Wednesday, August 08, 2012

လျှော့တွက်လို့မရတဲ့ ရိုဟင်ဂျာအရေး၊ သတိထားမည့်မွတ်ဆလင်နိုင်ငံများ

Posted by drmyochit Wednesday, August 08, 2012, under | No comments


ရခိုင်ပြည်နယ်က မူဆလင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီ အာရေးဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆော်ဒီအစိုးရအဖွဲ့ရဲ့သဘောထားကို အစိုးရသတင်းဌာန SPA က ပြောဆိုရာမှာ မြန်မာနိုင်ငံက မူလဆင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ရက် စက်စွာတိုက်ခိုက်မှုတွေရှိနေပြီး၊ လူမျိုး တုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ဆော်ဒီအစိုး ရအနေနဲ့ပြင်း ထန် စွာ ရှုံ့ချကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက မူဆလင်ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀တွေ ကောင်း မွန်လာရေး၊ သူတို့တွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ် ပေးနိုင်ဖို့၊  နောက် ထပ်  အသက် ဆုံးရှုံးမှု တွေမဖြစ်အောင် ကာကွယ် စောင့်ရှောက်ပေးဖို့ လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး အီဂျစ်နိုင်ငံသား တစ်ချို့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အီဂျစ်အစိုးရအနေနဲ့ မြန်မာအ စိုးရနဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ ဒါဇင်လောက်ရှိတဲ့ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ အလားတူ ဆန္ဒပြပွဲကိုလည်း လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာသံရုံးရှေ့မှာ ထပ်မံကျင်းပသွားမယ်လို့ သိရပါ တယ်။
ကမ္ဘာမှာ အစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလိုယုဟိုရိုနိုကတော့ မြန်မာနိုင်ငံက ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာ ပဋိပက္ခဟာ ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း၊ ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားတဲ့ ပဋိပက္ခသာဖြစ်ပြီး မြန်မာအစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြော ပါတယ်။

မြန်မာပြည်သား
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်