ပြီး မြန်မာ နိုင်ငံတော် အလံ ကို ဖြုတ် ချပြီး မီးရှို ခဲ့တဲ့ လုပ်ရပ် တစ်ခု ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့က အီဂျစ်မှာ ဖြစ်ပွား ခဲ့ပါတယ် ခင်ဗျာ….။ ဒါနဲ့ ပတ် သက် လို့  မြန်မာ နိုင်ငံသူ၊  မြန်မာ နိုင်ငံသား  အပေါင်း တို့  သိရှိ စေဖို့နဲ့ ကျွန်တော် တို့ လုပ်ရမယ့် အ လုပ် ကို သိစေချင် လို့  ခုလိုမျိုး အိတ်ဖွင့် ပေးစာ ရေးသား ရခြင်း ဖြစ်ပါတယ်။

အီဂျစ် နိုင်ငံမှာ ရှိနေ တဲ့ ကျွန်တော် တို့ရဲ့  မြန်မာ နိုင်ငံ သံရုံး ထဲကို ၀ င်ေ ရာ က် ပြီး မြန်မာ နိုင်ငံတော် အလံ ကို ဖြုတ် ချပြီး မီးရှို ခဲ့တဲ့ လုပ်ရပ် တစ်ခု ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့က အီဂျစ်မှာ ဖြစ်ပွား ခဲ့ပါတယ် ခင်ဗျာ….။ ဒါနဲ့ ပတ် သက် လို့  မြန်မာ နိုင်ငံသူ၊  မြန်မာ နိုင်ငံသား  အပေါင်း တို့  သိရှိ စေဖို့နဲ့ ကျွန်တော် တို့ လုပ်ရမယ့် အ လုပ် ကို သိစေချင် လို့  ခုလိုမျိုး အိတ်ဖွင့် ပေးစာ ရေးသား ရခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ နိုင်ငံ အားလုံး သဘောတူလက်ခံပြီး လက်မှတ် ရေးထိုး ထားတဲ့ အပိုဒ်(၃၁)မှာ သံရုံး တွေနဲ့ ပတ်သက် လို့ လိုက်နာ စောင့်ထိန်း ရမယ့် အချက်တွေ ဖော်ပြ ထားပြီး ဖြစ်ပါတယ်။…ဗီယင်နာ သဘော တူညီ မှု အရ လက်မှတ် ထိုးထားသော နိုင်ငံတိုင်းသည် ထို တိုင်းပြည် အတွင်းရှိ သံရုံး အတွင်းသို့ ဝင်ရောက်ခွင့် မရှိ။ ထို့ပြင် မည်သည့် အခြေ အနေတွင် မဆို ဖျက်ဆီးခြင်း၊တိုက်ခိုက်ခြင်းမှကာကွယ်ပေးရမည်။(အပိုဒ်၃၁)

Article 31. The host nation may not enter the consular premises, and must protect the premises from intrusionordamage.(ViennaConventiononConsularRelations)

မြန်မာ facebook Password များခိုးယူရန် ရည်ရွယ်ပြီး Izara Aishah ဆိုသူမှ Facebook Link အတုများ ပေးပို့လျက်ရှိ

Posted by drmyochit Wednesday, August 08, 2012, under | No comments



ဘင်္ဂါလီ သတင်းမှားများကို လွဲမှားစွာ ယုံကြည်နေကြသော အစွန်းရောက် မွတ်စလင် ဟက်ကာ များမှ   မြန်မာ နိုင်ငံ အစိုးရ ၀ဘ်ဆိုက်များ၊ မြန်မာ ပြည်တွင်ဂျာနယ်များ ၀ဘ်ဆိုက်များကို တိုက်ခိုက်လျှက်ရှိပါသည်။  သာမန်မြန်မာ ပြည်သူများ၏   Email များ၊ Facebook Account များ၏ Password များကိုလည်း ရယူဖို့ ကြိုးစားနေကြပါသည်။  ယခု အခါ Izara Aishah (https://www.facebook.com/IzaraAishahOffical) မှ Is this your? http://ehberita.allalla.com/ အင်တာ နက်လိပ် စာပါဝင်သော facebook message များ ပေးပို့လျက်ရှိကြောင်း သိရသည်။ မြန်မာပြည်မှ  Facebook အသုံးပြုသူများအနေဖြင့်  အဆိုပါ http://ehberita.allalla.com/  ကို ဖွင့်မကြည့်ရရန် သတိပေးအပ်ပါသည်။ အဆိုပါ  လိပ်စာမှာ Facebook Login ကို အတုပြုလုပ်ထားခြင်းဖြစ်ပါသည်။  မိမိ Facebook  username နှင့်  password  ကို အဆိုပါ Facebook Page အတု တွင် ရိုက်ထည့်မိပါက  မိမိ  password ပါသွားမည်ဖြစ်ပါသည်။ Facebook user များအနေဖြင့် မိမိ ၀င်ရောက်မည့် Facebook (or) Gmail စာမျက်နှာ များအား ပုံမှာ ပြထားသည့် အတိုက်း Address (or) URL အား သေချာစွာ ကြည့်ရှု့ပြီးမှာ ၀င်ရောက် ကြပါရန် အကြံပြုအပ်ပါသည်။

ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား လူထုထောက်ခံမှုနှုန်းကျဆင်းလျက်ရှိခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



Bangkokpost.com;Aug-6(Mon)
ထိုင်းနိုင်ငံတွင် နောက်ဆုံး ပြုလုပ်ခဲ့သော လူထုစစ်တမ်း ကောက်ယူ မှုအရ ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့တို့၏ တစ်နှစ်ကျော် ကြာတာဝန်ထမ်း ဆောင်မှုအား လူထုထောက်ခံ မှုကျဆင်းလျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ စစ်တမ်းကောက် ယူမှုအား ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး သူ ၁,၁၇၇ ဦးအား တွေ့ဆုံမေးမြန်း စစ်တမ်းကောက် ယူခဲ့ခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ် ရှင်လက်ရှင်နာဝပ်ထရာ အနေဖြင့် သူမ၏ စွမ်းဆောင်မှု များအတွက် ပေးမှတ် ၁ဝ မှတ်တွင် ၅.၃၁ မှတ်ရရှိခဲ့ပြီး ယခင် ၆ လခန့်က ပြုလုပ် ခဲ့သော စစ်တမ်း ကောက်ယူမှုထက် ဝ.ဝ၂ မှတ် တက်လာခဲ့ပါသည်။
သို့ရာတွင် အစိုးရအဖွဲ့ အနေဖြင့် ယခင်စစ်တမ်း ကောက်ယူမှုထက် ဝ.၁ဝ မှတ် ကျဆင်းခဲ့ပြီး ၄.၈၄ မှတ်သို့ ရောက်ရှိခဲ့ပါသည်။ အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ နှင့်ပတ်သက်သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကြိုက်နှစ်သက် မှုအများဆုံးရှိခဲ့ပြီး တရားဥပဒေ စိုးမိုးရေးနှင့် စီမံခန့်ခွဲရေးတွင် ကြိုက်နှစ်သက် မှုအနည်းဆုံး ဖြစ်ပေါ်ခဲ့ပါသည်။ အကောင်းဆုံး တာဝန်ထမ်းဆောင် ခဲ့သူအား မေးမြန်းခဲ့ရာ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung က ၂၂.၃ ရာခိုင်နှုန်းဖြင့် လူထု ထောက်ခံမှု အမှတ်အများ ဆုံးရရှိခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ Yongyuth  Wichaidit  က ၅.၁ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး နှင့်ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး Theera Wongsamut က ၃.၃ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ သို့သော်လည်း အမြင့်ဆုံး ထောက်ခံမှု ၂၉.၈ ရာခိုင်နှုန်းအား လက်ရှိတာဝန် ထမ်းဆောင်နေသော အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးမှမ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

ပိုလန်နိုင်ငံတွင် အမေရိကန်၏ ဒုံးပျံများဖြန့်ကြက်ချထားရန် သဘောတူညီခဲ့မှုသည် မှားယွင်းသောလုပ်ဆောင်မှုဖြစ်ကြောင်း ပိုလန်သမ္မတက ပြောကြားခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



Press TV.com;Aug-6(Mon)
၂ဝ၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံ ပိုင်နက်နယ် မြေအတွင်း အမေရိကန်ဒုံး ပျံများဖြန့်ကြက် ချထားရန် ပိုလန်နိုင်ငံက သဘောတူခွင့် ပြုခဲ့ခြင်းသည် နိုင်ငံရေးအရ မှားယွင်းသော ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း ပိုလန်သမ္မတBronislaw Komorowski  က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ အဆိုပြုချက်ကို သဘောတူ လက်ခံခဲ့စဉ်အတွင်း မိမိတို့၏ မှားယွင်းမှုမှာ အမေရိကန် သမ္မတအပြောင်းအလဲ နှင့်ပတ်သက်သော နိုင်ငံရေး အရအန္တရာယ် ရှိမှုကို ထည့်သွင်းစဉ်း စားမှုမပြုခဲ့ခြင်း ပင်ဖြစ်ကြောင်း၊ ၄င်းကိစ္စအတွက် မိမိတို့အနေဖြင့် နိုင်ငံရေးအရ ကြီးမားစွာပေး ဆပ်လိုက်ရကြောင်း Komorowski Wprost  ကRIA Novosti မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်ဟုRIA Novosti  သတင်းဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ စွာအတွက် ငွေကြေးအမြောက် အမြားကျခံသုံး စွဲခဲ့သော်လည်း ဒုံးပျံတိုက် ခိုက်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းမရှိခဲ့ပါက အမှန်တကယ် အဓိပ္ပါယ်မဲ့သော ဆောင်ရွက်ချက် များသာဖြစ်မည် ဖြစ်ကြောင်း Komorowski က ပြောကြားခဲ့ ပါသည်။ ချက်နှင့်ပိုလန် နိုင်ငံတို့တွင် ဒုံးပျံစနစ် ချထားမည့် အစီအစဉ်များကို အမေရိကန်နိုင်ငံက ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလတွင် စွန့်လွှတ်ခဲ့ပါသည်။ ရုရှားအစိုးရက ၄င်းဆောင်ရွက်ချက်ကို ကြိုဆိုခဲ့ပြီးနောက် သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ်က ရုရှားနိုင်ငံသည် နေတိုးအဖွဲ့ ဝင်နိုင်ငံများ ဖြစ်သော ပိုလန်နှင့် လစ်သူရေးနီးယား နယ်စပ်ရှိ ကလင်နင်ဂ ရက်ဒေသတွင် Iskander-M နည်းဗျူဟာ ဒုံးပျံများ ဖြန့်ကြက်ချထား မည့်အစီအစဉ်များကို ရွှေ့ဆိုင်းထား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့သော် အမေရိကန် အစိုးရသည် ၂ဝ၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံ၌ အမေရိကန်နိုင်ငံ၏ မျိုးဆက်သစ် တိုက်ချင်း ပစ်ဒုံးပျံစနစ်ဖြန့် ကြက်ချထားရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ၂ဝ၁၁ ခုနှစ်တွင် ကြေညာခဲ့ပါသည်။

တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာအထောက်အပံ့များဖလှယ်ရေး သဘောတူခဲ့သည်ဆိုခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments


Yonhapnews.com;Aug-7(Tue)
တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံ ဆောင်ရွက်မှု များတိုးချဲ့ ဆောင်ရွက်ရေး ကြိုးပမ်းမှုများ ၏အစိတ်အပိုင်း အဖြစ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ များဖလှယ်ကြရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန် ကြီးဌာန၏ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ စီမံခန့်ခွဲရေး ဗျူရိုအကြီးအကဲ Lee Seon-chul  နှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး ဌာန၏ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ အကြီးအကဲ ကြည်းတပ်ဒုတိယ ဗိုလ်ချုပ်ကြီး Chau Phirun တို့သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၌ပြုလုပ်သော အစည်းအဝေး တစ်ရပ်တွင် အပြန်အလှန် အုပ်ချုပ်ထောက် ပံ့မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား လက်မှတ်ရေး ထိုးခဲ့ပါသည်။ အဆိုပါ သဘောတူညီ ချက်အရ နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်း သိမ်းရေးလုပ် ငန်းများ၊ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာအကူ အညီများနှင့် သဘာဝဘေး အန္တရာယ်ကယ် ဆယ်ရေးကြိုး ပမ်းမှုများ ဆောင်ရွက်စဉ် အတွင်း စစ်ဘက် ဆိုင်ရာကူညီ ထောက်ပံ့မှုများ မျှဝေဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။
 ကမ္ဘာအနှံ့ အပြားတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်း သိမ်းရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ မြင့်မားစွာ ဆောင်ရွက်နေ စဉ်အတွင်း နှစ်နိုင်ငံအကြား အုပ်ချုပ်ထောက် ပံ့မှုဆိုင်ရာ အကူအညီနှင့် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ် သွားရန်လို အပ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုး ထားသော နားလည်မှု စာချွန်လွှာသည် ကမ္ဘာကြီးတစ်ခု လုံးငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီ များအပေါ်ပံ့ပိုး ပေးရန်နှင့် နှစ်နိုင်ငံအကြား အုပ်ချုပ် ထောက်ပံ့မှုပူး ပေါင်းဆောင်ရွက်ရေး မြှင့်တင် ဆောင်ရွက်မှုအား အကူအညီ ဖြစ်စေရန် မိမိတို့အနေဖြင့် မျှော်လင့်ထားကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန် သော ကြေညာချက် တစ်စောင်တွင် ဖော်ပြထားပါသည်။ တောင်ကိုရီးယား နိုင်ငံသည် အမေရိကန်၊ ထိုင်း၊ နယူးဇီလန်၊ တူရကီ၊ ဖိလစ်ပိုင်၊ အစ္စရေး၊ သြစတြေးလျ၊ ကနေဒါ၊ အင်ဒိုနီးရှားနှင့် စင်ကာပူ စသည့် ၁ဝ နိုင်ငံ တို့နှင့် အလားတူစာချုပ်များအား လက်မှတ်ရေး ထိုးထားကြောင်း သိရှိရပါသည်။  

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားအား အပြည့်အဝထိန်းချုပ်နိုင်သည်ဟု အီရန်ရေတပ် ဦးစီးချုပ်ကပြောကြားခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments


Xinhuanet.com;Aug-7(Tue)
အီရန်နိုင်ငံသည် ဟော်မုဇ်ရေ လက်ကြားအား အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း အီရန်ရေ တပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ် ဟာဘီဘို လက်ဆေရာရီက ပြောကြားခဲ့သည်ဟု ဖားစ်သတင်းဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အီရန်သည် ပါရှန်ပင်လယ်ကွေ့တွင် အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ ထိန်းသိမ်းကာကွယ် စောင့်ရှောက် လျက်ရှိသောနိုင်ငံ ဖြစ်ကြောင်းကိုလည်း ဒေသတွင်း ရေပြင်များနှင့် ပါရှန်ပင်လယ် ကွေ့တို့တွင် စစ်ရေးလေ့ကျင့် ခန်းများပြုလုပ် သွားမည်ဟု အမေရိကန် ၏ထုတ်ပြန်ကြေ ညာချက်အပေါ် အလေးမထားဘဲ ဆေရာရီက ပြောကြားခဲ့ ခြင်းဖြစ်ပါသည်။ အမေရိကန် နိုင်ငံသည် နိုင်ငံပေါင်း ၂ဝ နှင့်အတူလာမည့် စက်တင်ဘာလ တွင် ပါရှန်ပင် လယ်ကွေ့အနီးရှိ ဒေသတွင်း ရေပိုင်နက်များ၌ စစ်ရေးလေ့ကျင့် ခန်းများပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းဌာန ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။ စစ်ရေးလေ့ ကျင့်ခန်းများပြုလုပ် ဆောင်ရွက်ရန် အမေရိကန် ၏ဆုံးဖြတ် ချက်များသည် အီရန်နိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိကြောင်း အီရန်ရေတပ် ဗိုလ်ချုပ်က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံနှင့် ကင်းကင်း ရှင်းရှင်းနေရေး အပါအဝင် မိမိတို့၏ ပြည်တွင်းအင် အားများအပေါ် တွင်သာမှီခို အားထားရန် ပါရှန်ပင်လယ်ကွေ့ တောင်ဘက်အဝန်းအ ဝိုင်းတစ်ဝိုက်ရှိ အာရပ်နိုင်ငံများအပေါ် ၄င်းကသတိပေး ပြောကြားခဲ့ပါသည်။ ဒေသတွင်း လုံခြုံရေးအား ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက် မှုများမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ဆေရာရီက ပြောကြားခဲ့ပါသည်။ 

