Wednesday, August 08, 2012

ထိုင်းနိုင်ငံတွင် ဘတ်စ်ကားဂိတ်များ၌ လုံခြုံရေးတိုးမြှင့်ချထားခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments


ထိုင်းနိုင်ငံတွင် ဘတ်စ်ကားဂိတ်များ၌ လုံခြုံရေးတိုးမြှင့်ချထားခြင်း
ထိုင်းနိုင်ငံ Mo Chit မြို့ရှိ ဘတ်စ်ကား ဂိတ်တစ်ခုတွင် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်များ ထည့်ထားသော အိတ်တစ်လုံး အားရှာဖွေတွေ့ ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံပိုင် သယ်ယူပို့ ဆောင်ရေးကုမ္ပဏီသည် ဘန်ကောက်မြို့ရှိ ဘတ်စ်ကား ဂိတ်များ၌ လုံခြုံရေးတိုး မြှင့်ချထား ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက သြဂုတ်လ ၆ရက်နေ့တွင် ပြောကြားခဲ့ သည်ဟုသိရှိ ရပါသည်။ မြို့တော် ဘန်ကောက် အထူးသဖြင့် Mo Chit မြို့ရှိ ဘတ်စ်ကား ဂိတ်များ အားလုံးတွင် လုံခြုံရေးဆိုင် ရာပြင်ဆင် ဆောင်ရွက်မှုများကို တိုးမြှင့်လုပ် ဆောင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ ကပြောကြား ခဲ့ပါသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရတ် ချာစီးမား ပြည်နယ်မှ ဘန်ကောက်မြို့ မြောက်ပိုင်းရှိ Mo Chit မြို့သို့ ဆိုက်ရောက်လာသော ဘတ်စ်ကား တစ်စီးပေါ်တွင် လက်ပစ်ဗုံးများနှင့် AK-47 ချေမှုန်းရေး ရိုင်ဖယ်တစ် လက်ထည့် ထားသောအိတ် တစ်လုံးအား ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍စုံ စမ်းစစ်ဆေး မှုကို ပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်