Tuesday, April 09, 2013

မြောက်ကိုရီးယား နိုင်ငံ၏ ကျူးကျော် တိုက်ခိုက်မှု၊ ကိုရီးယား ကျွန်းဆွယ်၌ ဖြစ်နိုင်ချေ ရှိ

Posted by drmyochit Tuesday, April 09, 2013, under | No comments

 
မြောက်ကိုရီးယား နိုင်ငံ၏ ဖြစ်နိုင်ချေရှိသော ကျူးကျော် တိုက်ခိုက်မှု၊ သို့မဟုတ် ကိုရီးယား ကျွန်းဆွယ် ၌ ဖြစ်နိုင်ချေ ရှိသော ဒေသ စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့ သည် တောင် ကိုရီးယား နိုင်ငံ တစ်ဝန်းရှိ နိုင်ငံပိုင် စက်ရုံများအား ပြီးပြည့်စုံသော လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှု များအား ပြုလုပ်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိများမှ ဧပြီလ ၈ ရက်နေ့ တွင် ထုတ်ပြန် ပြောကြားခဲ့ပါ သည်။
 
 မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးပျံ ပစ်လွှတ်မှု များကြောင့် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာသဖြင့် လုံခြုံရေး ဆိုင်ရာ စစ်ဆေး မှုများ ပြုလုပ်ရန် အမျိုးသား ရဲတပ်ဖွဲ့အေဂျင်စီ (National Police Agency-NPA)အကြီးအကဲ ရဲမင်းကြီး Lee Sung-han မှ အမိန့် ထုတ်ပြန် ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံအနေဖြင့် အရှေ့ဘက် ကမ်းရိုး တန်းမှ တာလတ်ပစ် ဒုံးပျံတစ်စင်း စမ်းသပ် ပစ်လွှတ်ရန် ပြင်ဆင်လျက် ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် အထက်ပါ အတိုင်း အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။“


မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်