ဆီးရီးယား နိုင်ငံ အစိုးရက ဓါတုလက်နက် သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရဖို့အတွက် အမေရိကန်က နောက်ထပ် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
အာရပ် နိုင်ငံများက နိုင်ငံခြားရေး ဝန်ကြီးများနဲ့ တွေ့ ဆုံ အပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆီးရီးယား နိုင်ငံအုပ်ချုပ်မှု ခေါင်းဆောင်တွေ အပေါ် အရေးယူ တိုက်ခိုက်ဖို့ ထောက်ခံမှုတွေ ပိုပြီး များလာနေပြီလို့ ဆိုပါတယ်။
John Kerry က ဓါတုလက်နက် အသုံးပြု ခြင်းနဲ့ ပတ်သက်တဲ့ စံထားမှု ပေါ် ထိန်းသိမ်းရေးအတွက် အရေးယူလိုတာဖြစ်ပြီး ဆီးရီးယား နိုင်ငံတွင်းက ပြည်တွင်းစစ်မှာ ဝင်ရောက်ပါဝင် သိမ်းပိုက်မှုကို ရယူဖို့ အတွက် မဟုတ်ဘူးလို့ ဆိုပါတယ်။
ဆီးကီးယား သမ္မတ Bashar al-Assad ကတော့ ဓါတုလက်နက်သုံးစွဲမှုမှာ သူ့ အနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အမေရိကန် သတင်းမီဒီယာတွေကို ပြောပြခဲ့ပါတယ်။
အဲ့ဒါ့အပြင် ဓါတုစစ်လက်နက်အသုံးချရာမှာ သူ့ အနေနဲ့ ပါဝင်ပါတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကို ထုတ်ဖေါ်ပြဖို့ စိန်ခေါ်ခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့ အမေရိကန် သမ္မတ Barack Obama ကလဲ အမေရိကန်ပြည်သူတွေရဲ့ထောက်ခံချက် ရရှိဖို့ သတင်းမီဒီယာ တွေမှာ တွေ့ဆုံဆွေးနွှေး ပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ABC Radio Australia
Time in Rangoon


0 comments:
Post a Comment