Sunday, March 31, 2013

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို သိစေလိုသော ၂၀၁၃ ခုနှစ် ကျောင်းသားလေးရဲ့ ရင်တွင်းစကားများ

Posted by drmyochit Sunday, March 31, 2013, under | 3 comments


အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေ ပေါ်မှာ တွေ့လိုက် ရတဲ့ သတင်း တွေကို ဖတ်ပြီးတော့ တော်တော်ကို မချင့် မရဲ ဖြစ်မိပါတယ် အစ်ကို။ အစ်ကို့ရဲ့ ပြောဆိုမှု တွေဟာ တိုင်းပြည် ကောင်းစား ရေးကို ဟစ်ကြွေးပြီး တကယ်တမ်း ကျတော့ ကိုယ်ရေး ကိုယ်တာ မကျေနပ် ချက်တွေကို ဖွင့်ဟ နေတဲ့ မရေ မရာ စကား လုံးတွေကို ပြောနေ တယ်လို့ ထင်မိ ပါတယ်။

ကျွန်တော် တစ်ခု လောက်တော့ ပြောချင် ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာလုပ်ခဲ့ ဘူးလဲ။ ၈၈ အရေး အခင်း ဖြစ်ခဲ့အောင် ငါလည်း အုတ်တစ် ချပ် သဲတစ်ပွင့် အနေနဲ့ လုပ်ခဲ့ တာပဲလို့တော့ အစ်ကို မပြောလောက် ပါဘူးနော်။ အစ်ကိုက မြန်မာ နိုင်ငံမှာ မွေးတဲ့ မြန်မာ နိုင်ငံသား တစ်ယောက် ပါနော်။ မြန်မာ နိုင်ငံသား မဟုတ် ဘူးလို့လဲ အစ်ကို မပြောလောက် ဘူးလို့ ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုက ရေစီ ရတာမှ မကြာ သေးဘူး။ ပဋိ ပက္ခတွေ ဖြစ်နေတယ်။ ဖြစ်တဲ့ အကြောင်း အရင်းအရာရဲ့ နောက်ကွယ်က လုပ်ဆောင်တဲ့ သူတွေကို အစ်ကို အတိ အကျ သိရဲ့လား။ အစ်ကို ပြောနေတဲ့ ပုံစံက နောက်ကွယ်က လုပ်နေတဲ့သူ ရှိတယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာလည်း မခိုင်မာ မတိကျ။ ပြီးတော့ အစ်ကိုက ပြော သေးတယ်။ စနစ်တကျ လေကျင့် ထားတယ်။ ၀ီစီ မှုတ်ပြီးတော့ တပ်ဖြန့် တာတွေ၊ လူစု လူခွဲ တာတွေ ဆိုပြီး အစ်ကို ပြောတာ တွေက စစ်တပ်တို့ ရဲတို့ကို အပြစ် ပုံချ နေတဲ့ သဘောမျိုး သက်ရောက်နေတယ်။
အစ်ကို့ကို တစ်ခုလောက် ပြောချင်တယ်။ အခု ခေတ်က လူငယ် တွေနဲ့ ပြည်သူ တွေဟာ ကျောင်းသား ခေါင်းဆောင် လုပ်ခဲ့တဲ့ အစ်ကို့လို ခေါင်းဆောင် မဟုတ်ကြ ပေမယ့် ခပ်တုံးတုံး ဦးနှောက် တွေကို ပိုင်ဆိုင် ကြတဲ့သူတွေ မဟုတ်ဘူး ဆိုတာတော့ အစ်ကို့ကို သိစေချင် မိတယ်။ အားလုံးဟာ အသိဥာဏ် ရှိကြတဲ့ လူတွေ ကြီးပါပဲ။

အစ်ကိုရဲ့ အမြင် ကျဉ်းကျဉ်း လေးနဲ့ မကြည့် ပါနဲ့။ နိုင်ငံရေး သမား အယောင် ဆောင်ပြီး နိုင်ငံ တော်ရဲ့ ငြိမ်ဝပ် ပိပြား ရေးကို ပျက်ပြား စေအောင် အရေး အခင်း ပဋိ ပက္ခ ဆူပူ မှုတွေ ဖြစ်ပေါ်လာ အောင်လုပ်။ အခြေခံ လူတန်းစား တွေကို သွေးထိုး နေတဲ့ သူတွေ ကိုရော အစ်ကို မပြောတော့ ဘူးလား။ အဲဒီထဲမှာ ငါမ ပါဘူးလို့ အစ်ကို ပြောမှာပေါ့။ အစ်ကို မပါမှန်း ကျွန်တော် သိပါတယ်။

တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို တတ်စွမ်း သရွေ့လုပ် နေကြတဲ့ သူတွေကို အစ်ကို အပြစ်ပုံ မချပါနဲ့။ လူထု ခေါင်းဆောင် အမေစုတောင် တူတာတွေကို ညှိနှိုင်းပြီး နိုင်ငံအတွက် လုပ်ဆောင် နေတဲ့ အချိန်မှာ အစ်ကို ၈၈ ကျောင်းသား ခေါင်းဆောင်လည်း လုပ်သင့် ပြီလို့ ကျွန်တော် ၂၀၁၃ ကျောင်းသား ပေါက်စက အကြံ ပေးချင်တယ် အစ်ကိုရေ။

အစ်ကို တိုင်းပြည် အတွက် အသက် ပေးရဲလား။ အသက် ပေးပြီး နိုင်ငံ အတွက် အလုပ် လုပ်နေ ကြတဲ့ ကာကွယ် နေကြတဲ့ ရဲတွေ စစ်သား တွေကို မတိုက်ခိုက် အပုတ် မချမိ ပါစေနဲ့ အစ်ကိုရယ်။ အစ်ကိုက မပုတ်ချ ဘူးလို့ ပြော မှာကိုလည်း ကျွန်တော် ယုံပါတယ်။

အစ်ကိုရေ အပြောနဲ့ တိုင်းပြည် အတွက် အလုပ် လုပ် လာခဲ့တာ အစ်ကို လည်း အသက်တွေ ကြီးနေ ပါပြီ။ လက်တွေ့ လုပ်မယ့် အချိန်ကို ကျွန်တော် စောင့်ပါတယ်။ ကျွန်တော် သေဆုံး သွားတဲ့ အချိန်ထိ အစ်ကို တိုင်းပြည် အတွက် အလုပ်နဲ့ သက်သေ မပြနိုင် သေးဘူး ဆိုရင် ကျွန်တော်လည်း အသေ ဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆုံးဖြတ် ထားပါတယ်။ ဒီဘ၀ ဘယ်တော့မှ အသေ မဖြောင့် နိုင်ဘူး ဆိုတာ ကိုပေါ့။

အစ်ကိုရေ ပြည်သူတွေ အကုန် သိပါတယ်။ မိတ္ထီလာ ပဋိပက္ခကို သူတစ်ပါး ထောက်ပံ့မှုနဲ့ သွား။ ဟိုရောက်တော့ စစ်ဖိနပ်အောက် ရောက်အောင် လုပ်နေတာလား ဘာလား ညာလား ဆိုပြီး ပြောနေတာ ကြားလို့ မကောင်း ပါဘူး အစ်ကို။

စစ်ဖိနပ် အပေါ်ကို အစ်ကို့ကို ရောက်စေ ချင်တယ်။ အစ်ကိုသာ စစ်ဖိနပ် အပေါ်ကို ရောက်တဲ့ စစ်သား ဖြစ်ခဲ့ရင် အစ်ကို စစ်သား တွေရဲ့ အကြောင်းကို သိခဲ့မှာပါ။ စစ်သား တွေက ရိုးရိုး သာမာန် အရပ်သားထက် ငြိမ်းချမ်း ရေးကို ပိုလို လားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ကတည်းက Road Map (၇) ချက် အတိုင်း လုပ်ဆောင် ခဲ့လို့ အခုလို ဒီမိုကရေစီ အသွင် ကူးပြောင်း ခဲ့တာပါ။

အခု ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး ဒီမို ကရေစီ စည်းဝိုင်းထဲ ရောက်နေ ပါပြီ။ အခုလည်း ဒီမိုကရေစီ လမ်းဟောင်းကို ကျင့်သုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒီလို အချိန်မှာ ဒီစကားတွေ ပြောနေမယ့် အစား အစ်ကို တိုင်းပြည် အတွက် တစ်ခုလောက် လုပ်ပြ ပါလား အစ်ကိုရယ်။ ငါ ထောင် ကျဘူးတယ်တော့ လာမ ပြောနဲ့နော်။

အစိုးရနဲ့ တပ်မတော်က ဒီအခြေ အနေတွေမှာ အစိုး ရိမ်ဆုံး အဖွဲ့ အစည်းပါ။ ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်း အားလုံးကို ထိခိုက် စေရုံ သာမက နိုင်ငံတကာမှာ မြန်မာ နိုင်ငံရဲ့ ဗုဒ္ဓ ဘာသာရဲ့ ပုံရိပ် ကိုပါ ထိခိုက်စေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အစ်ကို တစ်ယောက်ပဲ ဟို အပုတ်ချ ဒီ အပုတ်ချ လုပ်နေတဲ့လို့ သူများတွေ ပြောနေ ကြတာကို ကျွန်တော် အသဲနာ မိတယ် အစ်ကို။

အစ်ကို ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက ဟိုပုံးမြို့ နောင်တောင်း ဘုန်းကြီးကျောင်းမှာ လာတုန်းက အစ်ကို ပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ခုထိ မှတ်မိနေသေးတယ် အစ်ကို။ တစ်နေ့နေ့ ကြုံကြိုက် ခဲ့ရင်တော့ လူထု ခေါင်းဆောင် အမေစုကို ကျွန်တော် မေးကြည့်ရ အုန်းမယ်။

