
ရန်ကုန်မြို့မှ ညဥ့်ငှက်ကလေးများ (ဓာတ်ပုံ – Felix Features)
၁၉၄၉ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲသွားရန် အဘက်ဘက်မှ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ယနေ့ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအကြိမ် ပုံမှန် အစည်းအဝေးတွင် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိမရှိကို ဒေါ်စန္ဒာမင်းက မေးမြန်းရာ...