Wednesday, August 08, 2012

ထိုင်းအစိုးရအဖွဲ့သည် စီးပွားရေးပြန်လည်ထူထောင်ရေး စီမံကိန်းကိုအတည်ပြုခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



ထိုင်းအစိုး ရအဖွဲ့သည် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့ကအဆိုပြု ထားသော စီးပွားရေး ပြန်လည်ထူထောင်ရေး စီမံကိန်း တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း အစိုးရအဖွဲ့ ဒုတိယပြော ရေးဆိုခွင့်ရှိသူ ချာလီထရတ်ချန် သာရူဘက်ဆာက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Bangkokpost သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါ စီမံကိန်းတွင် နိုင်ငံပြန်လည် ထူထောင်ရေးနှင့် အနာဂတ်ဖွံ့ ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ ကော်မတီက အဆိုပြုထားသော အရေးတကြီး ဆောင်ရွက်ရ မည့်စီမံကိန်း ၄ ခုပါဝင်ကြောင်း ချာလီထရတ်က ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံကိန်း၎ ခုမှာ လာမည့် ၅ နှစ်မှ ၁ဝ နှစ်အထိ ရင်းနှီးမြှုပ် နှံရေးမူဝါဒကို ပြည်တွင်း ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များမှ ချေးငွေများရ ယူအသုံးချ ရေးအပေါ် အလေးထားရန်၊ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ ဖြိုးတိုးတက် ရေးစီမံကိန်းတွင် မြန်မာနိုင်ငံ နှင့်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အမျိုးသားရထား လမ်းစနစ်၊ အထူးသဖြင့် မြန်နှုန်းမြင့်ရ ထားလမ်း စနစ်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း တစ်ရပ်ထူထောင်ရန်နှင့် ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းက ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော ကုမ္ပဏီများအား ငွေကြေးထောက်ပံ့ မှုပေးအပ်ရန်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်