အစ်ကို ပြောခဲ့တာက “မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်း မဟုတ်ဘူး၊ ကိုအောင်ဆန်း ဖြစ်တယ်။ သူဝတ်ထား တာက စစ်ဝတ်စုံ မဟုတ်ဘူး၊ ကျောင်းသား သမဂ္ဂ၀တ်စုံ။ မြန်မာ့ လွတ်လပ်ရေး ရရှိရေး အတွက် ကိုအောင်ဆန်းက ကျောင်းသား ၃၀ နဲ့ ဂျပန်နိုင်ငံ စစ်ပညာတွေ သင်ပြီး လုပ်ပေးခဲ့တာ စစ်တပ် မဟုတ်ဘူး။ ကျောင်းသားတွေ ဆိုပြီးတော့ အစ်ကို ပြောခဲ့ တာလေ။

အစ်ကို မပြောဖူး လို့တော့ မပြောနဲ့။ ကျွန်တော် အစ်ကို့ အသံကို လေးစားလို့ အသံဖမ်း ထားတာ။ အစ်ကိုရယ် ဒီ အကြောင်းကို ပြန်စဉ်း စားလိုက်ရင် ကျွန်တော်ကပဲ ဥာဏ်မမှီ တာလားတော့ မသိဘူး။ လူတိုင်းက ကျောင်းသား ဘ၀ကို ဖြတ်သန်း ပြီးမှ ရည်ရွယ်ချက် ရှိရာကို ရောက်သွား ကြတာပါ။ အစ်ကို အဲဒီလို ပြောကြေး ဆိုရင် စစ်ဘီလူးလို့ ခေါ်နေကြတဲ့ အာဏာရှင် ဟစ်တလာ ကရော ကျောင်းသားဟောင်း မဟုတ် ဘူးလား။ အစ်ကို ဖြေပေးပါ။ ကျွန်တော် မစဉ်းစား တတ်လို့ပါ အစ်ကို။

အစ်ကို စစ်တပ်ကို မုန်းတာ ကျွန်တော် သိပါတယ်။ အစ်ကိုရဲ့ ကိုယ်ရေး ခံစားချက်ကြောင့် မုန်းချင် မုန်းပါ။ စစ်တပ်ကို ချစ်နေတဲ့ ကျွန်တော်လို ၂၀၁၃ ကျောင်းသား တစ်ယောက် ကိုတော့ အတင်း မမုန်းခိုင်း ပါနဲ့ အစ်ကိုရေ။ အစ်ကို့ကို သီချင်းလေးတောင် ဆိုပြချင်တယ်။

"မုန်းခိုင်းတိုင်း မမုန်း နိုင်ဘူး၊ စစ်တပ်ကို ကျွန်တော်ချစ်တယ်"

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို

ရန်ကုန်၊ မတ် ၃၁။
အလုပ် အကိုင် ရှားပါး မှုကြောင့် ပြည်ပ နိုင်ငံ များသို့ သွားရောက် အလုပ် လုပ်ကိုင် ကြသူ များနှင့် ပြည်တွင်း လုပ်ကိုင် သူများအား အလုပ် သမား ရေးရာ ဝန်ကြီး ဌာန အပါအဝင် သက်ဆိုင် ရာ ဌာန များမှ ထိရောက်သည့် အကာ အကွယ် ပေးရန် လိုအပ်ပြီး ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များ၏ ဖြစ်ရပ်မှ အဓိက သာဓက တစ်ခု ဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်း သားများ အဖွဲ့မှ မသက် သက်အောင်က ပြောကြားသည်။

ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များမှ လုပ်ခ လစာ နည်းပါးခြင်း၊ လူမျိုး အဆင့် အတန်း ခွဲခြား ဆက်ဆံခြင်း၊ အစာ အဟာရ နည်းပါးခြင်း စသည် တို့ကြောင့် တစ်လခွဲ ကျော်ကြာ ဆန္ဒပြ တောင်းဆို ခဲ့ကြသော်လည်း တစုံ တရာ တုံ့ပြန်မှု မရှိသည့် အပြင် အမျိုး သမီး အဆောင်များ ပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက် ရိုက်နှက်မှု များထိ ပြုလုပ်ခဲ့ မှုများကြောင့် ဆက်လက် အလုပ်လုပ် ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော အလုပ် သမား များ၏ ၎င်းတို့ ကြုံတွေ့ ခဲ့ရသည့် အခက် အခဲ များအား ရှင်းလင်းမှု ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အရင်ဆုံး ကာကွယ် ရမယ်၊ ပညာ ပေးရမယ်၊ သွားတဲ့ သူတွေ ကတော့ အေဂျင်စီတွေ တရား ဝင်လာ မဝင်လား ဘယ်သိ နိုင်မလဲ၊ဟု ဂျော်ဒန်သို့ သွားရောက် ခဲ့မှုတွင် တရားမဝင် အေဂျင်စီမှန်း မသိ ခဲ့သည့် အတွက် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရားဝင် အေဂျင်စီ များကို အများ သိစေရန် ကြေငြာ သင့်ကြောင်း မသက်သက်အောင်က ပြောကြား သည်။

သံရုံး မရှိသည့် နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် မှုကို ဆင်ခြင် သင့်ပြီး၊ အခက် အခဲ ဖြစ်ပါ ကလည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက် သည့် အကာ အကွယ် ပေး သင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက် အလုပ် လုပ်ကိုင် ရခြင်းမှာ ပြည်တွင်း အလုပ် အကိုင် ရှားပါး မှုကြောင့် ဖြစ်ပြီး မြန်မာ နိုင်ငံ၏ လက်ရှိ အချိန်တွင် အလုပ် အကိုင် ရှားပါး ရခြင်းမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိ ခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ် နေသော်လည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိ သောကြောင့် ယခု ချိန်ထိ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက် ပြောကြားသည်။

မြန်မာ နိုင်ငံ၏ ပြည်တွင်း ငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိ ပက္ခများ၊ ပြဿနာ အရှုပ် အထွေး များကို ပြေလည်အောင် ဖြေရှင်း ပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ် သမား အရေးနှင့် ပတ်သက်၍ ပြည်ပတွင် သာမက ပြည်တွင်းရှိ အလုပ် သမား များမှာလည်း အခွင့် အရေး အပြည့် အဝ မရရှိသည့် အပြင် ပြည်ပ နိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်း များတွင်ပင် မြန်မာ လုပ်သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများ ရှိကြောင်းကို ဥပမာ များဖြင့် ဖြည့်စွက် ပြောကြားသည်။

အိမ်က မိဘတွေ ကလည်း စိတ်ပူ ကြတယ် ပေါ့နော်၊ အဲချိန် မှာသာ လူကြီးတွေ ရောက်လာ ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အတွက် အား အရမ်း ရှိသွားပါပြီ၊ အခုကျန် ခဲ့တဲ့ လူဦးရေ ကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစု အခက် အခဲတွေ ရှိပါတယ်၊ လူကြီးတွေ ရောက်လာ မှာကို တလလောက် စောင့်ခဲ့ ပါတယ်၊ မိသားစု အခက် အခဲ တွေနဲ့ အလွှဲ သာလို့ အလုပ် ပြန်ဆင်း ကြတာပါ။ဟု ဂျော်ဒန် နိုင်ငံတွင် ကျန်ရှိသော အလုပ် သမား များ အလုပ် ပြန်လည် ဆင်းကြ ရခြင်းနှင့် ပတ်သက်၍ ပြန်လည် ရောက်ရှိ လာသူ တစ်ဦး ဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။

မြန်မာ နိုင်ငံမှ တာဝန် ရှိသူများ လာရောက် ဖြေရှင်းမည့် အချိန်ကို တလ ကျော်ကြာ စောင့်ဆိုင်း ခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေရှင်းခြင်း မရှိ ခဲ့သောကြောင့် မိသားစု အခြေ အနေနှင့် လက်ရှိ နေထိုင် ရသော အခက် အခဲ များကြောင့် အလုပ် ပြန်ဆင်း ခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိ သူများ ဖြစ်ကြောင်း၊ အလုပ် ပြန်ဆင်း သူများ အနေဖြင့်လည်း ယခင်က ကဲ့သို့ပင် အခွင့် အရေးများ မရရှိ ကြကြောင်း၊ တာဝန် ရှိသူများ အနေဖြင့် ကျန်ရှိ မြန်မာ နိုင်ငံသား အလုပ် သမား များအား အခွင့် အရေးများ ရရှိ စေရန် ဆောင်ရွက် ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ပ နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် သူများ အနေဖြင့် မိမိ သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက် ပေးသည့် အေဂျင်စီ တို့ကို စိစစ်သင့်ပြီး အထူး သဖြင့် မိန်ကလေးများ အနေဖြင့် နိုင်ငံခြား တိုင်းပြည် များသို့ သွားရောက် ရာတွင် ဆင်ခြင် သင့်ကြောင်း၊ တတ်နိုင် သမျှ သွားရောက်ခြင်း မပြု သင့်ကြောင်း အပြင် ပြည်ပ နိုင်ငံများတွင် အလုပ် လုပ်ကိုင် နေသူ များကို လည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက်သည့် အကာ အကွယ် ပေးမှုများ ပြုလုပ် ပေး သင့်ကြောင်း၊ လက်ရှိ အချိန်ထိ အကာ အကွယ် ပေးမှု အလွန် အားနည်း နေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်လက် ပြောကြားသည်။

လုပ်ခ လစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာ လူမျိုး များနှင့် ကိုက်ညီသည့် အစား အသောက်များ ကျွေးမွေး ပေးရန်နှင့် စက်ရုံ အုပ်ချုပ်သူ များ၏ လူမျိုးရေး ခွဲခြား ဆက်ဆံ မှုများ အဆုံး သတ်ပေးရန် ဆန္ဒပြ တောင်းဆို မှုများ ဖြစ်ပွား ခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ ကတည်းက ဖြစ်ပြီး ယခု အချိန်တွင် အလုပ် သမား အများစုမှာ မြန်မာ နိုင်ငံသို့ ပြည်လည် ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရ သည်။

