Monday, September 09, 2013

လျှပ်စစ်ပစ္စည်း အရောင်း Center တစ်ခုတွင် အလုပ် လာလျှောက်သူအား ကပြခိုင်းခဲ့

Posted by drmyochit Monday, September 09, 2013, under | No comments


England နိုင်ငံCardiff မြို့မှာရှိတဲ့ Currys Megastore အမည်ရှိ လျှပ်စစ် ပစ္စည်းအရောင်း Center မှာ အလုပ်interview ဖြေဖို့ လာလျှောက်တဲ့ လူကို ကပြခိုင်းခဲ့တယ်လို့ သိရပါတယ်။ ကပြခဲ့ရတဲ့ သူကတော့ မှတ်တမ်းရုပ်ရှင်နဲ့ ရုပ်ရှင် အစီအစဉ်ရိုက်ကူရေး ဘွဲ့ရရှိထားတဲ့ အသက်နှစ် ဆယ်အရွယ် Alan Bacon ဖြစ်ပါတယ်။

Alan Bacon ဟာ ကျောင်းပြီးတဲ့အချိန်ကတည်း က Camera တွေကိုတပ် ဆင်လုပ်ကိုင်ရတဲ့အလုပ်တွေကို ၀ါသနာထုံခဲ့သူတစ်ယောက်လည်းဖြစ်ပါ တယ်။ ဒါ့ကြောင့် Currys Megastore မှာအလုပ်ဝင်လျှောက်ခဲ့ တာဖြစ်တယ် လို့ Alan Bacon ကဆိုပါတယ်။ အလုပ်Interview မရောက်ခင် တစ်ပတ် အလိုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ခဲ့ပေမယ့် တကယ် Interview နေ့မှာတော့ ဘာအစွမ်းအစကိုမှပြသ ခွင့်မရပဲ ကပြ ရုံသက် သက်နဲ့သာပြန်လာရတဲ့အတွက် အရမ်းရှက်မိ ပါတယ်လို့ Bacon က BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကပြခိုင်းတဲ့အပြုအမှုကိုလုပ်မိခဲ့တဲ့ Currys Megastore ကတာဝန်ရှိ သူတွေကလည်း Bacon ကို ပြုလုပ်ခိုင်း ခဲ့တဲ့လုပ်ရပ် ဟာလုပ်ငန်းနဲ့လုံး ၀မသက်ဆိုင်ကြောင်းပြောင်းဆိုပြီး Bacon ကို အတိအလင်းလူ သိရှင် ကြားတောင်းပန်ခဲ့တယ်လို့လည်း BBC သတင်းထဲမှာဖော်ပြထားပါတယ်။ Bacon ဟာအလုပ်ရရှိဖို့ အရမ်းကိုလိုအပ်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး အလုပ်ရှာရခက်ကြောင်းကိုလည်း BBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကပြခဲ့တဲ့ Bacon ရဲ့ Video အစအဆုံးကိုကြည့်ချင်ရင်တော့ အောက် က Link ကိုနှိပ်ပြီး Youtube ကတဆင့်ကြည့်နိုင်ပါတယ်။

Youtube တွင် ကြည့်ရန်

Ref: BBC World News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်