ဆီးရီးယားပဋိပက္ခတွင် ဗြိတိန်မှဝင်ရောက်စွက်ဖက်ခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



Press TV.com;Aug-6(Mon)
            ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာ နသည် ဆီးရီးယား ပဋိပက္ခတွင် နည်းဗျူဟာ သစ်တစ် ရပ်အဖြစ် ကျယ်ပြန့် စွာ ကြားဝင် စွက်ဖက်လာခဲ့သည်။ ဆီးရီးယား နိုင်ငံအတွင်း ထောင်ပေါင်းများ စွာသောပြည် သူများသေ ဆုံးမှုတွင် တာဝန်ရှိ သည့်လက်နက် ကိုင်သူပုန် များအား ယခုအခါတွင် မျိုးဆက် သစ်လက်ကိုင် ဖုန်းများတပ် ဆင်ပေးလျက် ရှိသည်။ ၄င်းဂြိုဟ်တု ဖုန်းအသစ် များသည် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ် မှုပြုလုပ်ရန် အတွက်ဖြစ် ပြီး ကျောက်ဆောင် ကျောက်တုံး ပေါများသည့် ပတ်ဝန်းကျင်၊ သဲနှင့်ဖုန် ထူသည့်နေ ရာတွင်အသုံး ပြုရန်နှင့် ရေစိမ်ခံ ရန်အတွက် ပုံစံထုတ် လုပ်ထားခြင်း ဖြစ်သည်။
            ဗြိတိန်အစိုးရ ရပ်ကွက်မှ ထွက်ပေါ်လာ သည့်သတင်း များအရ ဆီးရီးယား လက်နက် ကိုင်သူပုန် ခေါင်းဆောင် များအား သင်တန်းပေးခြင်းနှင့် လက်နက်တပ် ဆင်ပေးခြင်း ပြုလုပ်ကာ ထိန်းချုပ်မှုပြု လုပ်လျက်ရှိကြောင်း၊ ဆီးရီးယား ပြည်သူများနှင့် နိုင်ငံတကာ ပရိသတ်များအား အယုံသွင်း စေခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၂ဝ ရက်နေ့ ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထား ချက်အရ ဗြိတိန် ၏ယခင် Press TV.com;Aug-6(Mon) တပ်ဖွဲ့ ဝင်များသည် ဆီးရီးယား လက်နက် ကိုင်သူပုန် များအား လေ့ကျင့် ပေးခြင်းနှင့် လက်နက်တပ်ဆင် ပေးခြင်းပြုလုပ်ခဲ့ ကြောင်းဖော်ပြခဲ့သည်။
            ဗြိတိန်၏ SAS  နှင့်Special Boat Service (SBS) တပ်ဖွဲ့ဝင် များသည် အိမ်နီးချင်း ဂျော်ဒန် နိုင်ငံတွင် အခြေပြု၍ ဆီးရီးယား ရှိအကြမ်းဖက် သမားများကို အကူအညီ ပေးလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီး ဝီလီယံဟိတ်က ဆီးရီးယားရှိ လက်နက်ကိုင် သူပုန်များအားUN Security Council  ၏ပြင်ပမှ ကူညီသွား မည်ဖြစ်ကြောင်း ယခင်က ပြောကြား ခဲ့ပါသည်။ 

ရိုဟင်ဂျာ၏ ဇာစ်မြစ်

Posted by drmyochit Wednesday, August 08, 2012, under | No comments


From : မောင်မောင်ဝင်း

ရိုဟင်ဂျာ ဟူသော အသုံးအနှုံးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် နှင့် စစ်တွေ တို့တွင် ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်သော ဘင်္ဂလီများကို အကူအညီပေးနေသော နိုင်ငံ တကာအဖွဲ့အစည်းများကြောင့်ဖြစ်ရ-----