ယခုအခါ ဂျော်ဒန် နိုင်ငံတွင် အခြေ အနေ အရ ဆက်လက် အလုပ် လုပ်ကိုင် နေရသော အလုပ် သမား များမှာ ၉၀၀ ခန့် ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား များမှာလည်း ယခင် ကကဲ့သို့ အခက် အခဲများ ရှိနေ သေးကြောင်းနှင့် မြန်မာ အစိုးရ တာဝန် ရှိသူများ ဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ် ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိ လာသူများ ထံမှ သိရသည်။
ဝေယံ
မြန်မာ့ခေတ်


အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး စစ်တပ်တစ်ခုသာ စောင့်ရှောက်နေရ

Posted by drmyochit Sunday, March 31, 2013, under | No comments



မိတ္ထီလာမြို့၏ လက်ရှိ အခြေ အနေမှာ တည်ငြိမ်လျက် ရှိသော်လည်း ကျန်းမာရေး ချို့ယွင်း မှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။

မဖြူက “နေရာ တိုင်းမှာ လူတွေက ညှပ်နေ လို့ ကူး စက် မှုတွေ ပိုများလာတယ်။ လူ အချင်းချင်း ထိပြီး အိပ်ရတာ တော်တော် ဆိုးတယ် ဟု ဆိုသည်။

ဒုက္ခသည် များထံ လှူဒါန်း မှုများကို ဆက်သွယ်ရေး စခန်းမှ တဆင့်လှူ စေခြင်းကို အချို့ လှူဒါန်း သူများက မနှစ်သက် ကြကြောင်း လှူဒါန်းသူ တဦးက ပြောသည်။

ဒေသခံ တဦး ဖြစ်သူ မသီရိ ကလည်း စိတ်ထဲတွင် ကြောက်ရွံ့ မှုများ မရှိတော့ သော်လည်း ကျန်းမာ ရေးကို စိတ်ပူ နေရ သဖြင့် အိမ်များ အမြန် ပြန်ဆောက် ပေးရေး ကိုသာ လိုလား နေကြောင်း ဆိုသည်။

၎င်းက “ကျွန်မတို့ အိမ်မြန်မြန် မရရင် ရောဂါ ကူးမယ်။ အိမ်ပြန် မဆောက် ပေးရင် ကိုယ့်မြေမှာ ကိုယ်တဲ ပဲထိုးနေ ရနေရ ကျေနပ်တယ် ဟု ပြောပြသည်။

မိတ္ထီလာ ဒေသခံ များ၏ ကျန်းမာရေး အခြေ အနေ မှာလည်း စောင့်ရှောက် မှုများ ပိုမို လိုအပ် နေသည်ဟု ဒေသခံ ၈၈ မျိုးဆက် ကျောင်းသား ကိုထိန်မင်းခိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ကျီးလန့်စာ စား နေနေရတဲ့ အတွက် အကုန်လုံးတော့ တော်တော်လေး ဒုက္ခ ရောက်နေတယ်။ အခြေ အနေ ကိုတော့ ထိန်းနိုင်တဲ့ အခြေ အနေပါ။ ဆိုးဝါး နေတာတော့ မဟုတ်ဘူး ဟု ဆိုသည်။

မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာ မြို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်နှင့် အခြားမြို့ များတွင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခ ဖြစ်စဉ် များ၌ ပျက်စီး ဆုံးရှုံးမှု များကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ် များကြောင့် သေဆုံးသူ (၄၂) ဦး၊ ဆေးရုံတက်ရောက် ကုသသူ (၉၃) ဦး၊ ဆေးရုံမှ ဆင်းသွားသူ (၆၃) ဦးနှင့် ကုသ ဆဲ လူနာ(၃ဝ) ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီး ထားသည့် တရားခံ (၆၈) ဦးနှင့် မသင်္ကာ၍ စစ်ဆေး နေသူ (၁၅) ဦးရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက် သူများက နေအိမ် အဆောက် အဦများ၊ ဘာသာရေး အဆောက် အဦများ၊ ဈေးဆိုင် ခန်းများနှင့် အခြား ပစ္စည်း များအား မီးရှို့ ဖျက်ဆီး ခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် (၁၂၂၇) လုံး၊ ဈေးဆိုင်ခန်း (၇၇) ခန်း၊ ရုံး (၁) ရုံး၊ ဘာသာရေး အဆောက် အဦ (၃၇) လုံး၊ ဆန်စက်/ဂိုဒေါင် (၄ ) လုံး၊ ကား/ထော်လာဂျီ (၂၁) စီး၊ ဆိုင်ကယ် (၁၂) စီး၊ သုံးဘီး ဆိုင်ကယ် (၃) စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဒုက္ခသည် စခန်းတွင်းမှ အပြင်လုံးဝ ထွက်ခွင့်မရ ကြောင်း နေမကောင်း ပါက ဆရာဝန်များ လာရောက်ကြည့်ရှု
ပေးကြောင်း မိထ္တီလာ ဒေသခံ မဖြူက ပြောသည်။

၎င်းကဆရာဝန်တွေ ကတော့ ကြည့်တော့ ကြည့်ပေး နေတာပဲ။ ဒီမှာ မကုနိုင်တဲ့ အခါမှ ထွက်တဲ့ လက်မှတ် ယူပြီး သွားကု ရတယ်။ အပြင်ထွက် မယ်ဆိုရင် အပြင်က လာခေါ်မှ ထွက်လို့ ရတာ။ ဆိုသည်။

မတ်လ ၂၆ ရက်နေ့က ဆူပူ အကြမ်း ဖက်မှုများ ဖြစ်ပွား ခဲ့သည့် နတ္တလင်း မြို့တွင် အခြေ အနေများ တည်ငြိမ် လျက် ရှိသော်လည်း ကျန်းမာရေး အခြေအနေမှာမူ စိတ်ချလုံခြုံမှု မရှိကြ သေးကြောင်း ထပ်မံ ဆူပူ မှုများ ဖြစ်ပေါ် လာမည်ကို စိုးရိမ် နေကြကြောင်း ဒေသခံ တဦးဖြစ်သည့် ကိုလွင်သန်းက မဇ္ဈိမကို ပြောသည်။

ဇီးကုန်း မြို့တွင်လည်း ဒေသခံ များက စိတ်ချ ရမှုကို လိုချင် နေကြကြောင်း ဇီးကုန်း ဒေသခံ မ၀င်းမာက ဆိုသည်။

မ၀င်းမာက “ တော်တော်ကို စိုးရိမ် နေကြတယ်။ လူတွေက ကြောက်နေတာ ထပ်ဖြစ်မလား။ လာပြီး ဖျက်ဆီး မလား ဒါကိုပဲ နေ့တိုင်း စိုးရိမ် နေကြတာ ဟု ဆက်ပြောသည်။

ကြို့ပင်ကောက် ဒေသခံ မခင်မူက ကျန်းမာရေး စောင့်ရှောက်မှု များမှာ လိုအပ် သည်ထက် လျော့ကြောင်း ဆိုသည်။

အစိုးရမှ အကြမ်းဖက်မှု၊ မီးလောင် ကျွမ်းမှုနှင့် အဓိ ကရုဏ်း များကြောင့် အိုး အိမ် စွန့်ခွာ ခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စားဝတ် နေရေး၊ လုံခြုံ ရေးကို အပြည့် အ၀ ကူညီ ဆောင်ရွက် သွားမည် ဖြစ်ပြီး အခြေ အနေ တည်ငြိမ် လာသည်နှင့် အမျှ ဒုက္ခ သည်များ ပြန်လည် နေရာ ချထား ရေးကို အမြန် ဆုံးဆောင် ရွက်သွား မည်ဟု သတင်း ထုတ်ပြန်ရေး အဖွဲ့၏ (၇/ ၂၀၁၃) တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆို ပါ ကြေညာ ချက်တွင် အစိုးရ အနေနှင့် လိုအပ်သော လူသားချင်း စာနာသည့် အကူ အညီ များကို ပေးနိုင်ရန် အတွက် လူထု အခြေပြု၊ လူ့ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိ ကများ နိုင်ငံ တကာ အဖွဲ့ အစည်း များနှင့် လက်တွဲ ဆောင်ရွက် သွားမည် ဟု ပါရှိသည်။

From : မဇ္ဈိမ

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားများ အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Sunday, March 31, 2013, under | No comments



ဂျော်ဒန်မှ ပြန်ရောက် လာသည့် မြန်မာ အလုပ် သမား များကို မတ်လ ၂၉ ရက်နေ့က ရန်ကုန် လေဆိပ် တွင်  တွေ့ရစဉ်

ဆန္ဒပြမှု ဖြစ်ပွား ခဲ့သည့် ဂျော်ဒန် နိုင်ငံ အထည်ချုပ် စက်ရုံမှ မြန်မာ အလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံ သို့ ပြန်လာနိုင်ရန် အလုပ်ရှင်အား လျော်ကြေး ပေးခဲ့ ရကြောင်း အဆိုပါ အလုပ် သမားများ ထံမှ သိရသည်။

အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေ ပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်ရှင်က အလုပ် သမား တစ်ဦးကို လျော်ကြေးငွေ ဒေါ်လာ လေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက် စုကြေး အတွက် စုစုပေါင်း ဒေါ်လာ ၄၀၀ ပေးတယ်၊၊
အဲဒီ ထဲက သူတို့ကို လျော်ကြေးငွေ အဖြစ် ဒေါ်လာ သုံးရာ ပေးခဲ့ ရတယ်။ ကျွန်မတို့ လက်ထဲမှာ ရှိတဲ့ ဒေါ်လာ တစ်ရာ တည်းနဲ့ပဲ ပြန်လာခဲ့ ရတာပါ။ တချို့ ကလည်း အိမ်ပြန်ဖို့ လုံးဝ အဆင် မပြေတဲ့ အတွက် နေခဲ့ ရတယ်။

