Tuesday, April 09, 2013

ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်

Posted by drmyochit Tuesday, April 09, 2013, under | No comments

ဒေါ်အောင်ဆန်း စုကြည်က လာမည့် စနေနေ့မှာ ဂျပန်နိုင်ငံကို သွားရောက် ဖို့ ရှိ ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိ တဲ့ Ryukoku တက္က သိုလ် က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ နိုင်ငံရဲ့ ဒီမိုကရေ စီ အပြောင်း အလဲတွေ လုပ်ဆောင်တာကို ဂုဏ်ပြု တဲ့ အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အပ်နှင်း မှာ ဖြစ်တယ်လို့ သိရပါတယ်။

၁၉၈၅ ခုကနေ ၁၉၈၆ခုနှစ်တွေ အတွင်း ဒေါ်အောင် ဆန်း စုကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသ န ပြုလုပ် ခဲ့တဲ့ အတွက် ကျိုတို တက္ကသိုလ်ကလဲ သူ့ကို တက္ကသိုလ် ရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ် ဂုဏ်ပြုဖို့ စီစဉ်နေ တယ်လို့လဲ သိရပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ်နေစဉ်အတွင်း Ryukoku တက္ကသိုလ်ကို လဲ မကြာခဏသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Ryukoku တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို အပ်နှင်းဖို့ ဆုံးဖြတ် ချက် ချခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ နိုင်ငံအဖို့ ဒီမိုကရေစီ ရ ရှိရေး အ တွက် နှစ်ရှည်လများ ကြိုးပမ်းခဲ့ တာတွေ ကြောင့် ဖြစ်ပြီး တက္ကသိုလ်အနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ရ ရှိ ဖို့ဆောင် ရွက်သူ တွေကို အားပေး ဂုဏ်ပြုလေ့ ရှိ တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၁၅ ရက်နေ့မှာ Ryukoku တက္ကသိုလ် ကို သွားရောက် ဂုဏ်ထူးဆောင် ဘွဲ့ ကို လက် ခံ ပြီး မိန့်ခွန်း ပြောကြားမှာဖြစ် တဲ့အပြင် ကျောင်းသူကျောင်းသားတွေ နဲ့လဲ တွေ့ ဆုံ မှာဖြစ်ပါတယ်။

NEWS COLLECTION

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်