Tuesday, April 09, 2013

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်ဆေးရုံသို့ရောက်ရှိ"

Posted by drmyochit Tuesday, April 09, 2013, under | No comments

 "ပြည်သူ့ လွှတ်တော်ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် UK မှ ကျန်းမာရေးဝန်ကြီးဟောင်း တို့ ရန်ကုန်ဆေး ရုံသို့ လာရောက်" ရန်ကုန် ၊ဧပြီ ၉ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ တို့အပါအ၀င် UK မှ ကျန်းမာ ရေးဝန်ကြီးဟောင်း တို့သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး ဆေးရုံကြီး အဆင့်မြင့်တင်ရေးလုပ်ငန်း စဉ်များနှင့် လိုအပ်ချက် များကို ဆွေးနွေးညှိနိုင်း မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ " UK က ကျန်းမာရေး ၀န်ကြီးဟောင်း က ပြော ပါတယ်၊ သူတို့လည်း ဆေးရုံကြီး အဆင့်မြင့် ဖို့ ကိစ္စအတွက် ကူညီပေးမယ်ပေါ့။ ပြည်သူ့ လွှတ်တော် ဥက္ကဌ က လည်း ဒီ အကြောင်းအရာထဲမှာ ပါဝင်ဆွေး နွေး ပါတယ်" ဟု ကျန်းမာရေး ၀န်ကြီးဟောင်း ဒေါက် တာ ကျော်မြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကပြော သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၄င်း အနေဖြင့် ဆေးရုံ ကြီး အဆင့် မြှင့် တင်ရန်အတွက် လိုအပ်နေသော ငွေကြေး ကိစ္စကို အဓိက ထား စဉ်းစား ဆွေးနွေးနေရကြောင်း ပေါ်ပြူလာနယူးစ်ဂျာနယ်သို့ ပြောကြားသည်။ ယင်းဆွေးနွေးပွဲကို ရန်ကုန်ဆေး ရုံ ကြီးအတွင်း ၁ နာရီကြာခန့် ပြုလုပ်ခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ် တွင် ဆေးရုံအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ သည်။

AH(NYK) ဓါတ်ပုံ။အောင်နိုင်စိုး(ကစ္ဆပ)

From: Popular Myanmar News Journal









0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်