Tuesday, April 09, 2013

အကြမ်းဖက်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံသို့ အလည်ရောက်ခဲ့သည့် ကန်သမ္မတဟောင်း ဂျင်မီကာတာပြောကြား

Posted by drmyochit Tuesday, April 09, 2013, under | No comments

ရန်ကုန်၊ဧပြီ-၉

မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများသည် နိုင်ငံကို အသစ် တစ်ဖန် ပြန်လည် တည်ဆောက်နေ စဉ်အ ချိန်အ တွင်းနိုင်ငံ၏ ဂုဏ် သိက္ခာကို ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံသို့ အလည် အပတ်ရောက် ရှိခဲ့သည့် ကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားသည်။

ဂျင်မီကာတာ၏ ကာတာစင်တာမှ ထုတ်ပြန်ခဲ့သော "ရန်ကုန်တွင် ပြောကြားခဲ့သည့် ဂျင်မီကာတာ၏ မှတ်ချက် များ"ဟူ၍ ခေါင်းစဉ်တပ် သတင်းထုတ်ပြန်ချက်တွင် သမ္မတဟောင်း ကာတာ က မြန်မာနိုင်ငံနှင့် ပတ်သက် ၍ ၎င်း၏အမြင်များကို ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတ ကာတာက မြန်မာ့ အပြောင်း အလဲ များတွင် ထူးခြားစွာ တိုးတက်မှုများ ရှိခဲ့ကြောင်း၊ သို့သော် ဆက်လက်လုပ်ဆောင်စရာ အများအပြား ကျန်ရှိနေသေးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းက နိုင်ငံ၏ အခြားနေရာများနှင့် မိတ္ထီလာမြို့တွင် မကြာသေး မီက ဖြစ်ပေါ်ခဲ့သော ဘာသာရေးတင်းမာမှုများနှင့် အကြမ်းဖက်မှုများကို အထူးပင် စိုးရိမ် ပူပန် မိကြောင်း ပြောသည်။

သမ္မတကာတာက မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ပတ်သက်၍ "လူ့ အခွင့် အရေး များကို လေးစား လိုက်နာခြင်း ဟာ မြန်မာ့နိုင်ငံရေး အသွင် ကူးပြောင်းမှု ဖြစ်စဉ် မှာ မှတ်တိုင် တစ်ရပ်ဖြစ် ရပါ မယ်"ဟု ပြောကြား သည်။ ၎င်းက နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ယခုအခါ မြန်မာနိုင်ငံကို ထောက်ခံ အားပေးနေကြောင်း လည်း ဆိုသည်။

"နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ ယခုဆိုရင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ကွဲပြားခြားနားပြီး သည်းခံမှု ရှိတဲ့ မြန်မာနိုင်ငံ ကို ထောက်ခံအားပေးတဲ့အနေနဲ့ အတူတကွ ရပ်တည်နေပါတယ်။ မကြာခင် က  ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှုအန္တရာယ်ဟာ နိုင်ငံကို အသစ်ပြန်လည် တည်ဆောက်နေချိန်မှာ တိုင်းပြည်ရဲ့ ဂုဏ်သိ က္ခာကို ထိခိုက်ပျက်စီးစေမယ့် အန္တရာယ်ရှိနေပါတယ်"ဟု ပြောကြားသည်။

သတင်းထုတ်ပြန်ချက်တွင် မစ္စတာကာတာက ခက်ခဲသည့် အပြောင်းအလဲလမ်းကြောင်းကို ခိုင်မာစွာ ချီ တက်နေသော မြန်မာပြည်သူများနှင့် ခေါင်းဆောင်များကို လေးစားအားကျမိကြောင်း ထပ်လောင်းဖော်ပြ ခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို ပဋိပက္ခဖြေရှင်းရေးအတွက် ငြိမ်းချမ်းသော နိုင် ငံရေးဖြေရှင်း ချက် ရရှိရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

7Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်