Monday, September 09, 2013

တားဆေး Marvelon (မာဗယ်လွန်) အကြောင်း သိကောင်းစရာ....

Posted by drmyochit Monday, September 09, 2013, under | 3 comments



ဆရာရှင့် သမီး Mevalon 28 ကို ၂ နှစ်လောက် သောက်ခဲ့ပါတယ်။ အရင်လက ၅ ရက်နေ့မှာ ရာသီစလာ ပါတယ်။ အဲဒီနောက် ဆေးမသောက်ဘဲ ဖြတ်လိုက်ပါတယ်။ အမျိုးသားကလည်း နိုင်ငံခြားထွက်သွားလို့ပါ။ အခု ၉ ရက်နေ့ စက်တင်ဘာလအထိ ရာသီမလာလို့ပါဆရာ။ တားဆေးတွေသောက်ပြီး ဖြတ်လိုက်ရင် မလာဘဲဖြစ်တတ်ပါသလား။ ဘာဆေးသောက်ရပါမလဲဆရာ။ မလာတာက ဘယ်နှစ်လလောက် မလာဘဲ နေပါသလဲဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံ အတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက် နေကြရက် အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တ ပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်း တခုခုသုံး ပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက် သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ် ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနား ပိုးဝင်။

WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေ မှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လ အတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင် သလဲ။
• ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲပါ စားဆေး သုံးစွဲထားတဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပြီးနောက် ကလေးရနိုင်ခြေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အများကြီးလုပ်ထားတယ်။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက် လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူ ထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေ အုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်ေ နသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင် တယ်။

ဒေါက်တာတင့်ဆွေ

3 comments:

ဆရာရှင့် သမီးကျန်းမာရေးနှင့်ပတ်သက်ပြီးမသိတာလေးမေးချင်လို့  ဖြေပေးနိုင်မယ်လို့ မျော်လင့်ပါတယ်

ဆရာရှင့် သမီးက အသက်၂၀ မှာအိမ်ထောင်ကျပါတယ်။ ဒါနဲ့  ကလေးမယူချင်သေးလို့  ဆေးခန်းသွားပြီး တားဆေး(၃) စာထိုးခဲ့ပါတယ်။ ထိုးပြီး(၁၀)ရက်အကြာမှာ ရာသီလာပါတယ်။ နေ့ တိုင်း(၁)လ လုံးလာပါတယ်။ ဆရာရှင့် အဲ့ဒါ ထိုးဆေးနဲ့ မတဲ့လို့ လားဆရာ ။ နောက်ပြီး သမီးဆက်ပြီးမထိုးတော့ပါဘူး။ နောက်ပိုင်းကြာလာတော့ ရာသီလာတဲ့ပုံစံမျိုး အဖြူဆင်းပါတယ်။ အဖြူဆင်းတာ(၁)လ (၂)လ ကြာလာပါတယ်။ နောက်ပြီး အဖြူကနေအပြီလိုလို အ၀ါနုဖြစ်လာပါတယ်။ နောက်တော့အနံ့ ရှိလာတယ်။အဲ့ဒါနဲ့ သမီးဆေးခန်းသွားပြပါတယ်။OG ဆရာမနဲ့ သွားပြတာပါ။ဆရာမက ဖင်ရယ် လက်ရယ်ကို(၃)ရက် ဆေးထိုးပေးတယ်။ သောက်ဆေးလဲ တစ်ပတ်စာပေးတယ် ၊ တစ်ပတ်ပြီးရင် လာပြန်ပြခိုင်းတယ်၊ဆေးထိုးလိုက်တော့အဖြူမလာတော့ဘူးဆရာ ဆေးထိုးပြီး(၃) ရက်ကြာရင်ပြန်လာတယ်၊ နောက်တစ်ပတ်သွားပြန်ပြတယ်၊ မသက်သာတော့ဆေး(၃)ရက်ပြန်ထိုးတယ်၊ ဆေးစားတယ် နောက်ကြာလာလဲမပျောက်ဘူးဆရာ ၊ သမီးနေ့ တိုင်းကော်တိပ်အသေး ဘောင်းဘီမှာခံထားပါတယ်၊ သမီးအရမ်းသိချင်လို့ ဆရာ ကိုမေးတာရှက်လဲမရှက်တော့ဘူး။ အဲ့ဒါဘာရောဂါလဲဆရာ၊ ဆေးခန်းသွားတာဆရာမက မရှင်းပြလိုက်ဘူး။ အခုသမီးအိမ်ထောင်ကျတာ ၂ နှစ်ကျော်ပြီး ဆေးလဲမစားဘူး ဆေးလဲမထိုးတော့ဘူး ကလေးတော့မယူဘူးဆရာ ။ လူတစ်ယောက်က သမီးလိုမျိုးဖြစ်ပုံခြင်းတူတယ် သူလဲသားအိမ်ကင်ဆာနဲ့ သေသွားတယ် ။ အခုလက်ရှိအချိန် သမီးဖြစ်တာ(၂)နှစ်ရှိပြီး ၊လူလဲအရင်ကထက်ပိန်သွားတယ် ပြန်မ၀လာတော့ဘူး အစားလဲပုံမှန်စားတယ်လုံးဝ ပြန်မ၀တော့ဘူး။ ပိန်တာကိုစိတ်မကောင်းဖြစ်တယ်ဆရာ၊ သမီးပုံကရောဂါသယ်နဲ့ တူနေတယ်၊နောက်ဆက်တွဲဘာဖြစ်မလဲမသိဘူး ကြောက်နေတယ်။ ဆရာ အဲ့ဒီရောဂါနဲ့ ပတ်သက်ပြီး အကုန်အဆုံပြောပြပါလားဆရာ၊ နောက်ပြီး သမီးဘာတားဆေး သောက်သင့်လဲ ဆရာ အကြံပေးပါ။ အထူးကျေးဇူးတင်ပါတယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်