လွန်ခဲ့ တဲ့ ဇွန်လ လောက် က ဘူးသီးတောင်၊ မောင်တောက စလို့ စစ်တွေ တောင်ကုတ်မြို့ အထိ ပြဿ နာတက်ခဲ့ တာ အားလုံးအသိပါ။ အဲဒီတော့မှ မြန်မာ ပြည်သူ အများစု သတိထားမိ ကြတာ တစ်ခု ရှိပါတယ်။ မြန်မာ နိုင်ငံမှာ မိုးပေါ်က ကျလာတာလား၊ ငရဲပြည်က တက်လာတာလား၊ တောထဲက ထွက်လာတာလား မသိတဲ့ အရှင်လတ်လတ် လူမျိုးတစ်ခု ရောက်နေပြီဆိုပဲ။ အတန်းကျောင်း တွေမှာတောင် မသိခဲ့ ရတဲ့ လူမျိုး တစ်စု က မြန်မာ ဆိုပြီး တစ်ကမ္ဘာ လုံးက တောင် သိနေကြပြီတဲ့။ မသိတာက တော့ မြန်မာပြည်သူတွေပါ။ ပုံစံ က ကိုယ်နေတဲ့ အိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အိမ်ရှင်တွေ အိပ်ရာက နိုးလာချိန်မှာ “ငါက ဒီအိမ်ကလေမင်းတို့မသိဘူးလား”လို့မေးလိုက်သလိုပေါ့။

ပိတ်ထားသော လိုင်ဇာ-ဗန်းမော်လမ်းကြောင်းအား KIA မှ ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များ ၀င်/ထွက်ခွင့်ပြန်ပေး

Posted by drmyochit Wednesday, August 08, 2012, under | No comments


From-ကချင်နေစဉ်သတင်း  
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့မှ စတင်၍ ပိတ်ထားသော လိုင်ဇာ-ဗန်းမော် လမ်းကြောင်းအား KIA အနေဖြင့် သြဂုတ်လ (၂)ရက်နေ့မှစတင်ပြီး ဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်များအား လိုင်ဇာအတွင်းသို့ဝင်/ထွက် သွားလာ ခွင့်ပေး ထားကြောင်း  ဒသခံသုံးဘီးဆိုင်ကယ်သမား တစ်ဦးထံမှ သိရှိရပါတယ်။
``ကျွန်တော်တို့ဒီဆိုင်ကယ်နဲ့ သုံးဘီး ဆိုင်ကယ်တွေအပေါ်မှာ တရုတ်နိုင်ငံက လုပ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီတွေကို ဒေါ့ဖုန်ယန်းကို ပို့ပေးရပါတယ်။ ပြီးတော့မှ စုပုံပြီး ဗန်းမော်ဘက်ကို ယာဉ်ငယ် တွေနဲ့ တစ်ဆင့်သယ်ရပါတယ်။
လိုင်ဇာကနေ တစ်နေ့ကို ဆိုင်ကယ်နဲ့သုံးဘီးဆိုင်ကယ်အစီး (၂၀)/ (၃၀)လောက်သွားလာပါတယ် ။  တစ်စီးကို ဖြတ်သန်းခတော့ ၂၀၀၀ ကျပ် ပေးရပါတယ်´´ ဟု အဆိုပါသုံးဘီးဆိုင်ကယ်သမားမှ ပြောကြားခဲ့ပါတယ်။
ကေအိုင်အေတပ်ဖွဲ့တွေအနေနဲ့ ယခင်က လိုင်ဇာ-ဗန်းမော်လမ်းကြောင်း ကို မြန်မာအစိုးရတပ်တွေ သွားလာ လို့ မရအောင်နဲ့ သူတို့ရဲ့ လိုင်ဇာမြို့လုံခြုံရေးအတွက် ပိတ်ပင်ထားခဲ့ပေမယ့်  ယခုအခါ ကေအိုင်အေတို့ အတွက် ကောင်းမွန်သော ကျောထောက်နောက်ခံ စီးပွားရေးမရှိခြင်း ၊ ပြည်ပမှ ထောက်ပံ့မှုအကူအညီနှင့် တရုပ်နိုင်ငံမှ ထောက်ပံ့မှုကောင်းစွာမရရှိခြင်းတို့ကြောင့် အရင်ကပိတ်ထားတဲ့ ကျောက်စိမ်းတွင်းတွေ ကို ပြန်လည်တူးဖော်ခိုင်းကာ အခွန်ကောက်ခံခြင်း ၊ ကျေးရွာများအား ဆပ်ကြေးကောင်ခြင်း ၊ သစ်လုပ် ငန်းနှင့် ပြည်နယ်အတွင်း ယခုလို စီးပွားရေးလုပ်ငန်း များအား လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။
ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေအနေနဲ့တော့  တရုတ်နိုင်ငံနှင့် အခြားနိုင်ငံကြီးများက ဘိန်းစိုက်ပျိုးခြင်း လုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်တဲ့အတွက် ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကြောင့် ပြည်ပနိုင်ငံ များနှင့် ပြည်ပရောက် ကချင်တိုင်းရင်းသားများထံမှ စစ်အောင်နိုင်ရေးရန်ပုံငွေရရှိရန်  အပူတပြင်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ခိုင်အရေး အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် မလိုဟု ဒေါက်တာ အေးမောင်ပြော

