အိန္ဒိယနှင့်
ပါကစ္စတန် နယ်ခြားစောင့် တပ်ဖွဲ့များသည် ကက်ရှ်မီးယား ဒေသရှိ နိုင်ငံတကာ နယ်နိမိတ် ပေါ်တွင်
တစ်နာရီကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ သူများက သြဂုတ်လ
၆ ရက်နေ့တွင် ပြောကြားခဲ့ သည်ဟုသိရှိ ရပါသည်။ အပစ်အခတ် ရပ်စဲထားမှု အားချိုးဖောက်သည့်
အဆိုပါ ပစ်ခတ်မှုသည် အိန္ဒိယထိန်းချုပ် မှုအောက်ရှိ ကက်ရှ်မီးယား ဒေသ မြို့တော်ဂျမူး၏
အနောက်တောင်ဘက် ၄၅ ကီလိုမီတာ ခန့်အကွာတွင် ရှိသော Budhwar
နှင့် Kot kubba စခန်းများ တစ်လျှောက် သြဂုတ်လ ၅ ရက်နေ့ ညကဖြစ်ပွား
ခဲ့ခြင်းဖြစ် ပါသည်။ မည်သည့် ကျူးကျော် ရန်စမှုမျှမရှိဘဲ ပါကစ္စ တန်ရိန်းဂျား တပ်ဖွဲ့ဝင်များသည်
အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့များ၏ စခန်းများဆီသို့ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့်
အိန္ဒိယနယ်ခြား စောင့်တပ်ဖွဲ့ များကလည်း ပြန်လည်ပစ် ခတ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့
တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွင် ထိခိုက် ဒဏ်ရာရရှိမှု ရှိ၊ မရှိကို မသိရှိရ
သေးကြောင်းနှင့် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသရှိနိုင်ငံ တကာနယ်နိ
မိတ်နှင့် နယ်စပ်ဒေသ ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက်
အပစ်အခတ် ရပ်စဲထားမှု အားလေ့လာ စောင့်ကြည့်ရန် ၂ဝဝ၃ ခုနှစ်က သဘောတူညီခဲ့ ကြကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment