Tuesday, April 09, 2013

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံး ရှိနိုင်

Posted by drmyochit Tuesday, April 09, 2013, under | No comments

တရားဝင် ကိုယ်ဝန် ဖျက်ချခွင့် အပေါ်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုး စလုံး ရှိနိုင် သဖြင့် ဥပဒေကို ပြဋ္ဌာန်း ရာတွင် စနစ်တကျ ရှိရန် လိုကြောင်း အမျိုး သမီးဖွံ့ ဖြိုးတိုး တက်ရေး အတွက်ဆောင် ရွက် လျှက် ရှိသည့် ဖန်တီးအိမ်မှ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

၎င်းက “ဒါတွေကို စနစ်တကျနဲ့  ဥပဒေ ပြဋ္ဌာန်းသင့်တာပေါ့။ ဥပဒေ ပြဋ္ဌာန်း ပြီးသွားရင်လည်း ဒီလိုကိစ္စတွေ အရမ်းများ လာမှာစိုးတယ်” ဟု ပြောသည်။

အဆိုပါ ဥပဒေ အား လွှတ်တော်မှ အတည်ပြု၍ ပြဋ္ဌာန်းပြီးပါက ယခု တရားမ၀င်သည့် အခြေအနေ ထက် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အသက် အန္တရာယ် လျော့နည်းသွားနိုင်သော်လည်း  အခြား တဖက်တွင် ကိုယ်ဝန်ဖျက်ချမှု အရေအတွက်မှာ ယခုထက်ပိုများလာနိုင်ကြောင်း ဒေါ်ရွှေရွှေစိန်လတ် က ပြောသည်။

တရားဝင် ကိုယ်ဝန်ဖျက်ခွင့် မရှိသည့်အတွက် အမျိုးသမီးများ အသက်ဆုံးရှုံးမှုများ ရှိသဖြင့် အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရရှိရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သို့ တင်ပြခဲ့ သည်ဟု ဗဟန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၏ ပြောဆိုချက်အပေါ် အမည် မဖော်လို သူ အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ငြင်းခုန်မှုများ ထွက်ပေါ်လာနိုင်ကြောင်း သုံးသပ် သည်။

အဆိုပါ ဆရာဝန်က “အခု ဥပဒေက လုံးဝ ပိတ်ထားတာ။ အမျိုးသမီး အသက်ကယ်ဖို့  မှအပ ဘာမှ ဥပဒေမှာ ဘာမှ ထည့် မထားဘူး၊ တဖက်က ကြည့် ရင် လုပ်သင့်တဲ့ အရာပါ” ပာု မဇ္ဈိမကို ဖြေကြားသည်။

ဥပဒေ တင်ပြသင့် မသင့်ကို သုံးသပ်ရခြင်းသည် အလွန်ခက်ခဲမည်ဖြစ်ပြီး အမျိုးသမီးများ အတွက် ကာကွယ်နိုင်သော်လည်း ငြင်းခုန်မှုများ ထွက်ဖော်လာနိုင်ကြောင်း ထို ဆရာဝန်မှ သုံးသပ်သည်။

ထိုကြောင့်  လူထု ဆွေးနွေးပွဲများ ပြုလုပ်၍ အချက်အလက်များကို ရှာဖွေကာ ဆုံးဖြတ်သင့် ကြောင်း  အထက် ပါ ပုဂ္ဂိုလ် ကပြောသည်။

အစိုးရ အနေဖြင့် တရားဝင် ကိုယ်ဝန် ဖျက်ချမှုများကို ဥပဒေပြဌာန်း၍ ဆေးရုံများမှ လုပ်ဆောင်
ပေးသင့်ကြောင်း  ထိုမှသာ ဆေးဝါး စုံလင်မှု ရှိသည့်  အတွက်  အသက်ဆုံးရှုံးသူများ နည်းပါးလာနိုင်ကြောင်း အား မြန်မာပြည်ရှိ  Sex Workers Group မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“အမှန်တော့ အစိုးရ က လုပ်သင့်တာတွေပါ။ဒီကိစ္စက အစ်မ တို့  Sex Worker (လိင်လုပ်သား) အတွက်ဘဲ မပာုတ် ဘဲနဲ့  အခြားမိန်းမတွေအတွက် လဲအကျုံးဝင်မှာပါ။အခုလို တရားမဝင်တဲ့အတွက် အသက်ဆုံးရှုံး ရ တယ်။ ဆေးဝါးမစုံဘဲ ခိုးလုပ်ရတဲ့  အတွက် မှုးလဲ သွားတာတွေရှိတယ်”ပာု ထို အမျိုးသမီးက ဆိုသည်။

ထိုသို့  တရားမဝင် ကလေးဖျက်ချမှုများကြောင့် ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများသည် ဖျက်ချသည့်
နေရာ မှ မသန့်ရှင်းမှုများကြောင့် ပိုးဝင်ကာ သေဆုံးလျှက်ရှိကြောင်း ဆေးပညာရှင်များကလည်း
ထောက်ပြ သည်။

အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ  ဒေါ်ဝါ၀ါထွန်းကမူ  ဥပဒေ  ထုတ်ပြန်လိုက်ပါက မြန်မာနိုင်ငံ၏ ဓလေ့စရိုက်တစ်ခုဖြစ်သော အပျိုစင် ဘ၀ ထိန်းသိမ်းခြင်းကို  ထိခိုက်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “ဒီဥပဒေ ခွင့်ပြုလိုက်တယ်ဆိုရင် အရင်ကတည်းက စည်းလွတ်ဘောင်လွတ် ဖြစ်နေတဲ့ သူတွေ ပိုဆိုး သွားနိုင် ပါတယ်။ နောက်တစ်ခုက ဘာသာရေး စည်းကမ်းနဲ့ လည်း ကိုက်ညီမှု မရှိပါဘူး” ပာု ပြော သည်။

အဆိုပါ ကလေးဖျက်ချခွင့်ကို  ဥရောပနိုင်ငံ အများအပြားတွင် တရားဝင် ခွင်ပြုထားသော်လည်း ကက်သ လစ် ဘာသာဝင်များ အများဆုံးနေထိုင်သည် နိုင်ငံများတွင် တင်းကျပ်စွာ တားမြစ်ထားသည်။

မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်