Posted by drmyochit Wednesday, August 08, 2012, under | No comments

မောင်ရမ္မာ
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း မလိုကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။
“  ကုလသမဂ္ဂ ကိုယ်စားပြုတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားဟာ အခင်းဖြစ်ပွားတဲ့ နေ ရာတွေကို သွားကြည့်ပြီး လေ့လာခဲ့ပြီးပြီ။ ကိုယ်တိုင်လည်း ပြဿနာနဲ့ ထိတွေ့နေတဲ့ လူတွေကိုလည်း မေးပြီးပြီ၊ သွားပြီးပြီ၊ ဆက် ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ မလိုတော့ဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သော လူမျိုးရေး ဆူပူမှုများ တည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက  အဆမ တန် အင်အားသုံးခဲ့ခြင်း အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေး သူထောက်ခံမည်ဟု  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံး သတ်သည့်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်များကို ပြောဆိုခဲ့သည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်” ဟု ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက် ဟက်ခံရမှု ပြန်လည် ရရှိ

Posted by drmyochit Wednesday, August 08, 2012, under | No comments



ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/၀က်ဘ်ဆိုက်အား ပြင်ပ ဟက် ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍၀င်ရောက်ကြည့်ရှုမရခဲ့ရာ ယခု ပြန် လည်ရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းနှင့်ပတ်သတ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက "ဟုတ်ပါတယ်။ ဒီနေ့ မနက်ကတည်းက server down သွားတာ လောလောဆယ် server ထိုင်ထားတဲ့ teleport ကစစ်နေတုန်းပဲ။ ဘာမှ report မရသေးပါဘူး "ဟု ဆိုသည်။

အဆိုပါဝက်ဘ်ဆိုက်မှာ ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် MTG ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေး ထား ခြင်းဖြစ် ပြီး၊ လက်ရှိအချိန်တွင် ဆိုက်အတွင်းသို့ ပုံမှန်ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ယခု အခြေအနေသည် တိုက်ခိုက်ခံထားရသည်ဟု ဆိုနိုင်သော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံမှ တိုက် ခိုက်လျက်ရှိသည်ကိုမသိရှိရသေးကြောင်း၎င်းကပြောသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သည်လည်း တိုက် ခိုက်မှုတစ်ခုကြုံတွေ့ခဲ့ရပြီး၊ ၄င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဓာတ်ပုံအပြောင်းအလဲ ပြုလုပ်ခြင်း၊ စာသားများ ရေးသား ထည့်သွင်းခြင်းများပြုလုပ်သွားခဲ့သည်။

ယနေ့ နံနက်(သြဂုတ် ၇ ရက်)က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည့် ဟက်ကာ စာမျက်နှာတစ်ခုတွင် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့ တိုက်ခိုက်မည့်ဝက်ဘ်ဆိုက်များ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းကြေညာချက်တွင် ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များအပါအ၀င် .mm ဖြင့် ဒိုမိန်းရယူထားသည့် ၀က်ဘ်ဆိုက်များ ပါဝင်လျက်ရှိသည်။

နိုင်ငံတကာမီဒီယာများ၏ မှားယွင်းလွန်ကျူးစွာမဟုတ်မမှန်ဖော်ပြနေမှုကို နိုင်ငံတကာသိအောင် လုပ်နေပြီဟု သမ္မတအကြံပေးပြောကြား

Posted by drmyochit Wednesday, August 08, 2012, under | No comments


From:ခေတ်လူငယ်

နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးကို လွန်ကျူးစွာဖော်ပြ သတင်းလွှင့်နေမှုများမှာ မဟုတ်မမှန်သတင်းများ လွှင့်တင်မှုများသာဖြစ်ပြီး အခြေအနေမှန်ကို နိုင်ငံတကာက သိအောင် လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။ ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်ခဲ့သော အဆိုပါဖြစ်စဉ်၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် လူမျိုးရေးအုံကြွမှု အချို့အထိပါ ဖြစ်ခဲ့ရခြင်းကို နိုင်ငံတော်က တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံတကာ မီဒီယာများက မဟုတ်မမှန် သတင်းလွှင့်နေမှုများ ရှိလာခဲ့ကြောင်း သိရသည်။ “နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေတာတွေ အတော်များများက သူတို့ထင်ရာတွေ ရေးသားဖော်ပြမှုတွေ ဖြစ်နေတယ်။ ဒါကို အထင်အမြင် လွဲတဲ့သူတွေလည်း ရှိလာသလို တချို့ကိစ္စတွေမှာဆိုရင် အများကြီးပဲ မမှန်သတင်းတွေ ရှိနေတယ်။ ဥပမာအားဖြင့် ဆိုလို့ရှိရင် မွတ်ဆလင်တွေ အများကြီးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေပါတယ် ဆိုတာမျိုးဆိုရင် တိဘက်မှာ ဆန္ဒပြတဲ့ မီးရှို့တဲ့ဟာတွေကို လိမ်ပြီးတင်တာတွေ ဖြစ်နေတယ်။ မသိတဲ့သူတွေအတွက် အထင်အမြင် လွဲစရာ ဖြစ်လာတယ်” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ “ဒါတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြေရှင်းသွားမှာပါ။ အခြေအနေမှန်ကို နိုင်ငံတကာသိအောင်လည်း လုပ်ဆောင်နေပါပြီ” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးမှာ တည်ငြိမ်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရပြီး နိုင်ငံတကာ မီဒီယာများကို ချပြမှုနှင့် ပတ်သက်သော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်းမှာပင် နိုင်ငံတကာ မီဒီယာများ ရှိနေပြီး ၎င်းတို့ကလည်း မှန်ကန်စွာ တင်ပြလိမ့်မည်ဟု ယူဆကြောင်း ပြောကြားထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