တချို့ကတော့ လုပ်သက် ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီး လုပ်နေ ကြရ တာရှိတယ်။ အားလုံး ကတော့ ပြန်လာချင်ပြီ ဟု အလုပ်သမား တစ်ဦးဖြစ်သူ မသက်နွယ် စိုးကျော်က ပြောပါသည်။
မြန်မာ အလုပ်သမား ၁၃၀၀ ကျော်နီးပါး အလုပ် လုပ် ကိုင်နေသည့် ဂျော်ဒန် နိုင်ငံရှိ စီအမ်ဂျေ အထည်ချုပ် စက်ရုံတွင် အေဂျင်စီမှ ပြောသော လစာငွေနှင့် မကိုက် ညီမှု၊ အစား အသောက် ဖိနှိပ်မှု၊ လူမျိုးရေး ဖိနှိပ် ခံရမှု တို့နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ မတ်လ ၂၅ ရက်နေ့ အထိ ဆန္ဒပြ မှုများ ဖြစ်ပွား ခဲ့သည်။

ထို့ပြင် ဂျော်ဒန် အထည် ချုပ်စက်ရုံ အလုပ် ရှင်မှာ တရုတ် လူမျိုး ဖြစ်ပြီး မတ်လ ၂ ရက်နေ့တွင် အလုပ် ရှင်၏ လူယုံများဖြစ်သော ဂျော်ဒန် လူမျိုး အလုပ် သမား များကို ငွေပေးကာ မြန်မာ အလုပ် သမား များအား ဆွဲလား
ရမ်းလား လုပ်မှုကြောင့် ခိုက်ရန် ဖြစ်ပွားခဲ့ပြီး မြန်မာ အမျိုး သမီး လေးဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။
အဲဒီမှာ အေဂျင်စီက ကျွန်မတို့ကို လွှတ်တော့ တစ်လကို လစာ ဒေါ်လာ ၅၀၀ ရမယ်လို့ ပြောတယ်။ တကယ် တမ်း ငွေရှင်းတော့ တစ်လကို ၁၅၈ ဒေါ်လာပဲ ရတယ်။ မြန်မာ ငွေနဲ့ တွက်ရင် တစ်လကို တစ်သိန်း နှစ်သောင်း ပဲရတယ်။ ခြောက်လ အထိ လစာ တိုးပေး မလား ဆိုပြီး စောင့်ပါ သေးတယ်။ ဒါပေမဲ့ သူတို့ က လုံးဝ မတိုး ပေးဘူး၊၊

လစာ မကောင်းလို့ အစား အသောက်များ ကောင်းမလား ဆိုတော့ အစား အသောက်လည်း မကောင်းဘူး။ အဲဒီ အတွက် အလုပ် သမား တွေက ကိုယ့်ရဲ့ လစာ ကြေးထဲ ကနေပဲ ချက် ပြုတ်ပြီး စားခဲ့ ရတယ်။ အလုပ် သမား ၀န်ကြီး ဌာန အနေနဲ့ အလုပ် သမား အရာရှိ နှစ်ဦး စေလွှတ် မယ်လို့ ပြောပေမယ့် လက်တွေ့ မှာ ရောက်မလာ ခဲ့ပါဘူး ဟု ၎င်းက ပြောပြ ခဲ့သည်။
မြန်မာ အလုပ် သမားများ အနေဖြင့် လုပ်ခ လစာ တိုးပေးရေး အပါအ၀င် လူမျိုး ဖိနှိပ်မှု မရှိရေး၊ အစား အသောက် အဆင် ပြေအောင် ကျွေးရေး စသည့် အချက် သုံးချက်အား ဆန္ဒပြ တောင်းဆို ခဲ့သော်လည်း အလုပ်ရှင် အနေဖြင့် လိုက်လျောခြင်း မရှိခဲ့ကြောင်း သိရသည်။
အလုပ် သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် သံရုံး ဖွင့်လှစ် ထားခြင်းမရှိ သည့် ဂျော်ဒန် နိုင်ငံတွင် ပြဿနာ ဖြစ်ပွား ခဲ့မှုကို ဂျော်ဒန် နိုင်ငံနှင့် အနီး စပ်ဆုံး အစ္စရေး သံရုံးမှ တစ်ဆင့် ဖြေရှင်း လျက် ရှိပြီး ယင်းနေ ရာသို့ အတွေ့ အကြုံ ရှိသည့် မြန်မာ အလုပ် သမား အရာရှိ နှစ်ဦးကို စေလွှတ်  မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ထားသည်။
From:eleven

Eiffel မျှော်စင် ဗုံးလန့်မှုဖြစ်

Posted by drmyochit Sunday, March 31, 2013, under | No comments



ပဲရစ်မြို့တော် Eiffel မျှော်စင်အနီး ပြင်သစ်စစ်သားများ စောင့်ကြပ်နေစဉ်။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Eiffel မျှော်စင်ကြီးကို စနေနေ့က ၂ နာရီလောက်ကြာအောင် ရဲက ရုတ်တ ရက် ပိတ်ပစ် ခဲ့ရပြီးတော့ လူပေါင်း ၁,၄၀၀ လောက်ကို ဘေးလွတ်ရာကို သွားခိုင်းခဲ့ရပါတယ်။

ဘယ်သူ ဘယ်ဝါမှန်း မသိရသူတဦးက ဖုန်းခေါ်ပြီး ဗုံးရှိတယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

အနှံ့ခံခွေး တွေနဲ့ ဗုံးကို လိုက်ရှာပြီးမတွေ့တော့ မျှော်စင်ကို အများပြည်သူအတွက် ပြန်ပြီး ဖွင့်ပေးခဲ့ပါတယ်။

ခြိမ်းခြောက်မှုရပ်ဆိုင်းဖို့ မြောက်ကိုရီးယားကို တောင်ပိုင်းကသတိပေး

Posted by drmyochit Sunday, March 31, 2013, under | No comments



တောင်နဲ့မြောက်ကိုရီးယား စစ်မဲ့ဇုံအနီး စောင့်ကြပ်နေတဲ့ တောင်ကိုရီးယားစစ်သားတဦး။ (မတ်လ ၁၂ ရက်၊ ၂၀၁၃)။

မြောက် ကိုရီးယား နိုင်ငံ အနေနဲ့ လက်မ ခံနိုင်တဲ့ ခြိမ်းခြောက် မှုတွေကို ရပ်တန်း ကရပ်ဖို့ တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေး ၀န်ကြီး ဌာနက သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။ တောင် ကိုရီးယား တပ်ဖွဲ့တွေ အနေနဲ့ မြောက် ကိုရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြတ်ပြတ်သားသား ဒဏ်ခတ်အရေးယူသွားဖို့ အဆင်သင့် အနေ အထားမှာ ရှိတယ်လို့ စနေနေ့မှာ ထုတ်ပြန်တဲ့ ၀န်ကြီးဌာနရဲ့ ကြေညာချက် မှာ ဖော်ပြထား ပါတယ်။

အိမ်နီးချင်း တောင် ကိုရီးယား နိုင်ငံနဲ့ စစ်ဖြစ်နေတဲ့ အနေ အထားကို ရောက်ရှိ နေပြီလို့ သဘောထားတဲ့ အကြောင်း မြောက် ကိုရီးယား နိုင်ငံပိုင် သတင်း ဌာနက စနေနေ့မှာ ပြောဆို လိုက်ပြီး တဲ့နောက် တောင် ကိုရီးယား ဘက်က အခုလို ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ ဒီလို ကြေညာချက် ထုတ်ပြန် လိုက်ပြီး တဲ့နောက် မြောက်ကိုရီးယား နိုင်ငံက အင်တာနက် ၀က်ဘ်ဆိုက် တွေကို တိုက်ခိုက် သူတွေက တိုက်ခိုက် ကြတယ်လို့ ယူဆရ ပါတယ်။ စနေနေ့မှာ ပျက်တောင်း ပျက်တောင်း ဖြစ်နေ တာကို တွေ့ရပါတယ်။ ဘယ် အဖွဲ့ အစည်း ကမှတော့ သူတို့ရဲ့ လက်ချက် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေး ပါဘူး။

စနေနေ့ နှောင်းပိုင်းမှာတော့ နှစ်နိုင်ငံ ပူးတွဲ ဖွင့်လှစ် ထားတဲ့ စက်မှုဇုံကို ပိတ်ပစ်မယ် လို့ မြောက် ကိုရီးယား ဘက်က ခြိမ်းခြောက်လိုက်ပါတယ်။ မြောက်ကိုရီးယား အပေါ် ဂုဏ် သိက္ခာကျ ဆင်းအောင် ဆက်လက် လုပ်ဆောင် နေမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်မဲ့ဇုံ အဖြစ် သတ်မှတ် ထားတဲ့ ဒေသအတွင်း မြောက် ကိုရီးယား ဘက်ခြမ်းမှာ တည်ရှိတဲ့ ကေဆောင်း စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားရဲ့ စက်မှုဇုံ အုပ်ချုပ်ရေးရုံးက ပြောခွင့်ရ သူက ပြောဆို လိုက်တာပါ။

စစ်ရေး အသွင် ဆောင်မှု ဟာ အဆန်း တကျယ် မဟုတ်ကြောင်း၊ ဒါပေမဲ့ ခြိမ်းခြောက် မှုတွေ ကတော့ ဆက်လက်ရှိ နေကြောင်း တောင်နဲ့မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ သံတမန်ရေးကိစ္စတွေ ကို ဆောင်ရွက် ပေးနေတဲ့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ကတော့ မြောက် ကိုရီးယား နိုင်ငံရဲ့ ကြေညာချက် အပေါ်မှာ အလေး အနက် ထားကြောင်း၊ အမေရိကန် အမျိုးသားကောင်စီရဲ့ ပြောခွင့်ရသူအမျိုးသမီး က ပြောဆိုလိုက်ပါတယ်။

