Wednesday, August 08, 2012

တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာအထောက်အပံ့များဖလှယ်ရေး သဘောတူခဲ့သည်ဆိုခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments


Yonhapnews.com;Aug-7(Tue)
တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံ ဆောင်ရွက်မှု များတိုးချဲ့ ဆောင်ရွက်ရေး ကြိုးပမ်းမှုများ ၏အစိတ်အပိုင်း အဖြစ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ များဖလှယ်ကြရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန် ကြီးဌာန၏ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ စီမံခန့်ခွဲရေး ဗျူရိုအကြီးအကဲ Lee Seon-chul  နှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး ဌာန၏ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ အကြီးအကဲ ကြည်းတပ်ဒုတိယ ဗိုလ်ချုပ်ကြီး Chau Phirun တို့သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၌ပြုလုပ်သော အစည်းအဝေး တစ်ရပ်တွင် အပြန်အလှန် အုပ်ချုပ်ထောက် ပံ့မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား လက်မှတ်ရေး ထိုးခဲ့ပါသည်။ အဆိုပါ သဘောတူညီ ချက်အရ နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်း သိမ်းရေးလုပ် ငန်းများ၊ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာအကူ အညီများနှင့် သဘာဝဘေး အန္တရာယ်ကယ် ဆယ်ရေးကြိုး ပမ်းမှုများ ဆောင်ရွက်စဉ် အတွင်း စစ်ဘက် ဆိုင်ရာကူညီ ထောက်ပံ့မှုများ မျှဝေဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။
 ကမ္ဘာအနှံ့ အပြားတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်း သိမ်းရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ မြင့်မားစွာ ဆောင်ရွက်နေ စဉ်အတွင်း နှစ်နိုင်ငံအကြား အုပ်ချုပ်ထောက် ပံ့မှုဆိုင်ရာ အကူအညီနှင့် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ် သွားရန်လို အပ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုး ထားသော နားလည်မှု စာချွန်လွှာသည် ကမ္ဘာကြီးတစ်ခု လုံးငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီ များအပေါ်ပံ့ပိုး ပေးရန်နှင့် နှစ်နိုင်ငံအကြား အုပ်ချုပ် ထောက်ပံ့မှုပူး ပေါင်းဆောင်ရွက်ရေး မြှင့်တင် ဆောင်ရွက်မှုအား အကူအညီ ဖြစ်စေရန် မိမိတို့အနေဖြင့် မျှော်လင့်ထားကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန် သော ကြေညာချက် တစ်စောင်တွင် ဖော်ပြထားပါသည်။ တောင်ကိုရီးယား နိုင်ငံသည် အမေရိကန်၊ ထိုင်း၊ နယူးဇီလန်၊ တူရကီ၊ ဖိလစ်ပိုင်၊ အစ္စရေး၊ သြစတြေးလျ၊ ကနေဒါ၊ အင်ဒိုနီးရှားနှင့် စင်ကာပူ စသည့် ၁ဝ နိုင်ငံ တို့နှင့် အလားတူစာချုပ်များအား လက်မှတ်ရေး ထိုးထားကြောင်း သိရှိရပါသည်။  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်