Wednesday, August 08, 2012

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေသဖြင့် နှစ်နိုင်ငံနယ်စပ်တွင် အခြေအနေတင်းမာလျက်ရှိခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments

Xinhuanet.com;Aug-5(Sun)
အိန္ဒိယ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး ပျောက်ဆုံး လျက်ရှိသဖြင့် အိန္ဒိယ နိုင်ငံအ ရှေ့ပိုင်းရှိ အနောက် ဘန်ဂေါလ် ပြည်နယ်ရှိ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ် လျှောက်တွင် သြဂုတ်လ ၅ ရက်နေ့က တင်းမာမှုများ ဖြစ်ပွား ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။ အိန္ဒိယနယ် ခြားစောင့်လုံ ခြုံရေးတပ်ဖွဲ့ (Border Security Force-BSF) တပ်ဖွဲ့ဝင်၏ ညီဖြစ်သူ S.Venkatesh သည် ပြည်နယ် မြို့တော်မှ ၂၇၄ ကီလိုမီတာ အကွာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော Malda တာဝန်ထမ်း ဆောင်နေစဉ် ပျောက်ဆုံးသွား ခဲ့ခြင်း ဖြစ်ပါသည်။ ၄င်းစစ်သည် ပျောက်ဆုံး နေမှုကို အခြားစစ် သည်များက သြဂုတ်လ ၅ ရက်နေ့ အစောပိုင်းတွင် သိရှိခဲ့ပြီး အထက် အရာရှိများ ထံသို့ ချက်ချင်း သတင်းပို့ခဲ့ ကြောင်းသိရှိ ရပါသည်။
အိန္ဒိယမှ နယ်ခြား စောင့်လုံခြုံ ရေးတပ်ဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ် သေနတ်ကိုင် တပ်ရင်းမှ အရာရှိများ တွေ့ဆုံ ဆွေးနွေး၍ ပျောက်ဆုံး နေသော အဆိုပါစစ် သည်နောက်သို့ သဲလွန်စ ရှာဖွေ၍ ခြေရာခံ လိုက်ရန် အစီအစဉ်များ ပြုလုပ်ခဲ့ကြပြီး စစ်သည်  S.Venkatesh ပျောက်ဆုံး ရခြင်းအတွက် ကျွဲ၊ နွား မှောင်ခိုသမား များအပေါ် နှစ်ဖက်စလုံးက သံသယ ဖြစ်ပွားလျက် ရှိပါသည်။ ယခုနှစ်အ တွင်း အိန္ဒိယမှ ကျွဲ၊ နွားများ ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုပြု လုပ်လျက်ရှိပြီး   သြဂုတ်လ ၁၉ ရက်နေ့ တွင်ကျရောက်မည့်  အစ္စလာမ်တို့ အထွတ်အမြတ် ဖြစ်သော မွတ်စလင်အစ်နေ့ အတွက် သယ်ယူပို့ ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်