Saturday, March 30, 2013

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီးယား ကြေညာ

Posted by drmyochit Saturday, March 30, 2013, under | No comments

တောင်နှင့်မြောက် ကိုရီး ယားနှစ်နိုင်ငံ သည် ၁၉၅၀-၅၃  ခုနှစ်က ဖြစ်ပွား ခဲ့သည့် စစ်ပွဲအား အပစ် အခတ် ရပ်စဲ သည့် သဘော တူညီ ချက်ဖြင့် သာ ရပ်ဆိုင်း ထား ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ် ဆိုနိုင်ခြင်း မရှိသေးချေ။

တောင် ကိုရီးယားနှင့် စစ် ပွဲဖြစ် ပွားသည့် အနေ အထားသို့ ရောက် ရှိနေ ပြီဖြစ်ကြောင်း မြောက် ကိုရီး ယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာ လိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေး တင်းမာ မှုများ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် ကျင်း ပသည့် တောင် ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲ စစ်ရေးလေ့ ကျင့်မှု အတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲ လေယာဉ်များ တောင်ကို ရီးယား ကောင်းကင် ယံတွင် ပျံသန်း ပြခဲ့ပြီးနောက် မြောက် ကိုရီးယား ကလည်း ၎င်းတို့၏ တာဝေး ပစ် ဒုံးကျည် များကို ပစ်ခတ်ရန် အသင့် အနေ အထား အဖြစ် ပြင်ဆင် ထားခဲ့သည်။ 


တောင်နှင့်မြောက် ကိုရီးယားနှ စ်နိုင် ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲ သည့် သဘော တူညီ ချက်ဖြင့်သာ ရပ်ဆိုင်း ထား ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ် ဆိုနိုင်ခြင်း မရှိသေးချေ။ ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲ တည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ် သွားပြီ ဖြစ်ကြောင်း၊ ရန်စမှု တစ်စုံ တစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည် သွား စေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Source: Channel NewsAsia
Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်