Wednesday, August 08, 2012

ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား လူထုထောက်ခံမှုနှုန်းကျဆင်းလျက်ရှိခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



Bangkokpost.com;Aug-6(Mon)
ထိုင်းနိုင်ငံတွင် နောက်ဆုံး ပြုလုပ်ခဲ့သော လူထုစစ်တမ်း ကောက်ယူ မှုအရ ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့တို့၏ တစ်နှစ်ကျော် ကြာတာဝန်ထမ်း ဆောင်မှုအား လူထုထောက်ခံ မှုကျဆင်းလျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ စစ်တမ်းကောက် ယူမှုအား ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး သူ ၁,၁၇၇ ဦးအား တွေ့ဆုံမေးမြန်း စစ်တမ်းကောက် ယူခဲ့ခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ် ရှင်လက်ရှင်နာဝပ်ထရာ အနေဖြင့် သူမ၏ စွမ်းဆောင်မှု များအတွက် ပေးမှတ် ၁ဝ မှတ်တွင် ၅.၃၁ မှတ်ရရှိခဲ့ပြီး ယခင် ၆ လခန့်က ပြုလုပ် ခဲ့သော စစ်တမ်း ကောက်ယူမှုထက် ဝ.ဝ၂ မှတ် တက်လာခဲ့ပါသည်။
သို့ရာတွင် အစိုးရအဖွဲ့ အနေဖြင့် ယခင်စစ်တမ်း ကောက်ယူမှုထက် ဝ.၁ဝ မှတ် ကျဆင်းခဲ့ပြီး ၄.၈၄ မှတ်သို့ ရောက်ရှိခဲ့ပါသည်။ အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ နှင့်ပတ်သက်သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကြိုက်နှစ်သက် မှုအများဆုံးရှိခဲ့ပြီး တရားဥပဒေ စိုးမိုးရေးနှင့် စီမံခန့်ခွဲရေးတွင် ကြိုက်နှစ်သက် မှုအနည်းဆုံး ဖြစ်ပေါ်ခဲ့ပါသည်။ အကောင်းဆုံး တာဝန်ထမ်းဆောင် ခဲ့သူအား မေးမြန်းခဲ့ရာ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung က ၂၂.၃ ရာခိုင်နှုန်းဖြင့် လူထု ထောက်ခံမှု အမှတ်အများ ဆုံးရရှိခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ Yongyuth  Wichaidit  က ၅.၁ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး နှင့်ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး Theera Wongsamut က ၃.၃ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ သို့သော်လည်း အမြင့်ဆုံး ထောက်ခံမှု ၂၉.၈ ရာခိုင်နှုန်းအား လက်ရှိတာဝန် ထမ်းဆောင်နေသော အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးမှမ ရရှိခဲ့ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်