From: VOA

မူဆလင် ဘာသာဝင်သုံးဦးမှ တရားထိုင်နေသော သံဃာတော်အား ကိုယ်ထိ လက်ရောက်စော်ကား

Posted by drmyochit Sunday, March 31, 2013, under | 1 comment


ဘူးသီးတောင်မြို့ သင်္ဘောဆိပ်မြင်ကွင်းရခိုင်ပြည်နယ်

ဘူးသီးတောင် မြို့ နယ် ဓမ္မ မဏ္ဍိုင် ကျောင်းတိုက် အတွင်း တရား ထိုင်နေသော ဦးပညာ သီရိအား မူဆလင်ဘာ သာဝင် ဘင်္ဂ လီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားသဖြင့် အဆိုပါ တရားခံ သုံးဦးအား ဘူးသီးတောင် ရဲစခန်းမှ ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

ပုဇွန်ချောင်း ကျေးရွာမှ ကာမာလ်(၂၂) ဟာမတ်တူ ဆောင်း(၂၀)နှင့် အီနူးဆ်(၁၉) နှစ်တို့မှာ မတ်လ(၂၈) နေ့ ညနေ(၇) နာရီခွဲ အချိန်ခန့်တွင် ဓမ္မမဏ္ဍိုင်ကျောင်းတိုက်သို့ ဝင်ရောက် လာပြီး ဦးပညာသီရိ တရား ထိုင်နေ စဉ် ဆေးလိပ် မီးတောင်းရာ စကားပြန် မပြော သဖြင့် ဆရာတော်၏ ပါးအား တအား လွှဲရိုက်လိုက် ခဲ့ကြောင်း သိရသည်။

ဆရာတော် လဲကျ သွားခိုက် ကျောင်းတိုက်မှ တခြား ကိုယ်တော် တကာများ ထွက်လာစဉ် အဆိုပါ ကုလား များ ထွက်ပြေး သွားပြီး ဆရာတော်ပါး ပြင်ပေါ်ဝယ် ညိုမဲ နေသော လက်ဝါးရာ ကို မြင်တွေ့ ကြသော တကာများ မှ သက်ဆိုင်ရာသို့ တိုင်ကြား ခဲ့ကြောင်း သိရသည်။

ဦးပညာ သီရိမှာ သက်တော်(၃၅)နှစ် သိက္ခါတော်(၁၀)ဝါ ရှိပြီး ဓမ္မ မဏ္ဍိုင် ကျောင်းတိုက်တွင် သီတင်း သုံးနေသော သံဃာတော် တစ်ပါး ဖြစ်သည်။

ဦးပညာ သီရိအား စော်ကားသော သတင်းမှာ ဘူးသီးတောင်မြို့ သူမြို့သား များထံ ချက်ချင်း ပြန့်နှံ့ သွားသောကြောင့် ဘူးသီးတောင် ရဲတပ်ဖွဲ့ဝင် များမှ အချိန်မှီ ဆူပူမှု မဖြစ်ရန် ရပ်မိ ရပ်ဖများကို တားမြစ် ခဲ့ကြောင်း ဘူးသီးတောင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။


" သတင်း ကြားတာနဲ့ ဒေါ်သ ထွက်ကြ တာပေါ့ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင် အမျိုးသား ဗုဒ္ဓဘာ သာဝင် တွေကို အတတ်နိုင်ဆုံး တားကြ တာပေါ့ ၊ဥပဒေနဲ့ အညီ ဘူးသီးတောင် ပြည်သူ့ ရဲတွေက တာဝန် ကျေပါတယ် မကြာခင် တရားခံတွေကို ဖမ်းမိပြီလို့ ရဲက အတည်ပြု ပြောပါတယ်။ " ဟု ဘူးသီးတောင်မှ ရခိုင် လူငယ် တစ်ဦး က ပြော ပါသည်။

ဖမ်းဆီး ရမိ ထားသော တရားခံ မူဆလင် ဘာသာဝင် ဘင်္ဂလီ သုံးဦးမှာ ငယ်ငယ် ကတည်းက အဆို ပါ ကျောင်းနှင့် ရင်းနှီးမှု ရှိနေပြီး မူဆလင် ဘာသာဝင် ဘင်္ဂလီ ငယ်များ မမြဲတမ်း ဝင်ထွက် သွားလာ နေကြပြီး ဆရာတော် များဖြင့် ရင်းနှီး နေကြကြောင်း သိရသည်။

ဆရာတော်အား ကိုယ်ထိ ကာယ ကျူးလွန် သည်မှာ မှန်ကန်ကြောင်းကို တရား ခံများ ထွက်ဆို ထားသဖြင့် တရား ဥပဒေ အရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညို ပျက်စေမှု ပုဒ်မ (၂၉၅) တပ်ကာ ရဲ စွဲချက်တင် မည်ဟု ဘူးသီးတောင် ရဲတပ်သား တစ်ဦးက အတည်ပြု ပြောကြား ခဲ့သည်။

From:The Arakan Times

ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ၆၀ ခန့်အား ဌာနလွှဲပြောင်းခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှ ရပ်စဲခြင်းများ ပြုလုပ်

Posted by drmyochit Sunday, March 31, 2013, under | No comments


အစိုးရ ၀န်ကြီး ဌာန အချို့မှ ညွှန်ကြား ရေးမှူး ချုပ်များ အပါအ၀င် အဆင့်မြင့် အရာရှိ များအား အပြောင်း အလဲပြု လုပ်ခြင်း၊ အငြိမ်း စားပေးခြင်း၊ တာဝန် မှရပ် စဲခြင်း များအား ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။

"မှန်ပါတယ်။ ညွှန်မှူး ကနေ ဒုညွှန်ချုပ်အထိ အရာရှိများကို ၀န်ကြီးဌာနများအတွင်းမှာ အပြောင်း အရွှေ့ပြု လုပ်ခဲ့ပါ တယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင် ညွှန်ကြား ရေးမှူး ကဲ့သို့သော အဆင့်မြင့် အရာ ရှိကြီး တချို့ ကို လည်း အငြိမ်းစားယူခွင့် ပြုခဲ့ပါ တယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်း လဲမှု လုပ်ငန်း စဉ် အရ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်" ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြား သည်။

နိုင်ငံ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်း များတွင် လိုက်ပါ ဆောင်ရွက် နိုင်ခြင်း မရှိသော အရာရှိ များကို အငြိမ်း စား ပေးခြင်း၊ ဌာန လွှဲပြောင်း တာဝန်ပေးခြင်းတို့ကို ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်မှ အဆင့် မြင့် အရာရှိ တစ်ဦးက ပြောသည်။

"ညွှန်ချုပ် ကနေ ညွှန်မှူး အဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိ အကျတော့ မသိ ရသေးဘူး။ မတ် ၂၇ ရက် ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေ ကိုပြောင်း၊ တချို့တွေ ကို အနား ပေးတာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။


From : ..7day

သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ

Posted by drmyochit Sunday, March 31, 2013, under | No comments


မတ်လ ၂၈ ရက်နေ့တွင် ပြောကြား ခဲ့သည့် သမ္မတ၏ မိန့်ခွန်း တွင် ပါရှိသည့် တရား ဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန် ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် တိုက် တွန်း ခဲ့သည့် တိုက်တွန်းချက်နှင့် ပတ်သတ်ပြီး လက်အောက်ခံ အဖွဲ့အစည်းများက လိုက်လံ လုပ်ဆောင် ရန် လိုကြောင်း ဘာသာရေး ခေါင်းဆောင် အချို့က  ထောက်ပြခဲ့သည်။

အစ္စလာမ် သာသနာရေး ကောင်စီ ဥက္ကဌ ဦးညွှန့်မောင် သျှိန်က “သမ္မတကြီး ပြောတဲ့ အတိုင်း လိုက်ပြီး အောက်က အဖွဲ့ အစည်း တွေက လိုက်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ သမ္မတကြီး အမိန့်ရှိတဲ့ အတိုင်းကို အောက်က လိုက်လုပ် မယ်ဆိုရင် အဓိကရုဏ်း အတွက်ဘာမှ စိုးရိမ်စရာမရှိပါဘူး ” ဟု ဆိုသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွား လျက်ရှိသော အဓိ ကရုဏ်း များအား ရပ်တန့်ကာ ငြိမ်းချမ်းရေး ကို အမြန် လို လားကြောင်း ဦးညွှန့်မောင်သျှိန်က ဆက်လက်ပြောခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ ၀င်များ အနေဖြင့် သမ္မတပြောဆိုသည့်အတိုင်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ လုပ်ဆောင် သင့်ကြောင်း ၎င်း က အကြံပေး ပြောဆိုခဲ့ သည်။

အဓိ ကရုဏ်းဖြစ် စဉ်များတွင် ရဲဝန်ထမ်းများသည် အထက်မှ အမိန့် ညွှန်ကြားချက်အား စောင့်ဆိုင်းမှုများ ရှိနေခြင်းကြောင့် အချိန်မှီ တားဆီးမှု မပြုလုပ်နိုင်ခဲ့ကြောင်း ရွှေည၀ါ ဆရာတော် ကြီးက မိန့်သည်။

ဆရာ တော်ကြီးက “  အထက် အမိန့် စောင့်ရင်း စောင့်ရင်းနဲ့ ရှေ့က ဖျက်ဆီး နေတာကို ရပ်ကြည့်  နေတော့ ဘုန်းဘုန်း တို့က တွေး စရာဖြစ် လာတယ်လေ။ အချိန်မှီ တားဆီးရင် ဒီဟာကြီးက မကြီး ထွားနိုင် ဘူး” ဟု မိန့်ကြားသည်။

အဓိ ကရုဏ်းများ မဖြစ် ပွားမီ ညှိနှိုင်းမှုနှင့် ထိန်းသိမ်းနိုင်ပါက အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်စရာမ လိုကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့မှ လုပ်ဆောင်နေခြင်းများ တွင် နှင့်ပတ်သတ် ၍ နှောင့်နှေးနေ မှု အပေါ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်သူ အဲလ်ဟခ်ျ ဦးအေးလွင် က ဝေဖန်ထောက်ပြ ခဲ့သည်။

