တရား ဥပေဒ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ဟာ မြန်မာ နိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး အဖွဲ့ အစည်း ၄ ခုက တာဝန် ရှိသူတွေကို မနေ့တုန်းက ဖိတ်ကြားပြီး လတ်တလော အဖြစ် အပျက်တွေအပေါ် မေးမြန်းခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက “လတ်တလောဖြစ်ပေါ်နေ တဲ့ ကိစ္စရပ်တွေ အမြန်ဆုံးချုပ်ငြိမ်းဖို့ အဓိကပါပဲ။ ရေရှည်မှာ ဒါမျိုး တွေ မဖြစ်ပေါ်ဖို့ အတွက်ကို ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ အမြင်ရှုထောင့်တွေကို သူသိ လိုတဲ့ အတွက် မေးမြန်း ပါတယ်။...