Wednesday, August 08, 2012

ဗီယက်နမ်နှင့်မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် သဘောတူညီခဲ့ကြခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



ဗီယက်နမ် သမ္မတ ထရောင်တန်ဆန်းနှင့် ဗီယက်နမ် နိုင်ငံသို့အ လည်အပတ် ရောက်ရှိနေသော မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကင်ယောင်နန်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့် တင်ရန်အတွက် သြဂုတ်လ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု Xinhua သတင်းတစ်ရပ် အရသိရှိ ရပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် အပြန်အလှန် ချစ်ကြည် ရင်းနှီးမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ် များကိုလည်း ဆွေးနွေးခဲ့ ကြပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ အကြားဆွေးနွေး ပွဲများနှင့် အပြန်အလှန် အလည်အပတ် ခရီးစဉ်များ ဆက်လက်ပြု လုပ်ရေးအပြင် အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေးတို့ကို လည်းသဘော တူညီခဲ့ပါသည်။ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နှစ်နိုင်ငံ ကော်မတီအနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာသတင်း အချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစဉ် အတားအဆီးများကို ဖြေရှင်းသွား သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ ပြည်သူ အချင်းချင်း အပြန်အလှန် အမြင်ချင်းဖ လှယ်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်လည်း သဘောတူ ညီခဲ့ကြပါသည်။ ကင်ယောင်နန်သည် ထရောင်တန်ဆန်း ၏ဖိတ်ကြား ချက်အရ သြဂုတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိဗီယက်နမ် နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်