၎င်းက “တွေ့ ရတယ်။ ဒေသဆိုင်ရာ အုပ်ချူပ်ရေးတွေလည်း လိုတယ်။ အဓိကရုဏ်းကို လုပ်ဆောင်တဲ့ သူတွေ လာ တယ်။ ဘယ်ကလာတယ်ဆိုတာ သူတို့သိနိုင်ပါတယ်။ အဲဒါကို တားဆီးမှု မရှိဘူး။ သွားရောက် ဆွေးနွေး မှု မရှိဘူး” ဟု ဆိုသည်။

ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းမှ စတင်သော နောက်ဆက်တွဲ ပဋိပက္ခများဂယက်သည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်း၊နတ္တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက် အစရှိသော မြို့များသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။

ထိုသို့ ပြန့်နှံ့ ခဲ့ပြီးနောက် အစိုးရ အနေနှင့် ပြည် သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါးသည့် လုပ်ရပ် မှန် သမျှကို လက်သင့်ခံမည် မဟုတ်ပဲ လိုအပ်လျှင် မြို့ပြအင်အားသုံး၍ ထိ ထိရောက်ရောက်   နှိမ်နင်း သွားမည် ဖြစ်ကြောင်း သမ္မတ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
From:Mizzima

Saturday, March 30, 2013

“အမေရိ ကန်မြို့ ကြီးများအား ပစ်ခတ်မည့် ဒုံးကျည် ချထားပြီး တောင် ကိုရီးယားနှင့် စစ် ဖက်ဖြစ် ပွားသည့် အခြေ အနေဟု ကင်ဂျုံအမ်ဆို”

Posted by drmyochit Saturday, March 30, 2013, under | No comments

ပြုံးယမ်း၊ မတ် ၃၀

မြောက်ကို ရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က အမေရိ ကန် မြို့ ကြီးများအား တိုက်ခိုက် မည့် ဒုံးကျည် များ ချ ထားရေး အစီ အစဉ်အား လက်မှတ် aရး ထိုး ခဲ့သည့် အပြင် အိမ်နီး ချင်းတောင်  ကို ရီးယားနှင့် လည်း စစ်မက်ဖြစ် ပွား သည့် အခြေ အနေ အဖြစ် ထုတ်ဖော်ပြော ဆိုခဲ့ သည်။

နိုင်ငံပိုင် KNCA သတင်း ဌာနက ထုတ်လွှင့်ချက် အရ “တောင် နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့် အရေး ကိစ္စ မဆိုအား စစ် မက်ဖြစ် ပွားနေ သည့် ကာလ အတိုင်း ဆောင်ရွက် သွားမည်”ဟု မြောက် ကိုရီး ယားတို့က ဆိုထားပြီး အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် အစီ အစဉ်ဟု ဖော်ပြ ထားသော ပုံကြမ်း တစ်ရပ် ကိုလည်း ထုတ်လွှင့် သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များ အဖြစ် ကယ်လီ ဖိုးနီးယား၊ နယူး မက္ကဆီကို၊ အရီဇိုးနား၊ တက္က ဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ် ရိုလိုင်း နား တို့ကို ဖော်ပြ ထားသည်။

ဖေဖော် ၀ါရီလ အတွင်းက မြောက် ကိုရီးယား တို့၏ တတိ ယမြောက်နျူ စမ်းသပ် မှုအပြီး ကုလ သမဂ္ဂနှင့် အနောက်နိုင်ငံ တို့၏ ထပ်မံ၍ ပိတ်ဆို့ အရေး ယူမှု ခံရပြီး ကတည်းက တိုက်ခိုက် မှုများ ပြုလုပ် သွားမည့် မြောက် ကိုရီးယား တို့က နေ့စဉ် လိုလို ခြိမ်းခြောက် မှု ပြုခဲ့ ကြသည်။

PN055/ Ref: CNN,BBC,usatoday
From: Popular Myanmar News Journal

မိတ္ထီလာ အကြမ်းဖက်မှု အပေါ် ရန်ကုန်လူထုအမြင်

Posted by drmyochit Saturday, March 30, 2013, under | No comments

မိတ္ထီ လာမြို့နဲ့ တခြားမြို့တွေမှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက် မှုတွေဟာ ရန်ကုန် လူထု အပေါ် ဘယ်လို ရိုက်ခတ် မှုတွေ သက်ရောက် မှုတွေ ရှိခဲ့ ပါသလဲ။ ရန်ကုန်မြို့ကို ရောက်နေတဲ့ ဘီဘီစီ အကြီး တန်း သတင်းထောက် ကိုမင်း ထက်က ဆူးလေ ဘုရားနဲ့ ဆူးလေ ဗလီ ဝန်းကျင်မှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာ သာဝင် လူငယ် တချို့နဲ့ မေးမြန်း တင်ပြ ထားပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်

Posted by drmyochit Saturday, March 30, 2013, under | No comments


လာမယ့် ဧပြီလထဲမှာ မြန်မာ သမ္မတ ဦးသိန်း စိန်ဟာ တရုတ်နိုင်ငံ ကို သွား ဖို့ ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကတော့ ဂျပန်နိုင်ငံ ကို ခရီး ထွက်ဖို့  ရှိနေ ပါတယ်။ အခုလို မြန် မာနိုင်ငံ အတွင်းမှာ လူ မျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေ တဲ့ အချိန် နိုင်ငံ အတွက် အရေး ပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက် မှာကို ပြည်သူတွေကြား စိုးရိမ်မှု တွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေ သလို နိုင်ငံရဲ့ အခြေ အနေ တည်ငြိမ်အောင် ထိန်း ထားနိုင် တယ်လို့ ယုံကြည်ပုံ ရတယ်လို့ သုံးသပ် သူတွေ လည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင် ရဲမောင်မောင် က ပြောပြပေး မှာပါ။ 

သမ္မ တ ဦးသိန်း စိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်း အ၀ိုင်းက ပြောဆို လာတာပါ။ တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ် မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အခုလို နိုင်ငံအတွက် အရေး ပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည် မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပ ခရီး သွားရောက် ဖို့တွေ ရှိနေတဲ့ အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန် မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပ ခရီး သွားမယ် ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။ “ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီး တဲ့ခေါင်း ဆောင်များ ဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူ တို့က တိုင်းပြည် မှာပဲ ရှိသင့် တာပေါ့နော်။

ချိန်းပြီး သားတောင် မှပဲ အချိန်း အချက် တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေ အနေ တွေကို ဖြေရှင်း ဖို့က အရင် ဦးစားပေး တာပေါ့နော်။ တစ်ခု တော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ ရှိရင် သမ္မတ ကြီးက တိုင်းပြည် အတွက် ကို ပြော ကြားတဲ့ မိန့်ခွန်း ရှိတာ ပေါ့နော်။ သူပြော တာ ကတော့ ကျနော် အတော် ကြိုက် ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ် ၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေး ချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွား မှာပေါ့နော်။ အဲ လို ငြိမ်သွားလို့ သွားမယ် ဆိုရင်တော့လည်း ကောင်း ပါတယ်။ 

တိုင်းပြည် အတွက် သွားတာ ပဲ -ပေါ့နော်။” နိုင်ငံတော် သမ္မတဟာ အခု တစ်ကြိမ် သွားရောက် မယ့် ခရီးစဉ် နဲ့ဆို ရင် သူ့ရဲ့ သမ္မတ သက်တမ်း အတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးစဉ် လည်း ဖြစ်ပါ တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက် မှာ စတင် မှာဖြစ်ပေ မဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိ နိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။ ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မ သက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြ တာဟာ သူ တို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။ 

 “ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေ မှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည် ဘက် လည်း ပြောလို့  မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။” သမ္မတနဲ့ ဒေါ်အောင် ဆန်းစုကြည် တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာ ရှိတဲ့ ပြည်သူ လူထု အနေနဲ့ ကိုယ်လုံခြုံရေး အတွက် ကို အမြဲ သတိ ရှိရှိနဲ့ နေထိုင်နိုင် မယ်ဆိုရင် ပြဿ နာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။ “နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင် ဆန်းစုကြည် တို့- သူတို့အောက် ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ် ချုပ်ပိုင်ခွင့် ရှိတဲ့ ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ပဲ သွားသွား၊ ဦးသိန်း စိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာန ဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည် သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။” ဒေါ်အောင် ဆန်း စုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာ မြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေ အတွင်း သူမ ပညာ သင်ခဲ့တဲ့ ကျို တိုမြို့ ကိုလည်း လည် ပတ်မှာ ဖြစ်ပါတယ်။ 

 နိုင်ငံတော် သမ္မတ ဦးသိန်း စိန်ရဲ့တရုတ်ပြည် ခရီးစဉ် ကတော့ တရုတ်နိုင် ငံက ထိပ်ပိုင်းခေါင်း ဆောင်တွေ အပြောင်း အလဲ ဖြစ်ပြီး ချိန်မှာ ပထမဆုံး သွားရောက် လည်ပတ်တဲ့ ခရီးစဉ် တစ်ခုလည်း ဖြစ်လာ မှာပါ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင် ဆန်းစုကြည် တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျ ပန် နှစ်နိုင်ငံ ဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိ တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

 တရုတ်နိုင်ငံ ဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည် တွင်းမှာ လည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့ တာပါ။ ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ် တွေကို အစဉ် တစိုက် တွန်း အားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါ တယ်။ မကြာသေး ခင်တုန်း ကဆိုရင် ဒီမိုကရေစီရေး၊ လူ့ အခွင့် အရေးတွေ မှာ ပိုပြီး တိုး တက်ဖို့ မြန်မာနိုင် ငံက တင်နေ တဲ့ ကြွေးမြီ ကင်းအောင် ကူညီ ဆပ်ပေး ခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်ပါ တယ်ခင် ဗျာ။ 

From: VOA

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အသစ်အဆန်းမဟုတ်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က တုံ့ပြန်

