Wednesday, August 08, 2012

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေး လေ့ကျင့်ခန်းမပြုလုပ်မီ မြောက်ကိုရီးယားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့များအားစစ်ဆေးခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



Yonhapnews.com;Aug-7(Tue)
တောင်ကိုရီးယား နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ၄င်း၏ နှစ်စဉ်စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် စစ်ဘက်အား စစ်ဆေးခဲ့ကြောင်းKCNA သတင်းဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ကင်သည် ပြီးခဲ့သော မေလက အလားတူစစ် ဆေးမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ၂ လအကြာတွင် အထက်ပါ အတိုင်းစစ် ဆေးမှုများအား ထပ်မံပြုလုပ်ခဲ့ ခြင်းဖြစ်ပါသည်။  ထိုကဲ့သို့ စစ်ဆေးမှုပြု လုပ်ခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များ၏ သြဂုတ်လ ၂ဝ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် နှစ်စဉ်ပြုလုပ် နေကျဖြစ်သောUlji Freedom Guardian စစ်ရေး လေ့ကျင့်ခန်းအား တုံ့ပြန်သော အားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ထိုပူးတွဲစစ်ရေး လေ့ကျင့်ခန်းသည် မြောက်ကိုရီးယား နိုင်ငံအား ကျူးကျော်ရန် စရန်အတွက် စစ်ရေး ဆိုင်ရာဇာတ်တိုက် လေ့ကျင့်မှုတစ်ခု ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက အခိုင်အမာပြောကြား လျက်ရှိပြီး မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ထိုပူးတွဲ စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်မှုများအား ကာလရှည်ကြာပင် အနှောင့်အယှက် များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၅၆,ဝဝဝ ဦးနှင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ခန့်ပါဝင်သော အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်ခန်းသည် ကာကွယ်ရေးရည်မှန်း ချက်များအတွက် သာလုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က တုံ့ပြန်ပြောကြားခဲ့ပါသည်။ ရက်စွဲအတိအကျ ဖော်ပြထားခြင်း မရှိသော ကာလအတွင်း စစ်ဘက်တပ်ဖွဲ့ ၏စစ်ပွဲအတွက် အဆင်သင့်ပြင်ဆင် ထားမှုအား ကင်အနေဖြင့် အဓိကထား စစ်ဆေးခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါသည်။ ခရီးစဉ်ကာလအတွင်း ကင်နှင့်အတူ စစ်ဘက်နှင့် ပါတီတို့မှ အဆင့်မြင့်အရာရှိများ လိုက်ပါလာခဲ့ကာ စစ်သည်များအနေဖြင့် နိုင်ငံရေးဆိုင်ရာ တွေးခေါ်မျှော်မြင်မှုအား အဓိကထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ကင်က အလေးထား ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား-အမေရိကန်ပူး တွဲစစ်ရေး လေ့ကျင့်ခန်းသည် ကျူးကျော်ရန်စရန် ဇာတ်တိုက် လေ့ကျင့်သောစစ်ပွဲ တစ်ခုအဖြစ် KCNA သတင်းဌာနက စွပ်စွဲပြောကြား ခဲ့ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်