Tuesday, April 09, 2013

ဟန်ဆက်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် အခွန်လျှော့ချပေးမည်ဟု သမ္မတကြီးပြောကြား

Posted by drmyochit Tuesday, April 09, 2013, under | No comments

 
မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော နည်းပညာပစ္စည်းများ အပါအဝင် မိုဘိုင်းဟန်းဆက် ပစ္စည်း များကို ဈေးနှုန်းမြင့်တက်မှု မရှိစေရန်အတွက် အခွန်လျှော့ ချပေးမှု များ ပြုလုပ်ဆောင် ရွက်ပေး သွား မည် ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ်များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်း အဝေး တွင် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။ “ဆင်းကတ်တွေ ကို ပြင်ပဈေး ကွက် မှာ ဈေးမ ကစားနိုင်ဖို့ အတွက် တူညီတဲ့ ဈေးနှုန်းနဲ့ လစဉ်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။ ဆင်းကတ် များ ရောင်းချပေးတဲ့နည်းတူ ဟန်းဆက်များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျှော့ ချပေး တဲ့နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေတဲ့ နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာ ဌာန များဖြင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးသွားမှာပါ” ဟု သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
 
ထိုသို့ ပြည်ပမှ တင်သွင်းလာသော နည်းပညာပစ္စည်းများ အခွန်လျှော့ချနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ ကွန်ပျူ တာ အသင်းချုပ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင် ရွက်ခြင်း မှာ လည်း ပြည်တွင်း အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပစ္စည်း များ ကို ဈေးပေါပေါဖြင့် လူ အများစု အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတော် ကနေ အခွန်လျှော့ပေး ရင်တော့ နည်းပညာပစ္စည်းတွေ ဈေးကျသွားမှာတော့ အမှန်ပါပဲ။ လက်ရှိက အိုင်တီ ပစ္စည်း တိုင်းကို ငါးရာခိုင်နှုန်း အခွန်ပေးရတာကြောင့် နောက်ပိုင်း သုညထိ လျှော့ချပေးနိုင်ရင် ဈေးသက်သာမှု ရှိလာ မှာပါ။ ပြည်တွင်း နည်းပညာ တိုးတက်ဖို့အတွက် နည်းပညာ ပစ္စည်းတွေကို ဈေးနည်းနည်းနဲ့ များများ အသုံးပြုနိုင် ရမှာပါ။ ဒီအတွက် အခွန်လျှော့ပေးဖို့ကို နိုင်ငံတော် အကြီး အကဲနဲ့ တွေ့ တိုင်းလည်း ပြောနေ ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦး က ပြောကြား ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။


From: ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်