Posted by drmyochit Saturday, March 30, 2013, under | No comments

မြောက် ကိုရီး ယား၏ ခြိမ်းခြောက် မှုကြောင့် တုန် လှုပ် ခြောက် ခြား မှုများ ဖြစ်ပေါ် လာသော် လည်း အမေရိကန် ပင်တဂွန် စစ် ဋ္ဌာနချုပ်နှင့် တောင် ကိုရီးယား အစိုး ရတို့က ယင်းမှာ အသစ် အဆန်း မဟုတ်ဟု ဆိုကာ ပယ်ချ လိုက်ကြောင်း သိရသည်။
        

အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဋ္ဌာနမှ ထိပ်တန်း အရာ ရှိ တစ် ဦးက "အက်ကြောင်း ထပ်နေပြီး သားကို ပြန်နွှေး တာထက် မပို ပါဘူး" ဟုသာ မတ်လ ၃၀ ရက်နေ့ အနှောင်း ပိုင်းတွင် ပြောကြား ခဲ့သည်။ သို့သော် ယင်း အရာ ရှိသည် မီဒီယာ များသို့ ထုတ်ဖော် ပြောဆို ခွင့်ရှိသူ မဟုတ် ဟု ဆိုကာ အမည် ဖော်ပြခွင့် မပြုခဲ့ပေ။ အမေရိကန် သမ္မတအား စစ်ပွဲနှင့် ပတ်သက်၍ အကြံ ပေးနေသော အမျိုးသား လုံခြုံရေး ကောင်စီကလည်း မြောက် ကိုရီး ယား၏ ကြေညာ ချက်မှာ အဓိပ္ပာယ် မရှိဘဲ ခြိမ်းခြောက် မှုကို ပိုမို လေး နက်အောင် ပြုလုပ် ခြင်းသာ ဖြစ် သည် ဟု ဆိုသည်။

အမျိုးသား လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကိတ်တလင်းဟေဒင်က မြောက် ကိုရီး ယား သည် ရန် စသော စကား များနှင့် ခြိမ်းခြောက် မှုများကို ပြုလုပ် ခဲ့ဖူးသည့် သမိုင်းကြောင်း ရှည်လျားစွာ ရှိ ခဲ့ပြီး ယခုကြေ ညာချက်မှာလည်း ယင်းပုံ စံမျိုးပင် ဖြစ်သည် ဟု ဆိုသည်။

တောင် ကိုရီး ယားကလည်း မြောက် ကိုရီးယား၏ နောက်ဆုံး ခြိမ်းခြောက် မှုကို အန္တရာယ် ကျရောက် လု ဆဲဆဲ အခြေ အနေဟု ယူဆခြင်း မပြုပေ။ မြောက် ကိုရီးယား၏ ခြိမ်းခြောက် မှုသည် အသစ် မဟုတ်ဟု တောင် ကိုရီး ယား၏ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဋ္ဌာနက ကြေညာ ချက် ထုတ်ပြန် ခဲ့သည်။

Ref:CNN
Eleven Media Group

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

Posted by drmyochit Saturday, March 30, 2013, under | No comments

ရန်ကုန်၊ မတ် ၂၉။

မတ်လ ၂၉ရက်နေ့ မနက် ပိုင်းတွင် နိုင်ငံတော် သမ္မတ ရုံး၌ ကျင်း ပပြုလုပ် ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ် ဖုန်း Sim Card များ ရောင်း ချရေး ဆိုင်ရာ ညှိနှိုင်း အစည်း အဝေး ဆုံးဖြတ် ချက်အရ ငွေကျပ် နှစ်သောင်း တန် ဖုန်းကဒ် များကို လာမည့် ဧပြီ ၅ ရက်နေ့တွင် စတင် ရောင်းချ ပေးမည် ဖြစ်ကြောင်း ယင်း အစည်း အဝေး ဆုံးဖြတ် ချက်အရ သိရ သည်။

ယင်း အစည်း အဝေးတွင် ဝန်ထမ်းများ အနေနှင့် အရစ်ကျ သွင်း ထားသည့် ငွေကျပ် နှစ်သိန်းတန် ဖုန်းများ အား ထပ်မံ သွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့ အနေနှင့် တစ်လ တစ်သောင်းနှုန်းဖြင့် ခြောက်လ သွင်း ထားကြောင်း၊ ယခု အခါ ယင်းငွေကို ဆက်လက် ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်း အဝေး ဆုံးဖြတ် ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန် ထမ်းဆောင် နေသည့် ဝန်ထမ်း တစ်ဦးက “ဝမ်းသာ လိုက်တာ၊ ခြောက် လပဲ သွင်း ရသေး တယ်။ အခု ထပ် မသွင်းရတော့ ဘူးဆိုတော့ ဘယ် လိုပြော ရမှန်းတောင် မ သိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်း အစည်း အဝေး၌ နိုင်ငံတော် သမ္မတ ဦးသိန်း စိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်း သုံးစွဲ မှုမြင့်မား စေရန် လိုင်းပေါင်း ၂၆ သန်း တိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်းနှင့် လိုင်း ကျပ်ခြင်း များ မရှိစေရန် အတွက်လည်း ကြိုတင် ပြင်ဆင် သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုး နည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ တစ်လ လျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်း ချပေး ရာတွင် တိုင်းဒေ သကြီးနှင့် ပြည်နယ် အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ်ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင်ဆက်လက် ဆောင်ရွက်မည့် အစီ အစဉ် တို့ကို မီဒီယာများမှတဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်း စိန်၏ ပြောကြား ချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်
ဓာတ်ပုံ – သူရိန်
From:  မြန်မာ့ခေတ်

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ

Posted by drmyochit Saturday, March 30, 2013, under | No comments

တောင်နှင့်မြောက် ကိုရီး ယားနှစ်နိုင်ငံ သည် ၁၉၅၀-၅၃  ခုနှစ်က ဖြစ်ပွား ခဲ့သည့် စစ်ပွဲအား အပစ် အခတ် ရပ်စဲ သည့် သဘော တူညီ ချက်ဖြင့် သာ ရပ်ဆိုင်း ထား ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ် ဆိုနိုင်ခြင်း မရှိသေးချေ။

တောင် ကိုရီးယားနှင့် စစ် ပွဲဖြစ် ပွားသည့် အနေ အထားသို့ ရောက် ရှိနေ ပြီဖြစ်ကြောင်း မြောက် ကိုရီး ယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာ လိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေး တင်းမာ မှုများ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် ကျင်း ပသည့် တောင် ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲ စစ်ရေးလေ့ ကျင့်မှု အတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲ လေယာဉ်များ တောင်ကို ရီးယား ကောင်းကင် ယံတွင် ပျံသန်း ပြခဲ့ပြီးနောက် မြောက် ကိုရီးယား ကလည်း ၎င်းတို့၏ တာဝေး ပစ် ဒုံးကျည် များကို ပစ်ခတ်ရန် အသင့် အနေ အထား အဖြစ် ပြင်ဆင် ထားခဲ့သည်။ 


တောင်နှင့်မြောက် ကိုရီးယားနှ စ်နိုင် ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲ သည့် သဘော တူညီ ချက်ဖြင့်သာ ရပ်ဆိုင်း ထား ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ် ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲ တည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ် သွားပြီ ဖြစ်ကြောင်း၊ ရန်စမှု တစ်စုံ တစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည် သွား စေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Source: Channel NewsAsia
Planet Myanmar Network

Friday, March 29, 2013

ပါကစ္စတန် အမျိုး သမီး အရေး လှုပ်ရှားသူ မာလာလာ၏ ဘဝ ဇာတ်ကြောင်း စာအုပ် ထုတ် ဝေမည်

Posted by drmyochit Friday, March 29, 2013, under | No comments

ပါကစ္စတန်အမျိုးသမီးအရေးလှုပ်ရှားသူ မာလာလာ၏ ဘဝဇာတ်ကြောင်းစာအုပ် ထုတ်ဝေမည်
ယခု နှစ်ကုန် ပိုင်းတွင် ပါကစ္စတန် ဆယ်ကျော်သက် မိန်းကလေး၏ ဘဝ ဇာတ်ကြောင်းကို သီကုံး ရေးသား ထားသည့် “I Am Malala” ဆိုသော စာအုပ်မှာ အင်္ဂလိပ် ဘာသာဖြင့် ထွက်ရှိ လာမည်ဟု သိရသည်။ 

အမျိုး သမီးများ ပညာ သင်ကြားခွင့် လှုပ်ရှားမှု များကြောင့် တာလီဘန် တို့၏ ရန်ငြှိုးဖွဲ့ လုပ်ကြံ မှုကို ခံခဲ့ ရသော်လည်း အသက် မသေ ခဲ့သည့် မာလာလာ ယူဆွတ်ဖ် ဇိုင်က သူမ၏ ဘဝ အတွက် စာအုပ် တစ်အုပ် ထုတ်ဝေရန် ခွင့်ပြု ထားကြောင်း သတင်းများ ထွက်ပေါ် လာသည်။ ယခု နှစ်ကုန် ပိုင်းတွင် ပါကစ္စတန် ဆယ်ကျော်သက် မိန်း ကလေး၏ ဘဝ ဇာတ်ကြောင်း ကို သီကုံး ရေးသား ထားသည့် “I Am Malala” ဆိုသော စာအုပ်မှာ အင်္ဂလိပ် ဘာသာဖြင့် ထွက်ရှိ လာမည်ဟု သိရသည်။ Weidenfeld & Nicholsonက အဆိုပါ စာအုပ်ကို ဖြန့်ဝေရန် အ တွက် ဒေါ်လာ(၃)သန်း မာလာ လာကို ပေးအပ် ခဲ့ကြောင်း Guardianက ဖော်ပြခဲ့ သည့်တိုင် သက် ဆိုင်ရာ စာအုပ် ထုတ်ဝေရေး လုပ်ငန်းက မှတ်ချက် ပေးရန် ငြင်းဆို ထားသည်။ 