လွှတ်တော်ဂျာနယ် ယခုလအတွင်း ထွက်မည်

Posted by drmyochit Wednesday, August 08, 2012, under | No comments


 
 From:ခေတ်လူငယ်

လွှတ်တော်မှ ထုတ်ဝေမည့် လွှတ်တော်ဂျာနယ်အား ယခုသြဂုတ်လအတွင်း ထွက်ရှိတော့မည်ဟု ဂျာနယ်ထုတ်ဝေရေး ကော်မတီအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “လွှတ်တော် ဂျာနယ်ကို အခု ရှစ်လပိုင်း ၂၀ ရက်ကျာ်ရင် ထုတ်ဝေသွားမှာပါ။ ပထမအကြိမ်မှာတော့ အုပ်ရေ ၁၀၀၀ ထုတ်ဝေပြီး လွှတ်တော်အတွင်းက ကိုယ်စားလှယ်တွေကို အရင်ဖြန့်မှာဖြစ်တယ်။ ဂျာနယ်ကိုတော့ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသွားမှာပါ။ ဂျာနယ်ဆိုဒ်က (၂၂x၁၅) လက်မပါ။ ဂျာနယ်မှာ လွှတ်တော်အကြောင်း၊ နိုင်ငံတကာ လွှတ်တော်အကြောင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေရဲ့ အဆိုတွေ၊ မေးမြန်းမှုတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်းပါးတွေ ပါဝင်မှာပါ” ဟု ယင်းကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

KNLA နှင့် ထိပ်တိုက် ပစ်ခတ်မှုတွင် BGF ၄ဦး ကျဆုံး

Posted by drmyochit Wednesday, August 08, 2012, under | No comments



ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-KNLA နှင့် နယ်ခြားစောင့်တပ်ဖွဲ့-BGF တပ်ရင်း(၁၀၁၄)တို့ သြဂုတ်လ ၅ရက် နေ့က ဖာပွန်မြို့နယ်၊ မဲဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF မှ ၄ဦးကျဆုံးပြီး KNLA ဘက်မှ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိ ကြောင်း ကေအိုင်စီမှ စုံစမ်းသိရှိရသည်။
KNLA တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးကလယ်ဒို့က “မနက် ၅နာရီမှာ BGF (၁၀၁၄) တပ်ရင်းနဲ့ ကျနော်တို့ KNLA တပ် မဟာ(၅)ဌာနချုပ်က တပ်စုတစုတို့ ထိပ်တိုက်ဖြစ်ကြတာပါ။ ကျနော်တို့ ရဲဘော်တွေ ရဲ့ သတင်းပေးပို့ချက်အရ BGF ဘက်က ၄ဦးကျတယ်။ ထိခိုက်တာတော့ မသိရဘူး။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာ ၂ယောက်ရတယ်။ နောက် လက် နက်အနည်းငယ်လည်း သိမ်းဆည်းလိုက်မိတယ်” ဟု ဆိုသည်။
အချိန်နာရီဝက် ကြာမြင့်သည့် ၎င်းတိုက်ပွဲတွင် KNLA က BGF တပ်ဖွဲ့ထံမှ အမ်-၁၆ ၄လက်၊ ကာဘိုင် တစ်လက်၊ ပစ္စတို တစ်လက်၊ ပွိုင့်-၂၂ တစ်လက်၊ ကင်မရာတစ်လုံးနှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းခဲ့ သည်ဟု သိရသည်။ KNLA တပ်မ ဟာ(၅)နယ်မြေတွင် နယ်ခြားစောင့်တပ် (၁၀၁၃)နှင့် (၁၀၁၄) တပ်ရင်းတို့ အခြေစိုက် လှုပ်ရှားလျက်ရှိရာ ယခုတိုက်ပွဲတွင် (၁၀၁၄)တပ်ရင်းမှူး ဗိုလ်မှူးမောင်ချစ်ကိုယ် တိုင် ဦးဆောင်၍ နယ်မြေတိုးချဲ့မှု ပြုလုပ်လာသည့်အတွက်ကြောင့် KNLA ဘက်မှ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

KNU နှင့် အစိုးရတို့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန် တွဆေုံ့တော့မည်

