Wednesday, August 08, 2012

တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး ပစ္စည်းများမျှဝေသုံးစွဲရေးနှင့်ပတ်သက်၍ သဘောတူညီခဲ့ကြခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံ အကြားစစ်ဘက်ဆက် ဆံရေးများ တိုးမြှင့်ရေးကြိုးပမ်း မှုတစ်စိတ်တစ်ပိုင်းအဖြစ်ငြိမ်းချမ်းရေး ထိန်းသိမ်း မှုလုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် သမ္မတထရောင်တန်ဆန်း နှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကင်ယောင်နန်တို့ တွေ့ဆုံစဉ်စစ် ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများမျှ ဝေသုံးစွဲရေးနှင့် ပတ်သက်၍ သဘောတူညီခဲ့ ကြကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန၏ အုပ်ချုပ် ထောက်ပံ့မှု ဆိုင်ရာစီမံခန့်ခွဲ ရေးဗျူရို အကြီးအကဲ လီဆောင်ချူးနှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ချောင်ဖီရန်းတို့သည် နှစ်နိုင်ငံ အုပ်ချုပ်ထောက်ပံ့ မှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာအား တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါသည်။အဆိုပါသ ဘောတူညီ ချက်အရ နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း သိမ်းမှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက် ထားမှုအကူအညီ ပေးရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများ ဆောင်ရွက်နေ စဉ်ကာလအတွင်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ မျှဝေသုံးစွဲသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။တောင်ကိုရီးယား နိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် အမေရိကန်၊ ထိုင်း၊ နယူးဇီလန်၊ တူရကီ၊ ဖိလစ်ပိုင်၊ အစ္စရေး၊သြစတြေးလျ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံတို့နှင့် အုပ်ချုပ်ထောက်ပံ့ မှုဆိုင်ရာသဘော တူညီမှုများ ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်