မာလာလာ သည် ယခုအခါ သေနတ် ဒဏ်ရာ ကုသမှု ပျောက်ကင်း သည့်နောက် ဗြိတိန်တွင် ကျောင်းတက် နေပြီ ဖြစ်သည်။ သူမသည် ပါကစ္စ တန်တွင် အမျိုး သမီးများ ပညာ သင်ကြား ခွင့် ရရှိရေး အတွက် လှုံ့ဆော် ခဲ့သူဖြစ်ရာ တာလီဘန် အကြမ်းဖက် သမား များက မျက်မုန်း ကျိုးပြီး ကျောင်းကား ပေါ်တွင် ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ကံကောင်း ထောက်မစွာ အသက်ဘေးမှ လွတ်မြောက် ခဲ့သလို ယခု လတ် တလော အသက် (၁၅)နှစ် အရွယ်တွင် ကမ္ဘာသိ အာရုံစိုက် ခံရသူ တစ်ဦး ဖြစ်လာသည်။ သူမသည် ကျည်ဆန်ကြောင့် ထိခိုက် ပျက်စီးသွားသော ဦးခေါင်းခွံ တစ်ခြမ်းကို သတ္တု ဦးခွံဖြင့် ပြီးခဲ့သည့် လက အောင်မြင်စွာ အစားထိုး ခွဲစိတ် ကုသ ပေးမှုကို ခံယူခွင့် ရခဲ့သည်။

မာလာ လာက စာအုပ်နှင့် ပတ်သက်ပြီး "အဲဒီ စာအုပ်က တစ် ကမ္ဘာလုံးက လူတွေဆီ ပျံ့နှံ့ ရောက်ရှိ သွားပါစေလို့ ကျွန်မ မျှော်လင့်တယ်။ ဒါမှာ ကမ္ဘာပေါ်မှာ တချို့ ကလေးတွေ ပညာ သင်ဖို့ ဘယ် လောက်တောင် ခက်ခဲတယ် ဆိုတာကို လူတွေ ပိုသိ လာကြ မှာလေ။ ကျွန်မရဲ့ ဘဝ ဇာတ်ကြောင်းကို ပြောပြ ချင်ပါတယ်။ ပြီးတော့ ပညာသင်ခွင့် မရတဲ့ ကလေးငယ် (၆၁)သန်းရဲ့ အကြောင်းကို ပြောပြ ချင်ပါတယ်။ ကျွန်မ အနေနဲ့ ယောက်ျားလေး၊ မိန်းကလေး အားလုံး ကျောင်းကို သွားရောက်ဖို့ အခွင့် အရေး တူမျှ စေချင် ပါတယ်။ ဒါဟာ အခြေခံ အကျ ဆုံး ရပိုင်ခွင့် တစ်ခု ပဲလေ"ဟု မှတ်ချက် ပြုသွားသည်။

Source: LA Times
Planet Myanmar Network

ကချင်ပြည်နယ် ပဋိ ပက္ခနှင့် စပ် လျဉ်း၍ မြန်မာ နိုင်ငံ အမျိုး သားလူ့ အခွင့် အရေး ကော်မ ရှင်၏ ထုတ်ပြန်ချက်

Posted by drmyochit Friday, March 29, 2013, under | No comments

မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ ထုတ်ပြန် ချက် အမှတ် (၂/၂၀၁၃) ကို မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရပါ သည်။ အဆို ပါ ထုတ်ပြန် ချက် အပြည့်အစုံမှာ-

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ပြီး အပြုသဘော ဆောင်သော ဖြစ်ပေါ် တိုးတက် မှုများ ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ဝမ်းမြောက် မိပါသည်။ အဆိုပါ ပူးတွဲ ကြေညာ ချက်အရ အပစ် အခတ် ရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို စတင်ဆောင် ရွက်နိုင်ပြီ ဖြစ်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်များကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ဖော်ပြခြင်း ကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကချင်ပြည် နယ်တွင် ဖြစ်ပွားသော ပဋိပက္ခနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက် စောင့်ကြည့် လေ့လာခဲ့ ပါသည်။ အဆိုပါ ပဋိပက္ခသည် ကာလရှည်ကြာ လာသည်နှင့်အမျှ ရပ်ရွာစွန့်ခွာ တိမ်းရှောင် နေသူများ အနေဖြင့်လည်း ဒုက္ခ ပိုမို ခံစားနေကြရသည်ကို ဝမ်းနည်းစွာ တွေ့ရှိရပါသည်။ ကော်မရှင်သည် ကချင်ပြည် နယ် သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ နှစ်ကြိမ် တိုင် သွားရောက်ခဲ့ပြီး ရပ်ရွာ စွန့်ခွာ တိမ်းရှောင် သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီ ရရှိရေး အ တွက် သက်ဆိုင်ရာ များနှင့် ညှိနှိုင်း၍ ကူညီပံ့ပိုး ဆောင်ရွက်ပေး ခဲ့ပါသည်။ 

ထို့ပြင် အဆိုပါ ပဋိပက္ခနှင့် စပ်လျဉ်းသည့် ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ တွင်လည်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်သူများ မိမိရပ်ရွာ ပြန်လည် နေထိုင် နိုင်ရေး အတွက် ပြန်လည်ထူ ထောင်ရေး မပြုလုပ်မီ မိုင်းရှင်း လင်းရေး ပြုလုပ်ရန် လိုအပ် ကြောင်း၊ မိုင်းရှင်းလင်းရေး ပြုလုပ်ပါက လက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့ အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း၊ ရွာသားများကို မိုင်းအသိပညာပေးသင့်ကြောင်း၊ လက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် ကျေးရွာ လူထု အပေါ် မည်သို့သော အကြောင်းနှင့်မျှ လူ့အခွင့်အရေး ဖောက် ဖျက်ခြင်း မပြုရန်နှင့် တပ်သားသစ်များ အတင်း အဓမ္မ ခေါ်ယူစုဆောင်းခြင်း မပြုကြရန် လိုအပ်ကြောင်း၊ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လုံခြုံချောမွေ့စွာ ပို့ဆောင် ရေးနှင့် ရောက်ရှိရေးကို ကိုင်တွယ်ဖြေ ရှင်းရန် လိုအပ်ကြောင်းတို့ကို အလေးအနက် တိုက်တွန်းခဲ့ ပါသည်။ 

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေးကို ရည်မှန်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်း ပနေစဉ် ကာလအတွင်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေသူများ ခံစားနေရသည့် ဒုက္ခများ လျော့ပါးစေရေးနှင့် ငြိမ်းချမ်း ရေး ဆွေးနွေး မှုကို ပိုမိုအထောက်အကူ ဖြစ်စေရေး အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အကြံပြု တိုက်တွန်းထားသည့် အထက်ဖော်ပြပါ အချက်များကို လတ်တလော ဦးစားပေး အကောင် အထည် ဖော်ဆောင်သင့်ကြောင်း ထပ်လောင်း တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။

ခေတ်လူငယ် 

ဆင်းကဒ်ဈေး ထောင် ဂဏန်းဖြင့် ချထား ပေးပါက ဟန်းဆက် ဆိုင်များက အခမဲ့ပေးမည်

Posted by drmyochit Friday, March 29, 2013, under | No comments


နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့် အမှန်တကယ် ဈေးလျှော့ချ ပေးမည် ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခ မဲ့ပေးကာ ဟန်းဆက် များကိုသာ ဦးစားပေး ရောင်းချ သွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက် ဆုံး ထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ် လျှင် ကျပ် နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင် နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်း ဖုန်းများ ချထားပေးရန် စီ စဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

 “တကယ် သာ ထောင် ဂဏန်း လောက် နဲ့ ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက် ဝယ်တဲ့ သူကို ဆင်း ကဒ် အလကား ပေးတဲ့ ဈေးကွက် ဖော်ဆောင် သွားဖို့ ရှိတယ်။ ဟန်းဆက် ဆိုင် တော်တော် များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော် တို့လည်း လုပ်ဖြစ်မှာပါ ဟု ဗိုလ်အောင်ကျော် လမ်းရှိ Mobile Bank ဟန်းဆက် အရောင်း ဆိုင်မှ တာဝန်ခံ ကိုသော်ဇင်က ဆိုသည်။ ရန်ကုန်မြို့ တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများ စုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည် ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြ သော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်း အတည် အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေ အထားအရ လုပ်ဆောင် သွားရန် စောင့်ကြည့် နေဆဲဟု သိရသည်။ 

“အချို့ဆိုင် တွေ ကတော့ ဆင်းကဒ် အခမဲ့ ပေးဖို့ ပြင်ကြ ပေမယ့် ကျွန်တော် တို့ကတော့ လောလောဆယ် ဟန်းဆက် ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစား ပေး နေတာပါ။ နောက်တော့ ဈေးကွက် အနေအထားအရတော့ ပိုင်ရှင်က အစီစဉ် သစ် တစ်ခုခု စီစဉ် သွားမယ် ထင်တယ် ဟု New Moile ဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချ ပေးသွား မည်ဟု ဆိုသော်လည်း ပြင်ပ ဟန်းဆက် အရောင်း ဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရ သေးကြောင်းလည်း Mobile အရောင်း ဆိုင်များက ဆိုသည်။

 ထိုသို့ အများ ပြည်သူ လက်လှမ်း မီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွား မည်ဟု အ တည် ပြု သတင်း ထွက်ပေါ် ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင် စုဆောင်းမှု များကြောင့် ဟန်း ဆက် ဈေးကွက် အနည်းငယ် လှုပ်ခတ်မှု ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက် ပေါ်မည့် ဖုန်းလိုင်း စနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှု များကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်း နေသူ တစ်ဦးက ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက် ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။

 အရောင်းမြှင့် တင်ရေး သဘောနဲ့ သက် သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ် မှာပါ ဟု အဆိုပါ ပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြ ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြထား ပါသည်။

From: ခေတ်လူငယ် 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်