Posted by drmyochit Wednesday, August 08, 2012, under | No comments


ဂျူရီချိုင်း – ကရင်အမျိုးသားအစည်းအရုံး KNUနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယခုလကုန်ပိုင်းတွင် တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး တြေ့ဆုံဆြေးနြေးပြဲကို ကရင်ပြည်နယ် ဖားအံမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ပြောသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးရာတွင် ရန်ကုန်မြို့၌ ဒုတိယအကြိမ် ပြည်ထောင် စုအဆင့် ဆြေးနြေးမွုမ်ားကို ပြန်လည်သုံးသပ်ပြီး ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်ရေး၊ နှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာများနှင့် တပ်အပြောင်းအရွှေ့ ရုပ်သိမ်းမည့်ကိစ်စများကို အဓိကထား ဆြေးနြေးသြားမည္ဟု နော်မေဦးက ပြောသည်။
၎င်းင်းက “အဓိက သူတို့တပ် (ဗမာ့တပ်မတော်) တွေ ရှိနေရင် ပြည်သူလူထုတွေ ဘဝလုံခြုံမှု မရှိဘူး၊ ပြည်သူလူထုတွေ လုံခြုံရေးရှိအောင်ဆိုပြီး တပ်လျှော့ဖို့ကိစ်စတွပေဲ နှစ်ဖက်စလုံးပြေလည်ဖို့ ရတဲ့အထိ ကျမတို့ ကြိုးစားပြီး ဆွေးနွေးသွားမယ်” ဟု ပြောသည်။
တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကေအန်ယူဘက်မှ တပ်နှင့် နိုင်ငံရေးဆွေးနွေးရန် ပါဝင်မည့် ကိုယ်စား လှယ်များကို ပြန်လည်ရွေးချယ်သွားမည်ဟု နော်မေဦးက ပြောသည်။
တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရန် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များက ယခုလ ၅ ရက်နေ့က အကြို ညှိနှိုင်း ဆြေးနြေးပြဲတရပ္ကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ယင်းညှိနှိုင်း ဆွေးနွေးပွဲတွင် KNU အထွထွေအေတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့ဝင် ၃ ဦးနှင့် အစိုး ရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ ပါဝင်ကြသည်။
အပစ်အခတ်ရပ်စဲရေး တတိယအကြိမ် တြေ့ဆုံဆြေးနြေးပြဲကို KNU ဘက္က ကရင်ပြည်နယ် ဖားအံမြို့၌ အဆိုပြုထားပြီး ယခုလ ၂၇ ရက်နေ့မှစတင်၍ ၂ ရက်ခန့်အကြာ ဆြေးနြေးသြား မည္ဟု နော်မေဦးက ပြောသည်။
KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ကရင်ပြည် နယ် ဖားအံမြို့တွင် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆြေ့နြေးပြဲ ကို ဧျပီလ ၆ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် တွဆေုံ့ခဲ့သည်။
ဦးအောင်မင် ခေါင်းဆောင်သောအဖွဲ့နှင့် KNU ကိုယ်စားလှယ်တို့ နှစ်ဘက်အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ဖားအံမြို့ ဇွဲကပင်ဟိုတယ် ဆြေးနြေးပြဲ၌ အပစ်အခတ်ရပ်စဲရေး ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်ပေးရေး၊ လက်နက်မပါဘဲ နှစ်ဘက်သွားလာခွင့်ပေးရေးတို့ အပါအဝင် ပြည်နယ်အဆင့် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိကာ ယခုနှစ်ဦးပိုင်းတွင် သမတသိန်းစိန်ဦးဆောင်သည့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပေသည်။

RCSS/SSA နှင့် ဖြစ်နေသည့်ပြဿနာ ဖြေရှင်း၍မရသည့်အဆင့်မဟုတ်ဟု UWSA ခေါင်းဆောင်ပိုင်းပြော

Posted by drmyochit Wednesday, August 08, 2012, under | No comments



UWSA-003
ဒုက်ခသည်အရေးကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တို့အ ကြား တပတ်ကျော်ကြာ စစ်ရေးတင်းမှာနေမှုအား နှစ်ဘက်ဖြေရှင်း၍ မရသည့် ကိစ်စမဟုတ် ကြောင်း ၀ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UျွှSA ခေါင်းဆောင်ပိုင်းတဦးက ပြောပါသည်။

“အလှူရှင်တွကေ ဒုက်ခသည်တွအေတွက် ထောက်ပံ့စရိတ် လျှော့ချလိုက်လို့ ဝမ်းရေးအတွက် အခက်အခဲ ကြုံလာရ တယ်။ အဲဒီ့အတွက် ကျနော်တို့ ဒုက်ခသည်တချို့နဲ့ စပါး၊ ပြောင်း၊ ပဲစိုက်ခင်းလုပ်ဖို့ ထွန်ယက် စိုက် ပျိုးဖို့ သွားတယ်။ ဝ တပ်ဖွဲ့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့နဲ့ လူထု တချို့ ကို ဖမ်းသွားတယ်၊ အဲဒီကနေ စဖြစ် လာ တာ ပါ” - ဟုျြCSS/SSA အရာရှိတဦးက ပြောပါသည်။

ဂျူလိုင်လနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သောပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ ကိုယ်စား လှယ် နှစ် ကြိမ်စေလွှတ်ခဲ့သော်လည်း ဝ တပ်ဖွဲ့က လက်ခံဖြေရှင်းခြင်းမရှိခဲ့ဟု သျှမ်းပြည်တပ်မတော် အရာရှိအချို့က ပြော၏။

ယနေ့ ဩဂတ်စ် ၇ ရက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ခေါင်းဆောင်ပိုင်းတဦးက  - ဖြစ်ပွားနေ သည့် ပြဿနာအား ဖြေရှင်း၍ မရသည့် ပြဿနာမဟုတ်ကြောင်း၊ ထိပ်တိုက်မှုဖြစ်ပွားလာလျှင် လူထု ရော တပ်ထုပါ ဆုံးရှုံးနစ်နာမှုများမည်ကို သိရှိကြောင်း၊ ထို့အတွက် သျှမ်းပြည်တပ်မတော်အနေဖြင့် ဖြေရှင်းနိုင် မည့် အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်ရန် လိုအပ်ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်